သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီးေမာ့ဆိုမွာ ရက္ဆက္ တိုက္ပြဲ ျပင္းထန္  


Demoso (Photo: MIMU)

[[Zawgyi/Unicode]]

ကယားျပည္နယ္ ေဒသအေခၚ ကရင္နီျပည္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ ဒီကေန႔အထိ တိုက္ပြဲေတြ ေန႔စဥ္ရက္ဆက္ျဖစ္ေနပါတယ္။ စစ္ေကာင္စီဘက္က လက္နက္ႀကီးေတြ အလြန္အကြၽံသုံးပစ္ခတ္ၿပီး အင္အားအေတာ္မ်ားမ်ားနဲ႔ စစ္ေၾကာင္း ျပန္ထိုးေနတယ္လို႔ ဒီးေမာ့ဆို PDF အဖြဲ႕က VOA ကို ေျပာပါတယ္။ ရွမ္း-ကယားနယ္စပ္က စစ္ေရးအေျခအေန ရန္ကုန္က စုံစမ္း ေမးျမန္းထားတာကို မခင္ျဖဴေထြး က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၃၀ ရက္ေန႔ကေန ဒီဇင္ဘာ ၆ ရက္ ဒီကေန႔အထိကို ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္း ရက္ဆက္တိုက္ပြဲေတြ ျဖစ္ပြားေနတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ ဗဟိုျပန္ၾကားေရးတာဝန္ခံတဦးက VOA ကို ခုလို ေျပာပါတယ္။

“ဒီေန႔အထိဆိုေတာ့ (ႏိုဝင္ဘာ) ၃၀ ရက္ေန႔ကေနေတာ့ စျဖစ္တယ္ေပါ့ေနာ္၊ ၃၀ ရက္ေန႔ကေန ဒီေန႔အထိပါပဲ။ ဒီေန႔ဆိုရင္ ၆ ရက္ေန႔အထိေပါ့ေနာ္- ဒီေန႔ခါက်ေတာ့ ေျမျပင္ထိေတြ႕မႈ ဘယ္ေလာက္ရွိလဲဆိုေတာ့ က်ေနာ္တို႔ေျပာလို႔ မရေသးဘူးေပါ့ေနာ္။”

စစ္ေကာင္စီတပ္ေတြ အထိုင္ခ် တပ္စြဲထားတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေသးဆူလဲေက်း႐ြာတပ္စခန္းနဲ႔ ကုန္သားေက်း႐ြာတပ္စခန္းေတြကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ေနာက္ဆုံးအပတ္က ကရင္နီပူးေပါင္းတပ္ေတြက ျပင္းျပင္းထန္ထန္ တိုက္ခိုက္သိမ္းယူခဲ့တာလို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။ အဲ့ဒီေနာက္ပိုင္း ေတာက္ေလွ်ာက္ တိုက္ပြဲေတြ ျဖစ္ေနတာလို႔ ဆိုပါတယ္။ ဒီဇင္ဘာ ၃ ရက္ေန႔မွာေတာ့ စစ္ေကာင္စီဘက္က ေလေၾကာင္းကေန ၁၁ ႀကိမ္ေလာက္ ဗုံးႀကဲ ပစ္ကူတိုက္ခိုက္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

စစ္ေကာင္စီဘက္က ဆုံးရႈံးသြားတဲ့ တပ္စခန္းေတြကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ဖို႔ လက္နက္ႀကီးေတြ အဆမတန္အသုံးျပဳပစ္ခတ္ၿပီး အခုအခါ အင္အားအေတာ္မ်ားနဲ႔ စစ္ေၾကာင္းျပန္ထိုးလာတယ္လို႔ ဆိုပါတယ္။ အဲဒီ့ စစ္ေကာင္စီတပ္ေတြဟာ အခုအခါ ေဒါကမီး ေက်း႐ြာဘက္ကို ေရာက္ရွိေနတယ္လို႔ ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ ျပန္ၾကားေရး တာဝန္ခံက ေျပာပါတယ္။

“သူတို႔ အဲ့စခန္းစြန႔္လႊတ္လိုက္ရတဲ့စခန္း ၂ ခုကို သူတို႔ျပန္လည္ၿပီးမွ ရယူတယ္လု႔ိ က်ေနာ္တို႔ ျမင္တယ္။ ဘာျဖစ္လဲဆိုေတာ့ သူတို႔က အင္အားအလုံးအရင္းနဲ႔လာၿပီးမွ လက္နက္ႀကီးေတြနဲ႔ ညလည္းပစ္တယ္၊ ေန႔လည္းပစ္တယ္။ မနက္ေစာေစာ သူတို႔ထိုးလာတဲ့အခ်ိန္ဆို တအားႀကီး အတြဲလိုက္ ဒုန္းေတြနဲ႔ အရင္လိုမဟုတ္ဘူး။ ျပင္းထန္တဲ့ လက္နက္ႀကီးအင္အားေတြ အသုံးျပဳၿပီးမွ ပစ္ခတ္ေနတာရွိခဲ့တယ္ေပါ့ေနာ္။ လက္ရွိေတာ့ စစ္ေၾကာင္း ဒီနားလာကေန သူတို႔ထိုးလာေတာ့ ေဒါကမီးရဲ႕႐ြာမွာ သူတို႔ေရာက္ေနၿပီးေပါ့ေနာ္”

