[[Zawgyi/Unicode]]
ထိုင္း- ျမန္မာ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးမွာ အဓိကက်တဲ့ အာရွလမ္းမႀကီးရဲ႕ ကရင္ျပည္နယ္ ေကာ့ကရိတ္နဲ႔ ျမဝတီလမ္းပိုင္း ေနရာတခ်ိဳ႕မွာ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ KNLA နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲေတြျဖစ္ေနၿပီး ကုန္နဲ႔ခရီးသည္ယာဥ္ အမ်ားအျပား ပိတ္ဆို႔ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ယာဥ္ေၾကာပိတ္ဆို႔တဲ့အထဲမွာပါတဲ့ သက္ႀကီး႐ြယ္အိုနဲ႔ ကေလး ၁၀၀ နီးပါးကို လူမႈကူညီေရး အဖြဲ႕ေတြက ေစာင့္ေရွာက္ေပးထားရပါတယ္။ အာရွလမ္းမေပၚက တိုက္ပြဲအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။။
အာရွလမ္းမႀကီးရဲ႕ ေကာ့ကရိတ္- ျမဝတီ လမ္းပိုင္း၊ ေတာေနာေရတံခြန္ အနီးတဝိုက္မွာ KNLA နဲ႔ ျမန္မာစစ္တပ္ေတြ တိုက္ပြဲျဖစ္ပြားေနတာပါ။ ဒီေန႔ ေအာက္တိုဘာ ၁၉ ရက္ ညေနပိုင္းအထိ ဒီလမ္းေပၚမွာ ကားအစီးေရ ၅၀၀ ေလာက္ ပိတ္ဆို႔ေနတယ္လို႔ လူမႈကူညီေရးအဖြဲ႕ေတြ၊ ေဒသခံေတြက ဗြီအိုေအကို ေျပာပါတယ္။ မေန႔က ေန႔လယ္ပိုင္းကတည္းက တိုက္ပြဲျပန္ျဖစ္ေနတဲ့အတြက္ သက္ႀကီး႐ြယ္အိုနဲ႔ ကေလးေတြကို ကူညီထားရေၾကာင္း ပုလဲျဖဴလူမႈကူညီေရးရဲ႕ ဥကၠ႒ ဦးလွေ႐ႊက ေျပာပါတယ္။ ေကာ့ကရိတ္ၿမိဳ႕ဘက္မွာ ယာဥ္အစီးေရ ၂၀၀ ခန႔္နဲ႔ ျမဝတီၿမိဳ႕ဘက္ မွာေတာ့ ယာဥ္အစီးေရ ၂၀၀ ထက္မနည္း ပိတ္ဆို႔သြားတယ္လို႔လည္း သူကေျပာပါတယ္။
" ႏွစ္ဘက္တိုက္ပြဲ ဟိုနည္းနည္း သည္နည္းနည္းေတာ့ ျဖစ္ေနတယ္။ ဒါေပမယ့္ ယာဥ္ေၾကာ အသြားအလာေတာ့ လုံးဝလုံးဝ မရွိပါဘူးခင္ဗ်။ ရပ္တန႔္သြားတယ္ ခင္ဗ်။ က်ေနာ္တို႔႐ုံးမွာ ခရီးသည္ေတြ၊ သက္ႀကီးေတြ၊ ကေလးငယ္ေတြ အားလုံး လက္ခံထားပါတယ္။ အိပ္ခြင့္လည္း ေပးထားပါတယ္။ ညတုန္းကေတာ့ ၈၀ ေက်ာ္ တယ္။ ဒီညေတာ့ အေယာက္ဘယ္ေလာက္ ေရာက္မလဲေတာ့ မသိဘူး။"
ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA နဲ႔အတူ တျခားပူးေပါင္း လက္နက္ကိုင္ အဖြဲ႕ေတြလည္း ျမန္မာစစ္တပ္နဲ႔ ျဖစ္ပြားတဲ့ တိုက္ပြဲမွာပါဝင္ေၾကာင္း ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ထိုင္းကုန္စည္ေတြနဲ႔ ျမဝတီဘက္က ဆင္းသြားတဲ့ကုန္ကားေတြေရာ ျမဝတီဘက္ကို တက္သြားတဲ့ ကုန္ကားေတြပါ လက္နက္ကိုင္အဖြဲ႕ေတြက လုံၿခဳံေရးအရ ျဖတ္သန္းသြားလာခြင့္ ယာယီပိတ္ထားေၾကာင္း ျမဝတီက လုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။
" အခုလက္ရွိ ျဖစ္ေနတဲ့ေနရာက လုံးဝ အေရးပါတဲ့ေနရာ၊ အရင္လမ္းေဟာင္းက လုံးဝအသုံးျပဳခြင့္ မေပးထားဘူးေလ။ က်ေနာ္တို႔ ဒီလမ္းသစ္ကပဲ သြားလာေနရတာခင္ဗ်။ အခုလက္ရွိ သူတို႔ အဲဒီမွာ ပစ္ခတ္ေနတဲ့အခါက်ေတာ့ ကုန္စည္ေတြက ေအာက္ကဟာလည္း အေပၚတက္လို႔မရသလို အေပၚကလည္း ေအာက္ကိုဆင္းလို႔မရဘူး။ အကုန္လုံး ေကာ့ကရိတ္မွာ ပိတ္မိေနတာေလ။"
အခုတိုက္ပြဲျဖစ္တဲ့ေနရာဟာ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU/KNLA တပ္မဟာ (၆) ထိန္းခ်ဳပ္ထားတဲ့ ေနရာ ျဖစ္ပါတယ္။ မၾကာခဏဆိုသလို ဒီလမ္းပိုင္းေပၚမွာ တိုက္ပြဲျဖစ္ပြားေလ့ရွိၿပီး ယာဥ္အသြားအလာနဲ႔ ကူးသန္းေရာင္းဝယ္ေရး ပိတ္ဆို႔ခဲ့တာလည္း ရွိပါတယ္။ ဒီေန႔ ေန႔လည္ ၁၂ နာရီေလာက္မွာ ခရီးသည္တင္ ယာဥ္ငယ္ေတြကို လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕က ၄၅ မိနစ္ေလာက္ ျဖတ္သန္းခြင့္ျပဳခဲ့ၿပီး ကုန္တင္ယာဥ္ အႀကီးေတြကိုေတာ့ ျဖတ္သန္းခြင့္ ယာယီပိတ္ထားေၾကာင္း လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။
===========
[[Unicode]]
တိုက်ပွဲဖြစ်နေတဲ့ကရင်ပြည်နယ်တွင်း ထိုင်း မြန်မာအာရှလမ်းမကြီးနေရာတချို့ ယာဉ်ကြောပိတ်ဆို့
