သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလွမယ္ဟန္ေလး ထိုင္းေလဆိပ္မွာ ဖမ္းခံရ


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ခဲ့သူ အလွမယ္ဟန္ေလး။ (ယခင္မွတ္တမ္းဓာတ္ပံု-ဟန္ေလး ဖဘ)

[[Zawgyi/Unicode]]

ျမန္မာစစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္ခဲ့တဲ့ Miss Grand International 2020 ရဲ႕ အလွမယ္ ဟန္ေလးဟာ ဘန္ေကာက္ သုဝဏၰဘူမိေလဆိပ္မွာ စက္တင္ဘာ ၂၁ ရက္ေန႔ မေန႔က ဖမ္းဆီးခံခဲ့ရပါတယ္။ ဗီယက္နမ္ႏိုင္ငံကေန ထိုင္းႏိုင္ငံကိုအျပန္ေလဆိပ္မွာ သူ႔ႏိုင္ငံကူးလက္မွတ္ကို ေပ်ာက္ဆုံးစာရင္းအျဖစ္ ျမန္မာဘက္က တိုင္ၾကားထားတာေၾကာင့္ ျမန္မာႏိုင္ငံကူးလက္မွတ္ရွိပါလ်က္နဲ႔ ဖမ္းဆီးခံခဲ့ရတာလို႔ အလွမယ္ဟန္ေလးက VOA ျမန္မာပိုင္းကို ေျပာပါတယ္။ သူ႔ကို ဆက္သြယ္ေမးျမန္းထားတဲ့ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက အျပည့္အစံု တင္ျပေပးထားပါတယ္။

Miss Han Lay
Miss Han Lay

၂၀၂၀ ခုႏွစ္က Miss Grand International ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ အလွမယ္ဟန္ေလးဟာ ဗီယက္နမ္ႏိုင္ ငံကေန ထိုင္းႏိုင္ငံကို မေန႔ ဗုဒၶဟူးေန႔ကျပန္အဝင္မွာ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးရဲေတြက ဖမ္းဆီးခဲ့ပါတယ္။ သူဟာ ၂၀၂၁ ခုႏွစ္ မတ္လ ၂၇ ရက္က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာက်င္းပခဲ့တဲ့ Miss Grand International 2020” ၿပိဳင္ ပြဲမွာ Stop the War & Violence ေခါင္းစဥ္နဲ့ျမန္မာစစ္အာဏာသိမ္းကိုဆန့္က်င္ကန့္ကြက္ရင္း စစ္တပ္ရဲ့အၾကမ္းဖက္မႈေတြကို ႏိုင္ငံတကာသိေအာင္ ေဖာ္ထုတ္ခဲ့တဲ့အလွမယ္ျဖစ္ပါတယ္။ အဲဒီၿပိဳင္ပဲြကိုဝင္ဖို႔ ထိုင္းႏိုင္ငံေရာက္ေနခ်ိန္ မွာ စစ္ေကာင္စီက သူ႔ကို ဖမ္းဝရမ္းထုတ္ခဲ့တာေၾကာင့္ သူဟာ ထိုင္းႏိုင္ငံမွာပဲ ဆက္လက္ရွိေနတာျဖစ္ပါတယ္။ ထိိုင္းျပည္ဝင္ခြင့္ဗီဇာအတြက္ ဗီယက္နမ္ႏိုင္ငံကို ေခတၱသြားခဲ့ၿပီးအျပန္ ဘန္ေကာက္ေလဆိပ္မွာ ဖမ္းဆီးခံရတာျဖစ္ပါတယ္။ သူ႔ရဲ႕ႏိုင္ငံကူးလက္မွတ္ေပ်ာက္ဆံုးေၾကာင္း ျမန္မာရဲတပ္ဖဲြ႔ဘက္က တုိင္ၾကားထားတဲ့အတြက္ သူမဟာ ပတ္စပို႔ ရွိေနလ်က္နဲ႔ အဖမ္းခံခဲ့ရတာျဖစ္တဲ့အေၾကာင္း အလွမယ္ ဟန္ေလးကို VOA က ဆက္သြယ္ေမျမန္းခဲ့ခ်ိန္မွာ အခုလိုေျပာျပပါတယ္။

