သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်နိုင်ငံရေးခေါင်းဆောင်တွေကို တရုတ် ပိတ်ဆို့ဒဏ်ခတ်


တရုတ်နိုင်ငံက ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ အမေရိကန်မှာ ခိုလှုံတဲ့ အမေရိကန်ဆိုင်ရာ တိုင်ဝမ်သံအမတ်ကြီး Bi-khim Hsiao
တရုတ်နိုင်ငံက ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ အမေရိကန်မှာ ခိုလှုံတဲ့ အမေရိကန်ဆိုင်ရာ တိုင်ဝမ်သံအမတ်ကြီး Bi-khim Hsiao

[[Zawgyi/Unicode]]

ထိုင်ဝမ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ တရုတ်အစိုးရက ထိုင်ဝမ် နိုင်ငံရေး ခေါင်းဆောင်တွေကို တရုတ်နိုင်ငံထဲ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတချို့လည်း ချမှတ်လိုက်ပါတယ်။

နောက်ထပ် အမေရိကန်လွှတ်တော်အမတ်တွေ ထိုင်ဝမ်ကို သွားရောက်ပြီး မနေ့က ထိုင်ဝမ်သမ္မတနဲ့ တွေဆုံခဲ့တာအတွက် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်သွားမယ်လို့ တရုတ် နိုင်ငံက ကြေညာခဲ့သလို ဒီကနေ့မှာတော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ခရီးစဉ်ကြောင့် တရုတ်နိုင်ငံဘက်က ဒေါသထွက်ခဲ့တဲ့ အလားတူ အခု အမေရိကန်လွှတ်တော်အမတ်တွေရဲ့ခရီးစဉ်ကို တရုတ်ဘက်က တုံ့ပြန် ခြိမ်းခြောက်တာပါ။

အမေရိကန် ပြည်ထောင်စုဘက်ကတော့ လွှတ်တော်အမတ်တွေရဲ့ ငြိမ်းချမ်းစွာ သွားရောက်တဲ့ ခရီးစဉ်အပေါ်မှာ မလိုအပ်ဘဲ အလွန်အကျွံတုံ့ပြန်တာမျိုးမလုပ်ဖို့ တရုတ်နိုင်ငံကိုသတိပေးပြီး ထိုင်ဝမ် ရေလက်ကြားနဲ့ပတ်သက်လို့ လက်ရှိ အနေအထားကို တဘက်သတ် ပြောင်းလဲတာမျိုးမလုပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိတ်ဖိတ်ဆိုင်ရာ နိုင်ငံခြားဆက်ဆံရေး ကော်မတီနဲ့ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကော်မတီခွဲ ဥက္ကဋ္ဌ အထက်လွှတ်တော်အမတ် Edward Markey ဦးဆောင်တဲ့အဖွဲ့ဟာ မနေ့က ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ တွေ့ဆုံခဲ့ပြီး ဒီ ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စု ပါတီကြီး ၂ ရပ်စလုံး အချိန်ကြာမြင့်စွာ သဘောတူချမှတ်ထားတဲ့ မူဝါဒအရ သွားရောက်တာ ဖြစ်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုပါတယ်။

တရုတ်ဘက်က နောက်ဆုံး အရေးယူဒဏ်ခတ်ခဲ့သူတွေထဲမှာ အမေရိကန်မှာ ခိုလှုံတဲ့ အမေရိကန်ဆိုင်ရာ တိုင်ဝမ်သံအမတ်ကြီး Bi-khim Hsiao အပြင် တိုင်ဝမ်လွှတ်တော်အမတ်တချို့လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]






XS
SM
MD
LG