သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

KBC ဥကၠ႒ေဟာင္း ေဒါက္တာ ခလမ္ဆမ္ဆြန္ကို မတရားအသင္းဆက္သြယ္မႈပုဒ္မနဲ႔ တရားစြဲ


KBC ဥကၠ႒ေဟာင္း ေဒါက္တာ ခလမ္ဆမ္ဆြန္ (Credit -KBC Kachin )

[[Zawgyi/Unicode]]

ဒီဇင္ဘာလဆန္းပိုင္းမွာ စစ္ေကာင္စီက ဖမ္းဆီးထိမ္းသိမ္းထားတဲ့ ကခ်င္ႏွစ္ျခင္းအသင္းေတာ္ (KBC) ဥကၠ႒ေဟာင္း သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ကို မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇ (၁) နဲ႔ တရားစြဲဆိုထားၿပီး လာမယ့္ ဇန္နဝါရီ ၁၁ မွာ ႐ုံးထုတ္စစ္ေဆးမယ္လို႔ သိရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ဒီဇင္ဘာ ၅ ရက္ မနက္ ၉ နာရီခန႔္က ထိုင္းႏိုင္ငံကို ေဆးသြားကုဖို႔ မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္‌ေရာက္ေနတဲ့ ေဒါက္တာခလမ္ဆမ္ဆြမ္ကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ေတြက စစ္ေဆးေမးျမန္းစရာရွိလို႔ဆိုၿပီး ဖမ္းဆီး ေခၚယူသြားခဲ့တာ ျဖစ္ပါတယ္။ ဖမ္းဆီးခံရၿပီး ၁ လျပည့္ခါနီးမွာ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္ကို စစ္ေကာင္စီက မတရားအသင္းဆက္သြယ္မႈ ဥပေဒပါ ပုဒ္မ ၁၇ (၁) နဲ႔ တရားစြဲဆိုလိုက္တာျဖစ္တယ္လို႔ မိသားစုဝင္တဦးက ေျပာပါတယ္။

“သူတို႔က ရမန္ထုတ္တာကို ၂၈ ရက္ေန႔မွာ viber နဲ႔ ထုတ္တယ္။ ၁၇/၁ နဲ႔ စြဲတယ္လို႔ေျပာၾကပါတယ္။ ေထာင္ႀကီးကို ပို႔ထားတယ္ေျပာတယ္။ ျမစ္ႀကီးနားေထာင္ႀကီးရွင့္။ စြဲတာကေတာ့ တပ္ကစြဲတယ္ေျပာပါ တယ္။ သူတို႔ဘက္က Officially အေၾကာင္းမၾကားပါဘူးရွင့္။ ေျမာက္ပိုင္းစစ္ဌာနခ်ဳပ္တပ္ကစြဲတယ္ လို႔ေျပာတယ္။”

ေလဆိပ္ကေနဖမ္းဆီးခံရၿပီး ၁ ရက္ေက်ာ္အၾကာမွာ ေဒါက္တာ ခလမ္ဆမ္ဆြမ္ကို တရားစြဲဆိုဖို႔ ျပင္ဆင္ေနၿပီလို႔ ကခ်င္ျပည္နယ္အာဏာပိုင္ေတြက KBC တာဝန္ရွိသူေတြကို ေခၚေျပာခဲ့ပါတယ္။ အခု တရား႐ုံးတင္ စြဲဆိုလိုက္တယ္ဆိုတာကိုေတာ့ မိသားစုေတြကိုေရာ KBC ကိုပါ တရားဝင္အေၾကာင္းၾကားတာမရွိဘဲ မိသားစုေတြက ရဲစခန္းေတြမွာ လိုက္လံစုံစမ္းမွ ခုလိုသိရွိရတာျဖစ္ပါတယ္။