“ညီမကို ခဏ ထိန္းသိမ္းထားတာေပါ့ေနာ္-အခုက။ ညီမ ဗီယက္နမ္ကိုသြားျပီးေတာ့ ဗီဇာတိုးဖို့ပါ။ ထုိင္းကုိျပန္လာတဲ့ အခ်ိန္မွာ ညီမ ပတ္စပို့စာအုပ္ ေပ်ာက္ဆံုးစာရင္းမွာပါတယ္ဆိုျပီး၊ ဗီယက္နမ္ဘက္ကုိ တင္ထားပါတယ္ဆိုျပီး ထုိင္းေလဆိပ္ကေျပာလာပါတယ္။ ဗီယက္နမ္ဘက္္ကိုျပန္ပုိ့မယ္ေပါ့ေနာ္- မေန့တုန္းကေပါ့ ဗီယက္နမ္ကတဆင့္ ျမန္မာျပည္ကုိျပန္ပုိ့မယ္ေပါ့။ immigration က တဆင့္ေပါ့။ ပတ္စပို့က ေပ်ာက္ဆံုးစာရင္းျဖစ္ေနလို့ေလ။ တကယ္ေတာ့ စာအုပ္ကမေပ်ာက္ဘဲနဲ့ ေပ်ာက္ဆံုးစာရင္းထဲထည့္ထားတယ္။ အဲဒါကို ညီမက မျပန္ဘူး ဆိုျပီး Against လုပ္တယ္။ Refuse လုပ္တယ္။ ၿပီးေတာ့ UNHCR က မေန့က ဆက္သြယ္ထားေတာ့ UNHCR ကလည္း ထုိင္းဘက္ကုိ တင္ျပေပးထားတယ္။ ညကတည္းက ညီမရဲ့ Process ေတြကို လွမ္းေပးေနတယ္ဆိုေတာ့ ဒီမနက္မွာေတာ့ ထုိင္းကေန ဘယ္ကိုမွ ျပန္မပုိ့ဘူး။ အထူးသျဖင့္ ျမန္မာႏုိင္ငံကို ျပန္မပို႔ပါဘူးဆိုတဲ့ကတိကိုေတာ့ ရထားပါတယ္။”

ဗီယက္နမ္ကအျပန္မွာ ႏိုင္ငံကူးစာအုပ္ရဲ႕နံပါတ္အတိအက်နဲ႔ ျမန္မာရဲဘက္က Report လုပ္ျပီး တုိင္ၾကားထားတဲ့အတြက္ အလွမယ္ဟန္ေလး ဖမ္းဆီးခံခဲ့ရတာပါ။ သူ႔ကုိ ထိုင္းဘက္ကေန ျမန္မာႏိုင္ငံကို လဲႊေပးဖို႔ စစ္ေကာင္စီဘက္က ရည္ရြယ္ထားပံုရတယ္လို႔ ေျပာပါတယ္။

“ျမန္မာရဲဘက္က အေပ်ာက္စာရင္းနဲ့တုိင္ထားတယ္။ သူတို့ျဖစ္ေစခ်င္တာက ထုိင္းကိုဝင္ခြင့္မရရင္ Process အတုိင္းဆိုရင္ ကုိယ္လာခဲ့တဲ့ႏိုင္ငံကိုျပန္ရမယ္။ ညီမလာခဲ့တာက ဗီယက္နမ္ကလာခဲ့တာဆုိေတာ့ ဗီယက္နမ္ကိုျပန္ရမယ္။ ဗီယက္နမ္မွာ ညီမပတ္စပုိ့စာအုပ္က ေပ်ာက္ဆံုးစာရင္းထဲမွာထည့္ထားေတာ့ ေသခ်ာေပါက္က ျမန္မာျပည္ကိုျပန္ပို့မွာပဲ။ အဲဒါကိုျမန္မာဘက္က မွန္းထားပံုရပါတယ္။”

စစ္အာဏာသိမ္းမႈကိုဆန္႔က်င္ကန့္ကြက္ခဲ့တဲ့အလွမယ္ဟန္ေလးဟာ စစ္ေကာင္စီက သူမကိုဖမ္းဝရမ္းထုတ္ထားတာေၾကာင့္ အသက္အႏၱရာယ္အတြက္ ျမန္မာႏိုင္ငံကို မျပန္ခဲ့ေပမယ့္ ျမန္မာ့အေရးကိုေတာ့ ဆက္လုပ္ေနတယ္လို့လည္းေျပာပါတယ္။

