သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေနရပ္ျပန္ေရးကိစၥ ထိုင္းနဲ႔ မေလးရွားေဆြးေႏြး


မေလးရွားႏုိင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah (ဝဲ) နဲ႔ ထိုင္းႏုိင္ငံျခားေရးဝန္ႀကီး Don Pramudwinai (ယာ) တို႔ ဘန္ေကာက္သတင္းစာရွင္းလင္းပြဲ။ (ၾသဂုတ္ ၁၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးတို႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ဒီေန႔ ေတ႔ြဆံုစဥ္ ျမန္မာႏိ္ုင္ငံအေၾကာင္း ေဆြးေႏြးခဲ့ၾကပါတယ္။ ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရးကိစၥေဆြးေႏြးမွာျဖစ္တယ္လို႔ မေဆြးေႏြးခင္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinnai က ေျပာၾကားခဲ့ပါတယ္။

“ထိုင္းနဲ႔ မေလးရွား ၂ ႏိုင္ငံလံုးနဲ႔ဆိုင္တဲ့ ေဆြးေႏြးစရာကိစၥေတြေဆြးေႏြးမွာျဖစ္ပါတယ္။ အထူးသျဖင့္ ႐ိုဟင္ ဂ်ာေတြကို ေနရပ္ျပန္ပို႔ႏိုင္ေရးကိစၥက ႏိုင္ငံအမ်ားအျပားနဲ႔ သက္ဆိုင္ေနတဲ့ ကိစၥျဖစ္ပါတယ္။” လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinnai ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံျပႆနာေတြ ေျဖရွင္းႏိုင္ေရးသေဘာတူထားတဲ့ အာဆီယံ ဘံုသေဘာတူညီခ်က္ေတြကို ျမန္မာဘက္က အေကာင္အထည္ေဖာ္တဲ့ေနရာမွာ တိုးတက္မႈမရွိတဲ့အေပၚ အေတာ္စိတ္ပ်က္တယ္လု႔ိ ASEAN ႏိုင္ငံျခားေရးဝန္ႀကီးေတြ August လ ၅ ရက္ကပဲ သေဘာထားထုတ္ျပန္ထားၿပီးေနာက္ ထိုင္းနဲ႔မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး ၂ ဦး ျမန္မာ့အေရးကို ထပ္မံေဆြးေႏြးတာျဖစ္ပါတယ္။

ထိုင္းနဲ႔မေလးရွားၾကား ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ နယ္စပ္ေရးရာ ကိစၥေတြေဆြးေႏြးဖို႔ မေလးရွားႏိ္ုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ထိုင္းႏိုင္ငံကို လာေရာက္တာျဖစ္ပါတယ္။

၂ ႏိုင္ငံၾကား ၂၀၂၅ ခုႏွစ္မကုန္ခင္ အေမရိကန္ေဒၚလာ ၃၀ ဘီလ်ံတန္ဖိုးရွိတဲ့ ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီမႈသစ္ ရရွိေရးကိစၥကို အဓိက ေဆြးေႏြးၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရိုဟင်ဂျာနေရပ်ပြန်ရေးကိစ္စ ထိုင်းနဲ့ မလေးရှားဆွေးနွေး

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ တေ့ွဆုံစဉ် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စဆွေးနွေးမှာဖြစ်တယ်လို့ မဆွေးနွေးခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinnai က ပြောကြားခဲ့ပါတယ်။

“ထိုင်းနဲ့ မလေးရှား ၂ နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဆွေးနွေးစရာကိစ္စတွေဆွေးနွေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ရိုဟင် ဂျာတွေကို နေရပ်ပြန်ပို့နိုင်ရေးကိစ္စက နိုင်ငံအများအပြားနဲ့ သက်ဆိုင်နေတဲ့ ကိစ္စဖြစ်ပါတယ်။” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinnai ကပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံပြဿနာတွေ ဖြေရှင်းနိုင်ရေးသဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို မြန်မာဘက်က အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိတဲ့အပေါ် အတော်စိတ်ပျက်တယ်လု့ိ ASEAN နိုင်ငံခြားရေးဝန်ကြီးတွေ August လ ၅ ရက်ကပဲ သဘောထားထုတ်ပြန်ထားပြီးနောက် ထိုင်းနဲ့မလေးရှား နိုင်ငံခြားရေးဝန်ကြီး ၂ ဦး မြန်မာ့အရေးကို ထပ်မံဆွေးနွေးတာဖြစ်ပါတယ်။

ထိုင်းနဲ့မလေးရှားကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ နယ်စပ်ရေးရာ ကိစ္စတွေဆွေးနွေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ထိုင်းနိုင်ငံကို လာရောက်တာဖြစ်ပါတယ်။

၂ နိုင်ငံကြား ၂၀၂၅ ခုနှစ်မကုန်ခင် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံတန်ဖိုးရှိတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုသစ် ရရှိရေးကိစ္စကို အဓိက ဆွေးနွေးကြတာဖြစ်ပါတယ်။

XS
SM
MD
LG