ကခ်င္လူထုၾကား ဩဇာတိကၠမ ႀကီးမားတဲ့ ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျမစ္ႀကီးနားေထာင္မွာ ခ်ဳပ္ေႏွာင္ထားတာပါ။ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က အရာရွိတဦးက တရားလိုျပဳလုပ္ၿပီး ဒီဇင္ဘာ ၂၈ ရက္ေန႔က ျမစ္ႀကီးနားရဲစခန္းမွာ ပုဒ္မ ၁၇ (၁) နဲ႔ အမႈဖြင့္လိုက္တာျဖစ္ပါတယ္။ အခုအခ်ိန္ထိ ေဒါက္တာ ခလမ္ဆြမ္ဆြန္ကို မိသားစုဝင္ေတြ ေတြ႕ခြင့္မရေသးဘူးလို႔ မိသားစုဝင္က ေျပာပါတယ္။

“ေတြ႕ခြင့္ေတာ့မရဘူး။ တကယ္တမ္းက်ေတာ့ ဘုန္းႀကီးေတြဆိုတာက အယုတ္အလတ္ အျမတ္မေ႐ြး၊ ဆင္းရဲခ်မ္းသာမေ႐ြး၊ မိတ္ေဆြ ရန္သူမရွိ အားလုံးကိုသြားလာၿပီးမွ ဆုေတာင္းေပးရတာရွိတာေပါ့ေနာ္။ သူတို႔ ဘယ္လိုၾကည့္ ၁၇/၁ စြဲတယ္ဆိုတာ က်မတို႔မသိပါဘူး။ သူကေသြးတိုးရွိတယ္။ လည္ႁပြန္ေယာင္ေရာဂါရွိတယ္။ နဂိုထဲကေတာ့ ရင္ၾကပ္တာရွိတယ္။ ကိုဗစ္ၿပီးေနာက္ပိုင္းမွာ ခဏခဏေဆးခန္းျပေနရတာေပါ့ရွင္။ အဲေတာ့ သူ ရင္ၾကပ္တယ္။”

ေဒါက္တာခလမ္ဆမ္ဆြန္ဟာ KIA ဌာနခ်ဳပ္ရွိရာ လိုင္ဇာသို႔သြားေရာက္ၿပီး KIA ထိပ္သီးေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခဲ့တာေၾကာင့္ ဖမ္းဆီးအေရးယူခံရတာလို႔ နီးစပ္သူေတြက ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဘက္ကို ေမးျမန္းေပမယ့္ ျပန္လည္ေျဖဆိုတာေတာ့ မရွိပါဘူး။

KBC ဘက္ကေတာ့ ဆရာေတာ္လြတ္ေျမာက္ေရးအတြက္ ေကာ္မတီတရပ္ဖြဲ႕ၿပီးေနာက္ ဆရာေတာ္နဲ႔ေတြ႕ခြင့္ရေရး ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ဘက္ကို စာပို႔ထားေပမဲ့ ခုခ်ိန္ထိအေၾကာင္းျပန္တာမရွိခဲ့ဘူးလို႔ KBC တာဝန္ရွိသူတဦးက ေျပာပါတယ္။

သိကၡာေတာ္ရဆရာ ေဒါက္တာ ခလမ္ဆမ္ဆြမ္ဟာ KBC ရဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔ ဥကၠ႒တာဝန္ေတြကို ယူခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ " KBC ရဲ႕ အထူးအႀကံေပးပုဂၢိဳလ္ " အျဖစ္ ခန႔္အပ္ခံရပါတယ္။

လူနည္းစုတိုင္းရင္းသားေတြအေပၚ ျမန္မာစစ္တပ္က ဘာသာေရးလြတ္လပ္ခြင့္ ဖိႏွိပ္မႈနဲ႔ ပတ္သက္ၿပီး ၂၀၁၉ ခုႏွစ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အေမရိကန္ျပည္ေထာင္စုအိမ္ျဖဴေတာ္မွာ ကိုယ္တိုင္သြားေရာက္ တင္ျပခဲ့သူလည္းျဖစ္ပါတယ္။ အဲဒါအတြက္လည္း အဲဒီအခ်ိန္တုန္းက သူ႔ကို ျမန္မာစစ္တပ္က တရားစြဲဆိုခဲ့ဖူးၿပီး ေနာက္ပိုင္း အမႈ ႐ုတ္သိမ္းေပးခဲ့ပါတယ္။

