သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ထပ်မံချမှတ်လိုက်တဲ့အပေါ် ပြင်သစ် ပြင်းထန်စွာ ရှုတ်ချ


Daw Aung San suu Kyi (Myanmar State Counsellor Office)
Daw Aung San suu Kyi (Myanmar State Counsellor Office)

[[Zawgyi/Unicode]]

ဒီမိုကရေစီကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့မညီ နောက်ထပ် ထောင်ဒဏ် ၇ နှစ် ထပ်မံချထားလိုက်တဲ့အတွက် ပြင်သစ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီ စီရင်ချက်ဟာ တရားဥပဒေစိုးမိုးရေးကို နောက်ထပ် ထပ်ပြီး မထီမဲ့မြင်ပြုလိုက်တာဖြစ်သလို ပြည်သူလူထု ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ သဘောထားဆန္ဒကို အလေးမထားဘဲ စော်ကားပြလိုက်တာဖြစ်တယ်လို့ ပြင်သစ် နိုင်ငံခြာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ သမိုင်းဝင် ခေါင်းဆောင်တွေအပါအဝင် ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတရပ်ကျင်းပဖို့လည်း ပြင်သစ်နိုင်ငံက ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အမှတ် ၂၆၆၉ က တောင်းဆိုထားသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထားသူတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပြီး မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်တွေရဲ့ အားထုတ်မှုတွေကိုလည်း ထောက်ခံကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

====================

[[Unicode]]







XS
SM
MD
LG