သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မလေးနယ်စပ် ဟင်းရွက်သယ်ကားထဲ မြန်မာ ၅၀ ဖမ်းမိ 


ထိုင်း-မလေးနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့မြန်မာများ။ (အောက်တိုဘာ ၂၀၊ ၂၀၂၂/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
ထိုင်း-မလေးနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့မြန်မာများ။ (အောက်တိုဘာ ၂၀၊ ၂၀၂၂/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

[[Zawgyi/Unicode]]

မလေးရှားနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့နယ်ထဲမှာ ဟင်းသီးဟင်းရွက်သယ်ဆောင်လာတဲ့ ကားပေါ်မှာဖွက်ပြီး လူပွဲစားတွေသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားအထောက်အထားမဲ့ ၅၀ ကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၁၉ ရက်နေ့ ကဖမ်းမိခဲ့သလို မလေးရှားကိုခိုးဝင်မယ့် မြန်မာ ၃၀ ကိုလည်း ရာ့တ်ဘူရီ ပြည်နယ်ထဲမှာ ထပ်ပြီးဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းမလေးနယ်စပ် စုံခလာပြည်နယ် ဟတ်ရိုင်မြို့နယ်ထဲမှာ ဟင်းသီးဟင်းရွက်သယ်ဆောင် လာတဲ့ ကားထဲမှာဖွက်ပြီး လူပွဲစားတွေသယ်လာတဲ့ မြန်မာလုပ်သားလူငယ် အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၁၃ ဦးတို့ကို ဖမ်းမိခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“မနေ့က ဆုံခလာ ဟတ်ရိုင်မှာပေါ့နော် ဖမ်းမိတာ။ ဖမ်းမိတဲ့နေရာမှာကတော့ Phru pho Checkpoint ပေါ့နော်။ ကား၂ စီးမှာ လူ ၅၀ မြန်မာနိုင်ငံသားအထောက်အထားမဲ့တွေပေါ့နော်။ သူတို့က မလေးရှားကိုသွားဖို့ပါ။ အဲဒီမှာ ထိုင်းကားသမား ၃ ယောက်ကိုလည်းမိတယ်။ မနေ့ည ကပဲ ဖမ်းမိတာကတော့ အယောက် ၃၀ ဖမ်းမိတယ်။ ရာ့တ်ဘူရီမှာမိတာပေါ့နော်။ ကြံခင်းထဲမှာ ပွဲစားလာခေါ်တာကိုစောင့်နေတုန်းမှာ နယ်မြေခံထိုင်းတွေပေါ့။ ငါးဖမ်းဖို့လာတဲ့ ထိုင်းနိုင်ငံသားတွေက သူတို့ကို တွေ့သွားတာပါ။ တွေ့တော့ အကြောင်းကြားတော့ သူတို့ကို မိသွားပါတယ်။ အဲဒါတွေကလည်း မလေးရှားကိုသွားမယ့် အုပ်စုတွေပါပဲ။”

ဒီရက်ပိုင်းမှာပဲ ဖမ်းမိသူ ၈၀ ကျော်ရှိပြီး တာ့ခ်ပြည်နယ်ထဲမှာလည်း ကားအောက်မှာ အံဝှက်လုပ်ပြီး လူပွဲစားတွေသယ်ဆောင်လာတဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေး ၂ ဦးကိုလည်း ထပ်ပြီးဖမ်းမိခဲ့ပါတယ်။ လူပွဲစားတွေဟာ အသက်အန္တရာယ်များတဲ့နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံသားတွေကို သယ်ဆောင်နေကြတယ်လို့လည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း အခုလိုပြောပါတယ်။

“အလုံပိတ်တဲ့ကားရဲ့အောက်ခြေမှာ ခိုးဝှက်လိုက်ပါလာတဲ့မြန်မာမိန်းကလေးငယ်နှစ်ယောက်အသက် ၁၈ နှစ်မပြည့်သူတွေကိုလည်း ထိုင်းလုံခြုံရေးအဖွဲ့တွေက မိသွားပါတယ်။ ဟင်းသီးဟင်း ရွက်ကား အောက်ခြေတွေမှာ တခါတရံ စက္ကူဖာထည့်ထားတဲ့ကားတွေ၊ တခါတရံ ပရိဘောဂတွေထည့်ထားတဲ့အောက်ခြေတွေမှာ ခိုးဝှက်လိုက်ပါလာတဲ့မြန်မာနိုင်ငံသားတွေဟာ အသက်ရှူကြပ်နိုင်တယ်။ အစာရေစာပြတ်ကြတယ်။ အခန့်မသင့်ရင်အသက်ဆုံးရှုံးသွားနိုင်တယ်။”

အရင်တုန်းကလည်း အလုံပိတ်ကားတွေပေါ်မှာ ခိုးဝှက်လိုက်ပါရင်း အသက်သေဆုံးရတဲ့ဖြစ်ရပ်တွေ မကြာခဏဖြစ်ခဲ့ပါတယ်။ ထိုင်းတောင်ပိုင်းမှာတော့ အောက်တိုဘာလအတွင်း အခုလိုအထောက်အထားမဲ့မြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းမိတာ ၁၁ ကြိမ်ခန့်ရှိပြီး ၃ ကြိမ်လောက်ကတော့ ထိုင်းမလေးနယ်စပ်ကနေ မလေးရှားနိုင်ငံထဲကိုခိုးဝင်ဖို့ကြိုးစားကြသူတွေ ဖြစ်တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

မြန်မာနဲ့ မလေးရှားနိုင်ငံဆက်စပ်ပြီး လူကုန်ကူးမှုတွေအဖြစ်များနေတဲ့ ထိုင်းနိုင်ငံဟာ လူကုန် ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ဒီနှစ်ပိုင်းတွေမှာ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက် ဒီနှစ်မှာတော့ အမေရိကန်နိုင်ငံခြားရေးဌာနက Tire 2 စောင့်ကြည့်အဆင့်ကနေ ပယ်ဖျက်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကောင်မွန်စွာလုပ်နိုင်ခဲ့တဲ့အတွက် Tire 2 အဆင့်ကို လျှော့ချသတ်မှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]









XS
SM
MD
LG