သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းဆိုက္ေရာက္ဗီဇာ တခ်ဳိ႕ႏိုင္ငံေတြကို ရက္တိုးေပး 


ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ သုဝဏၰဘုမၼိေလဆိပ္ ႏုိင္ငံျခားခရီးသည္မ်ားဆိုက္ေရာက္ဗီဇာစစ္ေဆးဂိတ္ျမင္ကြင္း။ (ႏိုဝင္ဘာ ၂၁၊ ၂၀၂၁) 


[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံကိုလာေရာက္မယ့္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူညီထားတဲ့ႏိုင္ငံေတြက ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ အရင္ ရက္ ၃၀ ေပးထားရင္ အခု ၄၅ ရက္အထိ ေနထိုင္ခြင့္တိုးေပးဖို႔ ထိုင္း ျပည္ထဲေရးဝန္ႀကီးဌာနက မေန႔က ဆုံးျဖတ္လိုက္ပါတယ္။ ဒီခြင့္ျပဳခ်က္အရ ႏိုင္ငံေပါင္း ၆၄ ႏိုင္ငံက ခရီးသည္ေတြကို လာမယ့္ ေအာက္တိုဘာ ၁ ရက္ေန႔ကစၿပီး ထိုင္းႏိုင္ငံထဲမွာ လာေရာက္ခြင့္ သက္တမ္းတိုးေပးလိုက္တာျဖစ္ပါတယ္။

အရင္က ဆိုက္ေရာက္ဗီဇာ ၁၅ ရက္ရတဲ့ ႏိုင္ငံသားေတြကို ရက္ ၃၀ အထိ တိုးေပးလိုက္တာျဖစ္ၿပီး ရက္ ၃၀ ရၿပီးသား သူေတြကို ၄၅ ရက္ အထိ ေနထိုင္ခြင့္တိုး ေပးလိုက္တာပါ။ ဒါေပမယ့္လည္း ျမန္မာ နဲ႔ ကေမာၻဒီးယား ၂ ႏိုင္ငံကိုေတာ့ အရင္က ဆိုက္ေရာက္ဗီဇာ ခြင့္ျပဳထားတဲ့ ၁၄ ရက္ပဲ ေနထိုင္ခြင့္ေပးထားပါတယ္။

ဒါ႔အျပင္ ကိုဗစ္ 19 ေရာဂါ ကို ျပည္ဝင္ခြင့္တားျမစ္မယ့္ ေရာဂါစာရင္းက ထိုင္းဝန္ႀကီးဌာနက ပယ္ဖ်က္ လိုက္ပါတယ္။ ကိုဗစ္ 19 ေရာဂါခံစားေနရတဲ့ ခရီးသည္ကိုလည္း ထိုင္းႏိုင္ငံထဲကို ျပည္ဝင္ခြင့္ရႏိုင္မယ့္ သတ္မွတ္ခ်က္ျဖစ္ပါတယ္။ အခုအခ်ိန္အထိေတာ့ ထိုင္းႏိုင္ငံထဲကို လာမယ္ဆိုရင္ ကိုဗစ္ ကာကြယ္ေဆးထိုးထားတဲ့ သက္ေသခံ အေထာက္အထား၊ ေဆးထိုးမထားရင္လည္း ေရာဂါမရွိေၾကာင္း ၇၂ နာရီအတြင္း စမ္းသပ္ထားတဲ့အေျဖ ျပရပါတယ္။

ကမာၻလွည့္ခရီးသည္အမ်ားအျပားဝင္ေရာက္ေနခ်ိန္မွာ ထိုင္းႏိုင္ငံဘက္က ကမာၻလွည့္ ခရီးသြားေတြကို ဆိုက္ေရာက္ဗီဇာ သက္တမ္းထပ္တိုးေပးတာျဖစ္ပါတယ္။ ဒီလ တလတည္းမွာ ခရီးသည္ တသန္း ဝင္ေရာက္လာၿပီး ၂၀၂၂ ခုႏွစ္အတြင္း ခရီးသည္ ငါးသန္း ထိုင္းႏိုင္ငံကိုဝင္ေရာက္ခဲ့ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============
[[Unicode]]

ထိုင်းဆိုက်ရောက်ဗီဇာ တချို့နိုင်ငံတွေကို ရက်တိုးပေး

ထိုင်းနိုင်ငံကိုလာရောက်မယ့် ဗီဇာကင်းလွတ်ခွင့် သဘောတူညီထားတဲ့နိုင်ငံတွေက ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ အရင် ရက် ၃၀ ပေးထားရင် အခု ၄၅ ရက်အထိ နေထိုင်ခွင့်တိုးပေးဖို့ ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒီခွင့်ပြုချက်အရ နိုင်ငံပေါင်း ၆၄ နိုင်ငံက ခရီးသည်တွေကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံထဲမှာ လာရောက်ခွင့် သက်တမ်းတိုးပေးလိုက်တာဖြစ်ပါတယ်။

အရင်က ဆိုက်ရောက်ဗီဇာ ၁၅ ရက်ရတဲ့ နိုင်ငံသားတွေကို ရက် ၃၀ အထိ တိုးပေးလိုက်တာဖြစ်ပြီး ရက် ၃၀ ရပြီးသား သူတွေကို ၄၅ ရက် အထိ နေထိုင်ခွင့်တိုး ပေးလိုက်တာပါ။ ဒါပေမယ့်လည်း မြန်မာ နဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံကိုတော့ အရင်က ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားတဲ့ ၁၄ ရက်ပဲ နေထိုင်ခွင့်ပေးထားပါတယ်။

ဒါ့အပြင် ကိုဗစ် 19 ရောဂါ ကို ပြည်ဝင်ခွင့်တားမြစ်မယ့် ရောဂါစာရင်းက ထိုင်းဝန်ကြီးဌာနက ပယ်ဖျက် လိုက်ပါတယ်။ ကိုဗစ် 19 ရောဂါခံစားနေရတဲ့ ခရီးသည်ကိုလည်း ထိုင်းနိုင်ငံထဲကို ပြည်ဝင်ခွင့်ရနိုင်မယ့် သတ်မှတ်ချက်ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ထိုင်းနိုင်ငံထဲကို လာမယ်ဆိုရင် ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့ သက်သေခံ အထောက်အထား၊ ဆေးထိုးမထားရင်လည်း ရောဂါမရှိကြောင်း ၇၂ နာရီအတွင်း စမ်းသပ်ထားတဲ့အဖြေ ပြရပါတယ်။

ကမ္ဘာလှည့်ခရီးသည်အများအပြားဝင်ရောက်နေချိန်မှာ ထိုင်းနိုင်ငံဘက်က ကမ္ဘာလှည့် ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ သက်တမ်းထပ်တိုးပေးတာဖြစ်ပါတယ်။ ဒီလ တလတည်းမှာ ခရီးသည် တသန်း ဝင်ရောက်လာပြီး ၂၀၂၂ ခုနှစ်အတွင်း ခရီးသည် ငါးသန်း ထိုင်းနိုင်ငံကိုဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG