သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္း ေရငုပ္သေဘၤာတည္ေဆာက္ေရး တ႐ုတ္ ရပ္ဆိုင္း 


Thai Royal Navy

[[Zawgyi/Unicode]]

ထိုင္းေရတပ္အတြက္ တိုက္ခိုက္ေရး ေရငုပ္သေဘၤာတစင္း တ႐ုတ္က တည္ေဆာက္ေပးေနတာမွာ လိုအပ္တဲ့ အဆင့္ျမင့္ အင္ဂ်င္ေတြေပးပို႔ဖို႔ ဂ်ာမနီႏုိင္ငံက ျငင္းလိုက္တဲ့အတြက္ တည္ေဆာက္ေရးလုပ္ငန္းကို တ႐ုတ္က ရပ္ထားလိုက္တယ္လို႔ ထိုင္း ေရတပ္ တာဝန္ရွိသူတဦးက အတည္ျပဳေျပာဆိုပါတယ္။

အခုလို ေရငုပ္သေဘၤာတည္ေဆာက္ေရးလုပ္ငန္း ရပ္လိုက္ရတာေၾကာင့္ ထိုင္းနဲ႔ တ႐ုတ္ၾကား စစ္ဘက္ဆက္ဆံေရးမွာ အဖုအထစ္ျဖစ္လာႏုိင္ပါတယ္။ ထုိင္းႏိုင္္ငံဟာ အရင္က အေမရိကန္ကေန စစ္လက္နက္ပစၥည္း အမ်ားဆံုး ဝယ္ယူခဲ့ေပမယ့္ ေနာက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံကေန အမ်ားဆံုး ဝယ္ယူလာေနတာပါ။

အေမရိကန္ေဒၚလာ ၄၀၂ သန္း ေပးရမယ့္ Yuan အမ်ဳိးအစား S26T ေရငုပ္သေဘၤာတစင္း တည္ေဆာက္ေရးအတြက္ ထိုင္း ေတာ္ဝင္ေရတပ္ဖြဲ႔နဲ႔ တ႐ုတ္ႏုိင္ငံပိုင္ သေဘၤာတည္ ေဆာက္ေရးလုပ္ငန္း CSOC တို႔အၾကား ၂၀၁၇ ခုႏွစ္က သေဘာတူညီခ်က္ လက္မွတ္ ထိုးခဲ့တာျဖစ္ၿပီး ေရငုပ္သေဘၤာကို ေပးပို႔ရမယ့္ ကနဦး ရက္သတ္မွတ္ခ်က္က ေနာက္ႏွစ္ကုန္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ထုိင္းႏုိင္္ငံအတြက္ ပထမဆံုးေရငုပ္သေဘၤာ တည္ေဆာက္ေရးလုပ္ငန္းေတြ ရပ္ဆိုင္းေနတဲ့အေၾကာင္း အမည္ မေဖာ္တဲ့ ထိုင္းေရတပ္ သတင္းရင္းျမစ္ကို ကိုးကားၿပီး ထုိင္းသတင္းမီဒီယာေတြက ေဖေဖာ္ဝါရီလမွာ ေဖာ္ျပခဲ့ၾကပါတယ္။

ထိုင္းေရတပ္၊ စစ္လက္နက္ပစၥည္းဝယ္ယူေရးဆိုင္ရာ စီမံခန္႔ခြဲေရး႐ံုး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ထိုင္းေရတပ္ဗိုလ္ခ်ဳပ္ႀကီး Apichai Sompolgrunk က ေရငုပ္သေဘၤာ ေနာက္ႏွစ္မွာ ေရာက္လာႏုိင္ေျခမရွိဘူးဆိုတာ ဗြီအိုေအကို အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

အင္ဂ်င္ အၿပီးမသတ္ေသးတဲ့အတြက္ ေရငုပ္သေဘၤာ တည္ေဆာက္ေရးလုပ္ငန္းေတြ ရပ္ေနပါတယ္လုိ႔ ဗိုလ္ခ်ဳပ္ႀကီး Apichai ကေျပာပါတယ္။

#ထိုင္းေရငုပ္သေဘၤာ #YuanS26T #VOABurmese

===========

[[Unicode]]

ထိုင်း ရေငုပ်သင်္ဘောတည်ဆောက်ရေး တရုတ် ရပ်ဆိုင်း

ထိုင်းရေတပ်အတွက် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစင်း တရုတ်က တည်ဆောက်ပေးနေတာမှာ လိုအပ်တဲ့ အဆင့်မြင့် အင်ဂျင်တွေပေးပို့ဖို့ ဂျာမနီနိုင်ငံက ငြင်းလိုက်တဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းကို တရုတ်က ရပ်ထားလိုက်တယ်လို့ ထိုင်း ရေတပ် တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

အခုလို ရေငုပ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်း ရပ်လိုက်ရတာကြောင့် ထိုင်းနဲ့ တရုတ်ကြား စစ်ဘက်ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်လာနိုင်ပါတယ်။ ထိုင်းနိုင်ငံဟာ အရင်က အမေရိကန်ကနေ စစ်လက်နက်ပစ္စည်း အများဆုံး ဝယ်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ တရုတ်နိုင်ငံကနေ အများဆုံး ဝယ်ယူလာနေတာပါ။

အမေရိကန်ဒေါ်လာ ၄၀၂ သန်း ပေးရမယ့် Yuan အမျိုးအစား S26T ရေငုပ်သင်္ဘောတစင်း တည်ဆောက်ရေးအတွက် ထိုင်း တော်ဝင်ရေတပ်ဖွဲ့နဲ့ တရုတ်နိုင်ငံပိုင် သင်္ဘောတည် ဆောက်ရေးလုပ်ငန်း CSOC တို့အကြား ၂၀၁၇ ခုနှစ်က သဘောတူညီချက် လက်မှတ် ထိုးခဲ့တာဖြစ်ပြီး ရေငုပ်သင်္ဘောကို ပေးပို့ရမယ့် ကနဦး ရက်သတ်မှတ်ချက်က နောက်နှစ်ကုန်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံအတွက် ပထမဆုံးရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အကြောင်း အမည် မဖော်တဲ့ ထိုင်းရေတပ် သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းမီဒီယာတွေက ဖေဖော်ဝါရီလမှာ ဖော်ပြခဲ့ကြပါတယ်။

ထိုင်းရေတပ်၊ စစ်လက်နက်ပစ္စည်းဝယ်ယူရေးဆိုင်ရာ စီမံခန့်ခွဲရေးရုံး ညွှန်ကြားရေးမှူးချုပ် ထိုင်းရေတပ်ဗိုလ်ချုပ်ကြီး Apichai Sompolgrunk က ရေငုပ်သင်္ဘော နောက်နှစ်မှာ ရောက်လာနိုင်ခြေမရှိဘူးဆိုတာ ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

အင်ဂျင် အပြီးမသတ်သေးတဲ့အတွက် ရေငုပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်နေပါတယ်လို့ ဗိုလ်ချုပ်ကြီး Apichai ကပြောပါတယ်။

#ထိုင်းရေငုပ်သင်္ဘော #YuanS26T #VOABurmese

===========

XS
SM
MD
LG