[[Zawgyi/Unicode]]
ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုထားပြီး လာမယ့် ဇန်နဝါရီ ၁၁ မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီဇင်ဘာ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံကို ဆေးသွားကုဖို့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်နေတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီး ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရပြီး ၁ လပြည့်ခါနီးမှာ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပါ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
“သူတို့က ရမန်ထုတ်တာကို ၂၈ ရက်နေ့မှာ viber နဲ့ ထုတ်တယ်။ ၁၇/၁ နဲ့ စွဲတယ်လို့ပြောကြပါတယ်။ ထောင်ကြီးကို ပို့ထားတယ်ပြောတယ်။ မြစ်ကြီးနားထောင်ကြီးရှင့်။ စွဲတာကတော့ တပ်ကစွဲတယ်ပြောပါ တယ်။ သူတို့ဘက်က Officially အကြောင်းမကြားပါဘူးရှင့်။ မြောက်ပိုင်းစစ်ဌာနချုပ်တပ်ကစွဲတယ် လို့ပြောတယ်။”
လေဆိပ်ကနေဖမ်းဆီးခံရပြီး ၁ ရက်ကျော်အကြာမှာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ ကချင်ပြည်နယ်အာဏာပိုင်တွေက KBC တာဝန်ရှိသူတွေကို ခေါ်ပြောခဲ့ပါတယ်။ အခု တရားရုံးတင် စွဲဆိုလိုက်တယ်ဆိုတာကိုတော့ မိသားစုတွေကိုရော KBC ကိုပါ တရားဝင်အကြောင်းကြားတာမရှိဘဲ မိသားစုတွေက ရဲစခန်းတွေမှာ လိုက်လံစုံစမ်းမှ ခုလိုသိရှိရတာဖြစ်ပါတယ်။
ကချင်လူထုကြား ဩဇာတိက္ကမ ကြီးမားတဲ့ ဒေါက်တာခလမ်ဆွမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ ချုပ်နှောင်ထားတာပါ။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အရာရှိတဦးက တရားလိုပြုလုပ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က မြစ်ကြီးနားရဲစခန်းမှာ ပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ အခုအချိန်ထိ ဒေါက်တာ ခလမ်ဆွမ်ဆွန်ကို မိသားစုဝင်တွေ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်က ပြောပါတယ်။
“တွေ့ခွင့်တော့မရဘူး။ တကယ်တမ်းကျတော့ ဘုန်းကြီးတွေဆိုတာက အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေ ရန်သူမရှိ အားလုံးကိုသွားလာပြီးမှ ဆုတောင်းပေးရတာရှိတာပေါ့နော်။ သူတို့ ဘယ်လိုကြည့် ၁၇/၁ စွဲတယ်ဆိုတာ ကျမတို့မသိပါဘူး။ သူကသွေးတိုးရှိတယ်။ လည်ပြွန်ယောင်ရောဂါရှိတယ်။ နဂိုထဲကတော့ ရင်ကြပ်တာရှိတယ်။ ကိုဗစ်ပြီးနောက်ပိုင်းမှာ ခဏခဏဆေးခန်းပြနေရတာပေါ့ရှင်။ အဲတော့ သူ ရင်ကြပ်တယ်။”
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာသို့သွားရောက်ပြီး KIA ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီးအရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကို မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာတော့ မရှိပါဘူး။
KBC ဘက်ကတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ကော်မတီတရပ်ဖွဲ့ပြီးနောက် ဆရာတော်နဲ့တွေ့ခွင့်ရရေး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်ကို စာပို့ထားပေမဲ့ ခုချိန်ထိအကြောင်းပြန်တာမရှိခဲ့ဘူးလို့ KBC တာဝန်ရှိသူတဦးက ပြောပါတယ်။
သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဥက္ကဋ္ဌတာဝန်တွေကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် " KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။
လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန်ပြည်ထောင်စုအိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်းဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်း အမှု ရုတ်သိမ်းပေးခဲ့ပါတယ်။
ဒေါက်တာခလမ်ဆွမ်ဆွန်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။
=========================
[[Unicode]]
သိက်ခာတောျရဆရာ ဒေါကျတာ ခလမျဆမျဆှမျဟာ KBC ရဲ့ အထှထှေအေတှငျးရေးမှူးခြုပျနဲ့ ဥက်ကဋ်ဌတာဝနျတှကေို ယူခဲ့သူဖွဈပွီး ပွီးခဲ့တဲ့ အောကျတိုဘာလက ကခငြျနှဈခွငျး ခရဈယာနျအဖှဲ့ခြုပျ " KBC ရဲ့ အထူးအကွံပေးပုဂ်ဂိုလျ " အဖွဈ ခန့ျအပျခံရပါတယျ။