“ညီမဘက္က ပထမတုန္းကေတာ့ ညီမကို အဲဒီေလာက္ထိလုပ္မယ္လုိ့ မမွန္းထားဘူး။ ပထမတုန္းက ျမန္မာမွာ ဝရမ္းထုတ္ထားတယ္ဆိုေတာ့ ျမန္မာကိုျပန္လို့မရဘူး။ ညီမတတ္နိုင္တဲ့ဘက္ကေန ျမန္မာႏိုင္ငံကိစၥလုပ္မယ္လို့ ဆံုးျဖတ္ထားတယ္။”

အလွမယ္ဟန္ေလးကို စစ္ေကာင္စီက ပုဒ္မ ၁၂၁ ႏိုင္ငံေတာ္ပုန္ကန္မႈနဲ႔ တရားစြဲထားပါတယ္။ သူမရဲ႕ေနအိမ္မွာလည္း ရွာေဖြခြင့္ ဝရမ္းေတြနဲ႔စာေတြလည္း ကပ္ထားတယ္လို့ သူမက ေျပာပါတယ္။ စစ္အာဏာသိမ္းျပီးေနာက္ပိုင္း တႏွစ္ေက်ာ္ကာလအတြင္း အလွမယ္ဟန္ေလးဟာ ထိုင္းႏိုင္ငံမွာအလည္ဗီဇာနဲ့ေနထုိင္ေနတာျဖစ္ပါတယ္။

အလွမယ္ဟန္ေလး ထိုင္းေလဆိပ္မွာ ဖမ္းခံရ.mp3
please wait

No media source currently available

0:00 0:02:16 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အလှမယ်ဟန်လေး ထိုင်းလေဆိပ်မှာ ဖမ်းခံရ

မြန်မာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ Miss Grand International 2020 ရဲ့ အလှမယ် ဟန်လေးဟာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်မှာ စက်တင်ဘာ ၂၁ ရက်နေ့ မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံကိုအပြန်လေဆိပ်မှာ သူ့နိုင်ငံကူးလက်မှတ်ကို ပျောက်ဆုံးစာရင်းအဖြစ် မြန်မာဘက်က တိုင်ကြားထားတာကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ရှိပါလျက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ အလှမယ်ဟန်လေးက VOA မြန်မာပိုင်းကို ပြောပါတယ်။ သူ့ကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

၂၀၂၀ ခုနှစ်က Miss Grand International ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ အလှမယ်ဟန်လေးဟာ ဗီယက်နမ်နိုင် ငံကနေ ထိုင်းနိုင်ငံကို မနေ့ ဗုဒ္ဓဟူးနေ့ကပြန်အဝင်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International 2020” ပြိုင် ပွဲမှာ Stop the War & Violence ခေါင်းစဉ်နဲ့မြန်မာစစ်အာဏာသိမ်းကိုဆန့်ကျင်ကန့်ကွက်ရင်း စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နိုင်ငံတကာသိအောင် ဖော်ထုတ်ခဲ့တဲ့အလှမယ်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကိုဝင်ဖို့ ထိုင်းနိုင်ငံရောက်နေချိန် မှာ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် သူဟာ ထိုင်းနိုင်ငံမှာပဲ ဆက်လက်ရှိနေတာဖြစ်ပါတယ်။ ထိုင်းပြည်ဝင်ခွင့်ဗီဇာအတွက် ဗီယက်နမ်နိုင်ငံကို ခေတ္တသွားခဲ့ပြီးအပြန် ဘန်ကောက်လေဆိပ်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း မြန်မာရဲတပ်ဖွဲ့ဘက်က တိုင်ကြားထားတဲ့အတွက် သူမဟာ ပတ်စပို့ ရှိနေလျက်နဲ့ အဖမ်းခံခဲ့ရတာဖြစ်တဲ့အကြောင်း အလှမယ် ဟန်လေးကို VOA က ဆက်သွယ်မေမြန်းခဲ့ချိန်မှာ အခုလိုပြောပြပါတယ်။

