သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲနဲ့ မူးယစ်ဂိုဏ်းဝင်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်


ထိုင်းမြန်မာနယ်စပ်၊ ချင်းမိုင်ပြည်နယ်၊ မယ့်စွန်ကျေးရွာအုပ်စုနားမှာ မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါးသယ်တဲ့အဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ပြီး စိတ်ကြွဆေး ၆ သန်းနီးပါးနဲ့အတူ ၁၅ ဦးအသေဖမ်းမိပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့၊ ဒီဇင်ဘာလ ၇ ၊ ၂၀၂၂)
ထိုင်းမြန်မာနယ်စပ်၊ ချင်းမိုင်ပြည်နယ်၊ မယ့်စွန်ကျေးရွာအုပ်စုနားမှာ မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါးသယ်တဲ့အဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ပြီး စိတ်ကြွဆေး ၆ သန်းနီးပါးနဲ့အတူ ၁၅ ဦးအသေဖမ်းမိပုံ။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့၊ ဒီဇင်ဘာလ ၇ ၊ ၂၀၂၂)


[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ်မှာ စိတ်ကြွဆေးပြား ငါးသန်းကျော်သယ်ဆောင်လာတဲ့ မူးယစ်ဂိုဏ်းဝင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေကြား ဒီဇင်ဘာလ (၇) ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ မူးယစ်ဂိုဏ်းဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ကာလတန်းဖိုးဘတ်ငွေသန်း ၂ ထောင်ဖိုးလောက်ရှိတဲ့ မူးယစ်ဆေးတွေလည်းဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် ဖန်မြို့နယ်က မယ့်စွန်ကျေးရွာအုပ်စုအနီးက တောင်တန်းမှာ ဒီဇင်ဘာလ (၇) ရက်နေ့ညနေပိုင်းမှာ ထိုင်းနယ်ခြားစောင့်အမှတ် (၃) တပ်ရင်း တပ်စု ၃၂၀၇ နဲ့ မူးယစ်မှောင်ခို ဂိုဏ်းဝင်များကြား နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ထိုင်းနယ်ခြားစောင့်တပ်တွေဟာ ကင်းလှည့် စောင့်ကြည့်နေတဲ့အချိန်မှာ မူးယစ်ဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင် ၄၀ လောက်နဲ့ ထိတ်တိုက်တွေခဲ့ပြီး စတင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီတောလမ်းဟာ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေလာတဲ့လမ်းဖြစ်တာကြောင့် နယ်ခြားစောင့်တပ်က စောင့်ကြည့်နေတာဖြစ်ပါတယ်။

နှစ်ဘက်ကြား မိနစ်အတော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး မူးယစ်လက်နက်ကိုင်အဖွဲ့ဟာ မြန်မာပြည်ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ထိုင်းနယ်ခြားစောင့်တပ်ဘက်ကပြောပါတယ်။ ထိုင်းတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို ရှင်းလင်းရှာဖွေခဲ့ရာမှာ မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ လက်နက်ကိုင် ၁၅ ဦးဟာ ထိုင်းစစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးနေတာတွေ့ရပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကတော့ ဒဏ်ရာရသူမရှိဘူးလို့ အမှတ် (၃) ဒေသတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

လူသေအလောင်း ၁၅ လောင်းနဲ့အတူတွေ့ရတဲ့ ကျောပိုးအိတ် ၂၉ လုံးထဲမှာ စိတ်ကြွဆေးပြားပေါင်း (ငါးသန်း၊ ရှစ်သိန်း) နဲ့ လက်နက်တွေ၊ လက်ပစ်ဗုံးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ဒီနေ့ ဘန်ကောက်မြို့ မူးယစ်နှိမ်နင်းရေးဗျူရိုမှာ ကျင်းပခဲ့တဲ့အစည်းအဝေးမှာ တရားရေးဌာနဝန်ကြီး နိုင်စုန်ဆပ် ထေ့စူတင် (Mr. Somsak Thepsutin) က အခုလို့ပြောသွားပါတယ်။

မူးယစ်နှိမ်နင်းရေးမှာ ပြည်သူတွေက ဝိုင်းဝန်းကူညီသတင်းပေးဖို့နဲ့ ဖမ်းမိတဲ့မူးယစ်ဆေးပမာဏရဲ့ကာလတန်ဖိုးငွေ ၅ ရာခိုင်နှုံးကို သတင်းပေးသူကို ပြန်လည်ချီးမြှင့်မှာဖြစ်ပြီး သတင်းပေးသူရဲ့လုံခြုံရေးကိုပါတာဝန်ယူတယ်လို့ ပြောသွားပါတယ်။ မူးယစ်မှောင်ခိုသမားတွေ မူးယစ်ရောင်းဝယ်သူတွေကို တွေ့ရင်သတင်းပေးကြဖို့ကိုလည်း နှိုးဆော်သွာပါတယ်။

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ တောင်တန်းနေရာဟာ မြန်မာနယ်စပ်နဲ့ ၆ ကီလိုမီတာလောက်သာကွာဝေးပြီး တပတ်အတွင်း တတိယအကြိမ်မြောက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း မူးယစ်ဆေးသယ်ဆောင်တဲ့သူတွေနဲ့ထိုင်းစစ်တပ်အကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပေမဲ့ အသေအပျောက်မရှိခဲ့ဖူးဘဲ မူးယစ်ဆေးတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုတကြိမ်ကတော့ မူးယစ်နိမ်နင်းရေးကာလအတွင်း မူးယစ် လက်နက်ကိုင်တွေ အများဆုံးသေဆုံးခဲ့တဲ့ ထိတွေ့တိုက်ပွဲလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]








=================

XS
SM
MD
LG