ေဒါက္တာခလမ္ဆြမ္ဆြန္ကို ျပန္လႊတ္ေပးဖို႔ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ေတာင္းဆိုေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price ကလည္း တြစ္တာလူမႈကြန္ယက္မွာေရးသားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================

[[Unicode]]

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ တရားစွဲ

ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားပြီး လာမယ့် ဇန်နဝါရီ ၁၁ မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်‌ရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး ၁ လပြည့်ခါနီးမှာ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“သူတို့က ရမန်ထုတ်တာကို ၂၈ ရက်နေ့မှာ viber နဲ့ ထုတ်တယ်။ ၁၇/၁ နဲ့ စွဲတယ်လို့ပြောကြပါတယ်။ ထောင်ကြီးကို ပို့ထားတယ်ပြောတယ်။ မြစ်ကြီးနားထောင်ကြီးရှင့်။ စွဲတာကတော့ တပ်ကစွဲတယ်ပြောပါ တယ်။ သူတို့ဘက်က Officially အကြောင်းမကြားပါဘူးရှင့်။ မြောက်ပိုင်းစစ်ဌာနချုပ်တပ်ကစွဲတယ် လို့ပြောတယ်။”

လေဆိပ်ကနေဖမ်းဆီးခံရပြီး ၁ ရက်ကျော်အကြာမှာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ ကချင်ပြည်နယ်အာဏာပိုင်တွေက KBC တာဝန်ရှိသူတွေကို ခေါ်ပြောခဲ့ပါတယ်။ အခု တရားရုံးတင် စွဲဆိုလိုက်တယ်ဆိုတာကိုတော့ မိသားစုတွေကိုရော KBC ကိုပါ တရားဝင်အကြောင်းကြားတာမရှိဘဲ မိသားစုတွေက ရဲစခန်းတွေမှာ လိုက်လံစုံစမ်းမှ ခုလိုသိရှိရတာဖြစ်ပါတယ်။

ကချင်လူထုကြား ဩဇာတိက္ကမ ကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာပါ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတဦးက တရားလိုပြုလုပ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က မြစ်ကြီးနားရဲစခန်းမှာ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ အခုအချိန်ထိ ဒေါက်တာ ခလမ်ဆွမ်ဆွန်ကို မိသားစုဝင်တွေ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်က ပြောပါတယ်။

“တွေ့ခွင့်တော့မရဘူး။ တကယ်တမ်းကျတော့ ဘုန်းကြီးတွေဆိုတာက အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေ ရန်သူမရှိ အားလုံးကိုသွားလာပြီးမှ ဆုတောင်းပေးရတာရှိတာပေါ့နော်။ သူတို့ ဘယ်လိုကြည့် ၁၇/၁ စွဲတယ်ဆိုတာ ကျမတို့မသိပါဘူး။ သူကသွေးတိုးရှိတယ်။ လည်ပြွန်ယောင်ရောဂါရှိတယ်။ နဂိုထဲကတော့ ရင်ကြပ်တာရှိတယ်။ ကိုဗစ်ပြီးနောက်ပိုင်းမှာ ခဏခဏဆေးခန်းပြနေရတာပေါ့ရှင်။ အဲတော့ သူ ရင်ကြပ်တယ်။”

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး KIA ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကို မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။

KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီးနောက် ဆရာတော်နဲ့တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမဲ့ ခုချိန်ထိအကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။

သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။

လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။

ဒေါက်တာခလမ်ဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။

XS
SM
MD
LG