သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံျခားကိုယ္စားလွယ္ေတြ ထပ္လာဖို႔ ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး ဖိတ္ေခၚ 


ထုိင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး Joseph Wu က ဗီြအိုေအနဲ႔ ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ သီးသန္႔အင္တာဗ်ဴး ။ (ၾသဂုတ္ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]


တိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi လာေရာက္ခဲ့တာအတြက္ တ႐ုတ္ဘက္က ျပင္းျပင္းထန္ထန္တု႔ံ႔ျပန္ေပမယ့္ ထိုင္ဝမ္ရဲ႕ လုပ္ေဆာင္မႈကို တားဆီးႏိုင္မွာမဟုတ္သလို ႏိုင္ငံရပ္ျခားကိုယ္စားလွယ္ေတြ ေနာက္ထပ္လာေရာက္ဖို႔ ဖိတ္ေခၚေၾကာင္း ထိုင္ဝမ္ ႏိုင္ငံျခားေရးဝန္ႀကီးက VOA ကို ေသာၾကာမွာ ေျပာပါတယ္။

အေမရိကန္ကိုယ္စားလွယ္လာေရာက္ခ်ိန္မွာ တ႐ုတ္က စစ္ေရးေလ့က်င့္မႈေတြနဲ႔ ထိုင္ဝမ္ေရလက္ၾကားရဲ႕ အေျခအေန မတည္ၿငိမ္ေအာင္လုပ္တယ္လို႔ ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီး Joseph Wu က VOA သီးသန္႔ေတြ႕ဆံုေမးျမန္းခ်ိန္မွာ အပစ္တင္ေဝဖန္လိုက္သလို ဒါဟာ ထိုင္ဝမ္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒကို ေျပာင္းလဲေစမွာ မဟုတ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

အႀကီးတန္း ၿဗိတိန္လႊတ္ေတာ္အမတ္ေတြပါဝင္တဲ့ ကိုယ္စားလွယ္အဖြဲ႔ဟာ ဒီႏွစ္ကုန္ေလာက္မွာ ထိုင္ဝမ္ကို သြားေရာက္ဖို႔ စီစဥ္ေနတယ္လို႔ Guardian သတင္းမွာ ေဖၚျပထားသလို အေမရိကန္ ေအာက္လႊတ္ေတာ္ လူနည္းစုအမတ္ေခါင္းေဆာင္ Kevin McCarthy ကလည္း တကယ္လို႔ ႏိုဝင္ဘာၾကားျဖတ္ေရြးေကာက္ပြဲမွာ သူ႔ရီပတ္ဘလစ္ကင္ပါတီ အႏိုင္ရရင္ ေအာက္လႊတ္ေတာ္ ဥကၠ႒အေနနဲ႔ သူ ထိုင္ဝမ္ကို သြားမွာျဖစ္ေၾကာင္း မၾကာေသးခင္ကပဲ ေျပာၾကားခဲ့တာပါ။

ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ ထိုင္ဝမ္ကို ေထာက္ခံပံ့ပိုးဖို႔ လာေရာက္မယ့္ သူ အားလံုးကို ႀကိဳဆိုေၾကာင္း ေျပာပါတယ္။

အေမရိကန္လႊတ္ေတာ္အမတ္ေတြ ထိုင္ဝမ္ကို သြားေလ့ရွိေပမယ့္ အခု Pelosi ရဲ႕ ခရီးစဥ္ကေတာ့ ႏွစ္ေပါင္းအစိတ္အတြင္း ပထမဆံုး အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠ႒ သြားေရာက္တာ ျဖစ္ပါတယ္။ ထိုင္ဝမ္ကို တ႐ုတ္ႏိုင္ငံပိုင္နက္အျဖစ္ သတ္မွတ္ထားတဲ့ တ႐ုတ္ဘက္ကေတာ့ ဒါဟာ သူတို႔ရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ ဆိုင္မႈကို ခ်ိဳးေဖါက္တာအျဖစ္ ရႈျမင္ေနသလို စစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့တာပါ။

တ႐ုတ္ဘက္က ဒီသီတင္းပတ္အေစာပိုင္းမွာ စစ္ေရးေလ့က်င့္မႈေတြ အဆံုးသတ္ၿပီလို႔ ေၾကညာေနေပမယ့္ တ႐ုတ္နဲ႔ထိုင္ဝမ္ ၾကား ၾကားခံလိုင္းအျဖစ္ သတ္မွတ္ထားတဲ့ ထုိင္ဝမ္ေရလက္ၾကားမွာ တ႐ုတ္က ဂ်က္တိုက္ေလယာဥ္ေတြ ဆက္လက္ ပ်ံသန္းေနဆဲ ျဖစ္တယ္လို႔ ထိုင္ဝမ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]


နိုင်ငံခြားကိုယ်စားလှယ်တွေ ထပ်လာဖို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဖိတ်ခေါ်

တိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi လာရောက်ခဲ့တာအတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်ပေမယ့် ထိုင်ဝမ်ရဲ့ လုပ်ဆောင်မှုကို တားဆီးနိုင်မှာမဟုတ်သလို နိုင်ငံရပ်ခြားကိုယ်စားလှယ်တွေ နောက်ထပ်လာရောက်ဖို့ ဖိတ်ခေါ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက VOA ကို သောကြာမှာ ပြောပါတယ်။

အမေရိကန်ကိုယ်စားလှယ်လာရောက်ချိန်မှာ တရုတ်က စစ်ရေးလေ့ကျင့်မှုတွေနဲ့ ထိုင်ဝမ်ရေလက်ကြားရဲ့ အခြေအနေ မတည်ငြိမ်အောင်လုပ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က VOA သီးသန့်တွေ့ဆုံမေးမြန်းချိန်မှာ အပစ်တင်ဝေဖန်လိုက်သလို ဒါဟာ ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲစေမှာ မဟုတ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အကြီးတန်း ဗြိတိန်လွှတ်တော်အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနှစ်ကုန်လောက်မှာ ထိုင်ဝမ်ကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ Guardian သတင်းမှာ ဖေါ်ပြထားသလို အမေရိကန် အောက်လွှတ်တော် လူနည်းစုအမတ်ခေါင်းဆောင် Kevin McCarthy ကလည်း တကယ်လို့ နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲမှာ သူ့ရီပတ်ဘလစ်ကင်ပါတီ အနိုင်ရရင် အောက်လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ သူ ထိုင်ဝမ်ကို သွားမှာဖြစ်ကြောင်း မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်ဝမ်ကို ထောက်ခံပံ့ပိုးဖို့ လာရောက်မယ့် သူ အားလုံးကို ကြိုဆိုကြောင်း ပြောပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေ ထိုင်ဝမ်ကို သွားလေ့ရှိပေမယ့် အခု Pelosi ရဲ့ ခရီးစဉ်ကတော့ နှစ်ပေါင်းအစိတ်အတွင်း ပထမဆုံး အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ သွားရောက်တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်ဘက်ကတော့ ဒါဟာ သူတို့ရဲ့ အချုပ်အခြာအာဏာပိုင် ဆိုင်မှုကို ချိုးဖေါက်တာအဖြစ် ရှုမြင်နေသလို စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။

တရုတ်ဘက်က ဒီသီတင်းပတ်အစောပိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ပြီလို့ ကြေညာနေပေမယ့် တရုတ်နဲ့ထိုင်ဝမ် ကြား ကြားခံလိုင်းအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်က ဂျက်တိုက်လေယာဉ်တွေ ဆက်လက် ပျံသန်းနေဆဲ ဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

XS
SM
MD
LG