“ညီမကို ခဏ ထိန်းသိမ်းထားတာပေါ့နော်-အခုက။ ညီမ ဗီယက်နမ်ကိုသွားပြီးတော့ ဗီဇာတိုးဖို့ပါ။ ထိုင်းကိုပြန်လာတဲ့ အချိန်မှာ ညီမ ပတ်စပို့စာအုပ် ပျောက်ဆုံးစာရင်းမှာပါတယ်ဆိုပြီး၊ ဗီယက်နမ်ဘက်ကို တင်ထားပါတယ်ဆိုပြီး ထိုင်းလေဆိပ်ကပြောလာပါတယ်။ ဗီယက်နမ်ဘက်ကိုပြန်ပို့မယ်ပေါ့နော်- မနေ့တုန်းကပေါ့ ဗီယက်နမ်ကတဆင့် မြန်မာပြည်ကိုပြန်ပို့မယ်ပေါ့။ immigration က တဆင့်ပေါ့။ ပတ်စပို့က ပျောက်ဆုံးစာရင်းဖြစ်နေလို့လေ။ တကယ်တော့ စာအုပ်ကမပျောက်ဘဲနဲ့ ပျောက်ဆုံးစာရင်းထဲထည့်ထားတယ်။ အဲဒါကို ညီမက မပြန်ဘူး ဆိုပြီး Against လုပ်တယ်။ Refuse လုပ်တယ်။ ပြီးတော့ UNHCR က မနေ့က ဆက်သွယ်ထားတော့ UNHCR ကလည်း ထိုင်းဘက်ကို တင်ပြပေးထားတယ်။ ညကတည်းက ညီမရဲ့ Process တွေကို လှမ်းပေးနေတယ်ဆိုတော့ ဒီမနက်မှာတော့ ထိုင်းကနေ ဘယ်ကိုမှ ပြန်မပို့ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံကို ပြန်မပို့ပါဘူးဆိုတဲ့ကတိကိုတော့ ရထားပါတယ်။”

ဗီယက်နမ်ကအပြန်မှာ နိုင်ငံကူးစာအုပ်ရဲ့နံပါတ်အတိအကျနဲ့ မြန်မာရဲဘက်က Report လုပ်ပြီး တိုင်ကြားထားတဲ့အတွက် အလှမယ်ဟန်လေး ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ထိုင်းဘက်ကနေ မြန်မာနိုင်ငံကို လွဲှပေးဖို့ စစ်ကောင်စီဘက်က ရည်ရွယ်ထားပုံရတယ်လို့ ပြောပါတယ်။

“မြန်မာရဲဘက်က အပျောက်စာရင်းနဲ့တိုင်ထားတယ်။ သူတို့ဖြစ်စေချင်တာက ထိုင်းကိုဝင်ခွင့်မရရင် Process အတိုင်းဆိုရင် ကိုယ်လာခဲ့တဲ့နိုင်ငံကိုပြန်ရမယ်။ ညီမလာခဲ့တာက ဗီယက်နမ်ကလာခဲ့တာဆိုတော့ ဗီယက်နမ်ကိုပြန်ရမယ်။ ဗီယက်နမ်မှာ ညီမပတ်စပို့စာအုပ်က ပျောက်ဆုံးစာရင်းထဲမှာထည့်ထားတော့ သေချာပေါက်က မြန်မာပြည်ကိုပြန်ပို့မှာပဲ။ အဲဒါကိုမြန်မာဘက်က မှန်းထားပုံရပါတယ်။”

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ခဲ့တဲ့အလှမယ်ဟန်လေးဟာ စစ်ကောင်စီက သူမကိုဖမ်းဝရမ်းထုတ်ထားတာကြောင့် အသက်အန္တရာယ်အတွက် မြန်မာနိုင်ငံကို မပြန်ခဲ့ပေမယ့် မြန်မာ့အရေးကိုတော့ ဆက်လုပ်နေတယ်လို့လည်းပြောပါတယ်။

“ညီမဘက်က ပထမတုန်းကတော့ ညီမကို အဲဒီလောက်ထိလုပ်မယ်လို့ မမှန်းထားဘူး။ ပထမတုန်းက မြန်မာမှာ ဝရမ်းထုတ်ထားတယ်ဆိုတော့ မြန်မာကိုပြန်လို့မရဘူး။ ညီမတတ်နိုင်တဲ့ဘက်ကနေ မြန်မာနိုင်ငံကိစ္စလုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။”

အလှမယ်ဟန်လေးကို စစ်ကောင်စီက ပုဒ်မ ၁၂၁ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲထားပါတယ်။ သူမရဲ့နေအိမ်မှာလည်း ရှာဖွေခွင့် ဝရမ်းတွေနဲ့စာတွေလည်း ကပ်ထားတယ်လို့ သူမက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်ကျော်ကာလအတွင်း အလှမယ်ဟန်လေးဟာ ထိုင်းနိုင်ငံမှာအလည်ဗီဇာနဲ့နေထိုင်နေတာဖြစ်ပါတယ်။

XS
SM
MD
LG