ထိုင်း- မြန်မာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာ အဓိကကျတဲ့ အာရှလမ်းမကြီးရဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီလမ်းပိုင်း နေရာတချို့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေပြီး ကုန်နဲ့ခရီးသည်ယာဉ် အများအပြား ပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယာဉ်ကြောပိတ်ဆို့တဲ့အထဲမှာပါတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေး ၁၀၀ နီးပါးကို လူမှုကူညီရေး အဖွဲ့တွေက စောင့်ရှောက်ပေးထားရပါတယ်။ အာရှလမ်းမပေါ်က တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။။
အာရှလမ်းမကြီးရဲ့ ကော့ကရိတ်- မြဝတီ လမ်းပိုင်း၊ တောနောရေတံခွန် အနီးတဝိုက်မှာ KNLA နဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းအထိ ဒီလမ်းပေါ်မှာ ကားအစီးရေ ၅၀၀ လောက် ပိတ်ဆို့နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေ၊ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မနေ့က နေ့လယ်ပိုင်းကတည်းက တိုက်ပွဲပြန်ဖြစ်နေတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ကူညီထားရကြောင်း ပုလဲဖြူလူမှုကူညီရေးရဲ့ ဥက္ကဋ္ဌ ဦးလှရွှေက ပြောပါတယ်။ ကော့ကရိတ်မြို့ဘက်မှာ ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ မြဝတီမြို့ဘက် မှာတော့ ယာဉ်အစီးရေ ၂၀၀ ထက်မနည်း ပိတ်ဆို့သွားတယ်လို့လည်း သူကပြောပါတယ်။
" နှစ်ဘက်တိုက်ပွဲ ဟိုနည်းနည်း သည်နည်းနည်းတော့ ဖြစ်နေတယ်။ ဒါပေမယ့် ယာဉ်ကြော အသွားအလာတော့ လုံးဝလုံးဝ မရှိပါဘူးခင်ဗျ။ ရပ်တန့်သွားတယ် ခင်ဗျ။ ကျနော်တို့ရုံးမှာ ခရီးသည်တွေ၊ သက်ကြီးတွေ၊ ကလေးငယ်တွေ အားလုံး လက်ခံထားပါတယ်။ အိပ်ခွင့်လည်း ပေးထားပါတယ်။ ညတုန်းကတော့ ၈၀ ကျော် တယ်။ ဒီညတော့ အယောက်ဘယ်လောက် ရောက်မလဲတော့ မသိဘူး။"
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့အတူ တခြားပူးပေါင်း လက်နက်ကိုင် အဖွဲ့တွေလည်း မြန်မာစစ်တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာပါဝင်ကြောင်း ဒေသခံတချို့က ပြောပါတယ်။ ထိုင်းကုန်စည်တွေနဲ့ မြဝတီဘက်က ဆင်းသွားတဲ့ကုန်ကားတွေရော မြဝတီဘက်ကို တက်သွားတဲ့ ကုန်ကားတွေပါ လက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေးအရ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း မြဝတီက လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
" အခုလက်ရှိ ဖြစ်နေတဲ့နေရာက လုံးဝ အရေးပါတဲ့နေရာ၊ အရင်လမ်းဟောင်းက လုံးဝအသုံးပြုခွင့် မပေးထားဘူးလေ။ ကျနော်တို့ ဒီလမ်းသစ်ကပဲ သွားလာနေရတာခင်ဗျ။ အခုလက်ရှိ သူတို့ အဲဒီမှာ ပစ်ခတ်နေတဲ့အခါကျတော့ ကုန်စည်တွေက အောက်ကဟာလည်း အပေါ်တက်လို့မရသလို အပေါ်ကလည်း အောက်ကိုဆင်းလို့မရဘူး။ အကုန်လုံး ကော့ကရိတ်မှာ ပိတ်မိနေတာလေ။"
အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၆) ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဒီလမ်းပိုင်းပေါ်မှာ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ယာဉ်အသွားအလာနဲ့ ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့ခဲ့တာလည်း ရှိပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ ခရီးသည်တင် ယာဉ်ငယ်တွေကို လက်နက်ကိုင်အဖွဲ့တချို့က ၄၅ မိနစ်လောက် ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကုန်တင်ယာဉ် အကြီးတွေကိုတော့ ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။