သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းမွာက်င္းပမယ့္ ကာကြယ္ေရးဆိုင္ရာျပပြဲ ျမန္မာကိုမဖိတ္ဖို႔ ကန႔္ကြက္


လူေနတုိက္ခန္းေတြဖက္ေသနတ္နဲ႔ခ်ိန္ေနၾကတဲ့ ျမန္မာရဲတပ္ဖြဲ႔၀င္မ်ား၊ မတ္ ၄၊ ၂၀၂၁။

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပမယ့္ GML Exhibition ကုမၸဏီရဲ႕ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာျပပြဲကို ျမန္မာစစ္ေကာင္စီ အရာရွိေတြကိုမဖိတ္ဖို႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြက ကန႔္ကြက္ေတာင္းဆိုေနပါတယ္။

ၾသဂုတ္လ ၂၉ ရက္ေန႔က စက္တင္ဘာ ၁ ရက္ေန႔အထိ ဘန္ေကာက္ၿမိဳ႕အနီး Muang Thong Thani မွာ လက္နက္ျပပြဲနဲ႔အတူ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးဆိုင္ရာ ေဆြးေႏြးပြဲေတြ၊ နည္းပညာသစ္ဆိုင္ရာ ႏွီးေႏွာဖလွယ္ ရွင္းလင္းပြဲေတြ က်င္းပမယ့္ အစီအစဥ္ကို ထိုင္း ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေထာက္ခံအားေပးမႈ နဲ႔ GML Exhibition ကုမၸဏီက က်င္းပမွာျဖစ္ပါတယ္။ ထိုင္းအစိုးရ၊ ထိုင္းကာကြယ္ေရးဝန္ႀကီးဌာနက တရားဝင္ စီစဥ္က်င္းပတာမဟုတ္ေပမဲ့ ႏိုင္ငံတကာနဲ႔ အာဆီယံေဒသက ၾကည္း၊ ေရ၊ ေလ စစ္တပ္အႀကီးအကဲေတြကို ဖိတ္ၾကားထားတဲ့ ကာကြယ္ေရးဆိုင္ရာ ျပပြဲျဖစ္ပါတယ္။

GML Exhibition ကုမၸဏီရဲ႕ ျပပြဲဆိုေပမဲ့လည္း အာဆီယံရဲ႕ မူအတိုင္း ျမန္မာစစ္ေကာင္စီဘက္က ႏိုင္ငံေရးအရ ကိုယ္စားျပဳတဲ့ စစ္တပ္အႀကီးအကဲေတြကို မဖိတ္ၾကားဖို႔ အာရွ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕က တိုက္တြန္းေနတာပါ။ အခုအထိေတာ့ ကာကြယ္ေရးဆိုင္ရာ ေဆြးေႏြးပြဲေတြကို တက္ေရာက္မယ့္ တရားဝင္ထုတ္ျပန္တဲ့ စာရင္းမွာ ျမန္မာႏိုင္ငံ ပါဝင္ျခင္း မရွိသလို ျမန္မာႏိုင္ငံဘက္က ဘယ္သူ တက္ေရာက္မယ္ဆိုတာလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

ျမန္မာ့အေရး လႈပ္ရွား ေဆာင္႐ြက္ေနတဲ့ Justice for Myanmar အဖြဲ႕ကေတာ့ လက္နက္ျပပြဲနဲ႔ နည္းပညာ ေဆြးေႏြးပြဲအားလုံးမွာ ျမန္မာစစ္ေကာင္စီကို မဖိတ္ ၾကားဖို႔ ျမန္မာ့အေရးလႈပ္ရွားေဆာင္႐ြက္ေနတဲ့ Justice for Myanmar အဖြဲ႔ကလည္း တိုက္တြန္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

[[Unicode]]


ထိုင်းမှာကျင်းပမယ့် ကာကွယ်ရေးဆိုင်ရာပြပွဲ မြန်မာကိုမဖိတ်ဖို့ ကန့်ကွက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် GML Exhibition ကုမ္ပဏီရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာပြပွဲကို မြန်မာစစ်ကောင်စီ အရာရှိတွေကိုမဖိတ်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကန့်ကွက်တောင်းဆိုနေပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့က စက်တင်ဘာ ၁ ရက်နေ့အထိ ဘန်ကောက်မြို့အနီး Muang Thong Thani မှာ လက်နက်ပြပွဲနဲ့အတူ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ၊ နည်းပညာသစ်ဆိုင်ရာ နှီးနှောဖလှယ် ရှင်းလင်းပွဲတွေ ကျင်းပမယ့် အစီအစဉ်ကို ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ခံအားပေးမှု နဲ့ GML Exhibition ကုမ္ပဏီက ကျင်းပမှာဖြစ်ပါတယ်။ ထိုင်းအစိုးရ၊ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် စီစဉ်ကျင်းပတာမဟုတ်ပေမဲ့ နိုင်ငံတကာနဲ့ အာဆီယံဒေသက ကြည်း၊ ရေ၊ လေ စစ်တပ်အကြီးအကဲတွေကို ဖိတ်ကြားထားတဲ့ ကာကွယ်ရေးဆိုင်ရာ ပြပွဲဖြစ်ပါတယ်။

GML Exhibition ကုမ္ပဏီရဲ့ ပြပွဲဆိုပေမဲ့လည်း အာဆီယံရဲ့ မူအတိုင်း မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ စစ်တပ်အကြီးအကဲတွေကို မဖိတ်ကြားဖို့ အာရှ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်တွန်းနေတာပါ။ အခုအထိတော့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်မယ့် တရားဝင်ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာနိုင်ငံ ပါဝင်ခြင်း မရှိသလို မြန်မာနိုင်ငံဘက်က ဘယ်သူ တက်ရောက်မယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့ကတော့ လက်နက်ပြပွဲနဲ့ နည်းပညာ ဆွေးနွေးပွဲအားလုံးမှာ မြန်မာစစ်ကောင်စီကို မဖိတ် ကြားဖို့ မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေတဲ့ Justice for Myanmar အဖွဲ့ကလည်း တိုက်တွန်းနေပါတယ်။

XS
SM
MD
LG