သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီပဲယင္း ကေလးငယ္ ၁၁ ဦးေသဆုံးရတဲ့ စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္မႈ ကုလေဝဖန္


စက္တင္ဘာလ ၁၆ ရက္ဒီပဲယင္းၿမိဳ႕နယ္တြင္း တိုက္ပြဲျဖစ္စဥ္ကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ထုတ္ျပန္တဲ့ မွတ္တမ္းဓာတ္ပံု။ (စက္တင္ဘာလ ၁၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

စက္တင္ဘာလ ၁၆ ရက္ေန႔ က စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္မွာ စစ္ေကာင္စီရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ မဆင္မျခင္ပစ္ခတ္မႈေတြေၾကာင့္ ကေလးငယ္ ၁၁ ဦးေသဆုံးခဲ့ရေၾကာင္းနဲ႔ အခုလို ကေလးငယ္ေတြကို မတိုက္ခိုက္ဖို႔ ကုလသမဂၢ ကေလးမ်ားရံပုံေငြအဖြဲ႕ UNICEF က ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

ဒီပဲယင္းၿမိဳ႕နယ္ထဲက စာသင္ေက်ာင္းတေက်ာင္း အပါအဝင္ အရပ္သားေတြ ေနထိုင္တဲ့ ေနရာမွာ စစ္ေကာင္စီရဲ႕ ဒီတိုက္ခိုက္မႈအတြင္း ေပ်ာက္ဆုံးေနတဲ့ ေက်ာင္းသားေက်ာင္းသူကလည္း အနည္းဆုံး ၁၅ ဦး ရွိေနတာေၾကာင့္ သူတို႔ကို အျမန္ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

ကေလးေတြကို ေဘးအႏၲရာယ္ကင္းကင္း နဲ႔ ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔အျပင္ စာသင္ေက်ာင္းေတြဟာ ေဘးကင္းလုံၿခဳံတဲ့ ေနရာေတြ ျဖစ္ၿပီး ကေလးသူငယ္ေတြကို ဘယ္အခါမွ မတိုက္ခိုက္ဖို႔လည္း ယူနီဆက္ဖ္ ျမန္မာ က သတိေပးလိုက္ပါတယ္။

စစ္ေကာင္စီသတင္းျပန္ၾကားေရးရဲ႕ ၁၆ ရက္ေန႔ ထုတ္ျပန္ခ်က္မွာေတာ့ တန႔္ဆည္ၿမိဳ႕နယ္ထဲမွာ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲတခုမွာေတာ့ PDF ၇ ဦးကို အေသဖမ္းဆီးမိခဲ့တယ္လို႔ ေျပာထားၿပီး ကေလးေတြ ေသဆုံးခဲ့တဲ့ တိုက္ပြဲျဖစ္ရပ္ကို ေျပာမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဒီပဲယင်း ကလေးငယ် ၁၁ ဦးသေဆုံးရတဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကုလဝေဖန်

စက်တင်ဘာလ ၁၆ ရက်နေ့ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မဆင်မခြင်ပစ်ခတ်မှုတွေကြောင့် ကလေးငယ် ၁၁ ဦးသေဆုံးခဲ့ရကြောင်းနဲ့ အခုလို ကလေးငယ်တွေကို မတိုက်ခိုက်ဖို့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းတကျောင်း အပါအဝင် အရပ်သားတွေ နေထိုင်တဲ့ နေရာမှာ စစ်ကောင်စီရဲ့ ဒီတိုက်ခိုက်မှုအတွင်း ပျောက်ဆုံးနေတဲ့ ကျောင်းသားကျောင်းသူကလည်း အနည်းဆုံး ၁၅ ဦး ရှိနေတာကြောင့် သူတို့ကို အမြန်ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကလေးတွေကို ဘေးအန္တရာယ်ကင်းကင်း နဲ့ ချက်ချင်း ပြန်လွှတ်ပေးဖို့အပြင် စာသင်ကျောင်းတွေဟာ ဘေးကင်းလုံခြုံတဲ့ နေရာတွေ ဖြစ်ပြီး ကလေးသူငယ်တွေကို ဘယ်အခါမှ မတိုက်ခိုက်ဖို့လည်း ယူနီဆက်ဖ် မြန်မာ က သတိပေးလိုက်ပါတယ်။

စစ်ကောင်စီသတင်းပြန်ကြားရေးရဲ့ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တန့်ဆည်မြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုမှာတော့ PDF ၇ ဦးကို အသေဖမ်းဆီးမိခဲ့တယ်လို့ ပြောထားပြီး ကလေးတွေ သေဆုံးခဲ့တဲ့ တိုက်ပွဲဖြစ်ရပ်ကို ပြောမထားပါဘူး။

XS
SM
MD
LG