သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဖြစ်နေတဲ့ကရင်ပြည်နယ်တွင်း ထိုင်း မြန်မာအာရှလမ်းမကြီးနေရာတချို့ ယာဉ်ကြောပိတ်ဆို့


ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ KNU)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ။ (ယခင်မှတ်တမ်းဓာတ်ပုံ KNU)

[[Zawgyi/Unicode]]

ထိုင်း- မြန်မာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာ အဓိကကျတဲ့ အာရှလမ်းမကြီးရဲ့ ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီလမ်းပိုင်း နေရာတချို့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေပြီး ကုန်နဲ့ခရီးသည်ယာဉ် အများအပြား ပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယာဉ်ကြောပိတ်ဆို့တဲ့အထဲမှာပါတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေး ၁၀၀ နီးပါးကို လူမှုကူညီရေး အဖွဲ့တွေက စောင့်ရှောက်ပေးထားရပါတယ်။ အာရှလမ်းမပေါ်က တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။။

အာရှလမ်းမကြီးရဲ့ ကော့ကရိတ်- မြဝတီ လမ်းပိုင်း၊ တောနောရေတံခွန် အနီးတဝိုက်မှာ KNLA နဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာပါ။ ဒီနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်းအထိ ဒီလမ်းပေါ်မှာ ကားအစီးရေ ၅၀၀ လောက် ပိတ်ဆို့နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေ၊ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မနေ့က နေ့လယ်ပိုင်းကတည်းက တိုက်ပွဲပြန်ဖြစ်နေတဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို ကူညီထားရကြောင်း ပုလဲဖြူလူမှုကူညီရေးရဲ့ ဥက္ကဋ္ဌ ဦးလှရွှေက ပြောပါတယ်။ ကော့ကရိတ်မြို့ဘက်မှာ ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ မြဝတီမြို့ဘက် မှာတော့ ယာဉ်အစီးရေ ၂၀၀ ထက်မနည်း ပိတ်ဆို့သွားတယ်လို့လည်း သူကပြောပါတယ်။

" နှစ်ဘက်တိုက်ပွဲ ဟိုနည်းနည်း သည်နည်းနည်းတော့ ဖြစ်နေတယ်။ ဒါပေမယ့် ယာဉ်ကြော အသွားအလာတော့ လုံးဝလုံးဝ မရှိပါဘူးခင်ဗျ။ ရပ်တန့်သွားတယ် ခင်ဗျ။ ကျနော်တို့ရုံးမှာ ခရီးသည်တွေ၊ သက်ကြီးတွေ၊ ကလေးငယ်တွေ အားလုံး လက်ခံထားပါတယ်။ အိပ်ခွင့်လည်း ပေးထားပါတယ်။ ညတုန်းကတော့ ၈၀ ကျော် တယ်။ ဒီညတော့ အယောက်ဘယ်လောက် ရောက်မလဲတော့ မသိဘူး။"

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့အတူ တခြားပူးပေါင်း လက်နက်ကိုင် အဖွဲ့တွေလည်း မြန်မာစစ်တပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာပါဝင်ကြောင်း ဒေသခံတချို့က ပြောပါတယ်။ ထိုင်းကုန်စည်တွေနဲ့ မြဝတီဘက်က ဆင်းသွားတဲ့ကုန်ကားတွေရော မြဝတီဘက်ကို တက်သွားတဲ့ ကုန်ကားတွေပါ လက်နက်ကိုင်အဖွဲ့တွေက လုံခြုံရေးအရ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း မြဝတီက လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" အခုလက်ရှိ ဖြစ်နေတဲ့နေရာက လုံးဝ အရေးပါတဲ့နေရာ၊ အရင်လမ်းဟောင်းက လုံးဝအသုံးပြုခွင့် မပေးထားဘူးလေ။ ကျနော်တို့ ဒီလမ်းသစ်ကပဲ သွားလာနေရတာခင်ဗျ။ အခုလက်ရှိ သူတို့ အဲဒီမှာ ပစ်ခတ်နေတဲ့အခါကျတော့ ကုန်စည်တွေက အောက်ကဟာလည်း အပေါ်တက်လို့မရသလို အပေါ်ကလည်း အောက်ကိုဆင်းလို့မရဘူး။ အကုန်လုံး ကော့ကရိတ်မှာ ပိတ်မိနေတာလေ။"

အခုတိုက်ပွဲဖြစ်တဲ့နေရာဟာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၆) ထိန်းချုပ်ထားတဲ့ နေရာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဒီလမ်းပိုင်းပေါ်မှာ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ယာဉ်အသွားအလာနဲ့ ကူးသန်းရောင်းဝယ်ရေး ပိတ်ဆို့ခဲ့တာလည်း ရှိပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ ခရီးသည်တင် ယာဉ်ငယ်တွေကို လက်နက်ကိုင်အဖွဲ့တချို့က ၄၅ မိနစ်လောက် ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကုန်တင်ယာဉ် အကြီးတွေကိုတော့ ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း လုပ်ငန်းရှင်တချို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








XS
SM
MD
LG