ေဒသတြင္းမွာ စစ္ေကာင္စီဘက္ကပစ္တဲ့ လက္နက္ႀကီးသံေတြ မၾကာမၾကာ ၾကားေနရတယ္လို႔ ဒီးေမာ့ဆို ေဒသခံတဦးကေျပာပါတယ္။

“လက္နက္ႀကီးေတြကေတာ့ မၾကာခဏဆိုသလိုပဲေပါ့ေနာ္ အဲ့လိုမ်ိဳး သူတို႔က ပစ္ခတ္တယ္။ စစ္ေကာင္စီက အရပ္သားျပည္သူေတြ အိပ္ေကာင္းတဲ့အခ်ိန္ဆို ပစ္ခတ္တာေတြရွိတယ္ဗ်ဟုတ္။”

ဒါ့အျပင္ ရွမ္း-ကယားနယ္စပ္ျဖစ္တဲ့ မိုးၿဗဲၿမိဳ႕အစြန္ စက္ေတာ္ရာရပ္ကြက္ဘက္ကိုလည္း ခုရက္ပိုင္း လက္နက္ႀကီးနဲ႔ ေတာက္ေလွ်ာက္ ပစ္ခတ္ေနတယ္လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။ အဲ့ဒီနားတဝိုက္က အရပ္သားျပည္သူေတြလည္း မေနရဲၾကလို႔ ၿမိဳ႕ေပၚကို တိမ္းေရွာင္ လာၾကရတယ္လို႔ ဆိုပါတယ္။

“ဒီလိုပဲ ရက္တိုင္းခါက်ေတာ့ တိုက္ပြဲလည္းမရွိ။ ဒါေပမယ့္ သူတို႔က လက္နက္ႀကီးေတြ ေတာက္ေလွ်ာက္ ရမ္းထုေနတာ၊ စက္ေတာ္ရာဘက္ကို ရက္တိုင္းလိုလိုပဲ။ အဲ့ဒီစက္ေတာ္ရာမွာ ဘာမွမရွိဘူး။ လူေတာင္မေနရဲေတာ့ဘူး။ အဲ့နားတဝိုက္ဆို မိုးၿဗဲၿမိဳ႕ထဲမွာ အကုန္လုံး ေရွာင္လာၾကတယ္။ သူတို႔ အဲ့ဒီ ဒီးေမာ့ဆိုနဲ႔ မိုးၿဗဲဆို သိပ္မေဝးပါဘူး။ အဲ့နားမွာ သူတို႔ သြားရာလမ္းက တလမ္းပဲရွိလားမသိဘူး။ အဲ့ဒါလွမ္းၿပီး လက္နက္ႀကီးနဲ႔ ထုတာပဲ။”

လတ္တေလာ ဒီးေမာ့ဆို တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္တာမရွိေသးပါဘူး။

ဒီးေမာ့ဆိုမွာ ရက္ဆက္ တိုက္ပြဲ ျပင္းထန္.mp3
please wait

No media source currently available

0:00 0:03:10 0:00
တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ဒီးမော့ဆိုမှာ ရက်ဆက် တိုက်ပွဲ ပြင်းထန်

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အလွန်အကျွံသုံးပစ်ခတ်ပြီး အင်အားအတော်များများနဲ့ စစ်ကြောင်း ပြန်ထိုးနေတယ်လို့ ဒီးမော့ဆို PDF အဖွဲ့က VOA ကို ပြောပါတယ်။ ရှမ်း-ကယားနယ်စပ်က စစ်ရေးအခြေအနေ ရန်ကုန်က စုံစမ်း မေးမြန်းထားတာကို မခင်ဖြူထွေး က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၆ ရက် ဒီကနေ့အထိကို ဒီးမော့ဆိုမြို့နယ်တွင်း ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် ဗဟိုပြန်ကြားရေးတာဝန်ခံတဦးက VOA ကို ခုလို ပြောပါတယ်။

“ဒီနေ့အထိဆိုတော့ (နိုဝင်ဘာ) ၃၀ ရက်နေ့ကနေတော့ စဖြစ်တယ်ပေါ့နော်၊ ၃၀ ရက်နေ့ကနေ ဒီနေ့အထိပါပဲ။ ဒီနေ့ဆိုရင် ၆ ရက်နေ့အထိပေါ့နော်- ဒီနေ့ခါကျတော့ မြေပြင်ထိတွေ့မှု ဘယ်လောက်ရှိလဲဆိုတော့ ကျနော်တို့ပြောလို့ မရသေးဘူးပေါ့နော်။”

စစ်ကောင်စီတပ်တွေ အထိုင်ချ တပ်စွဲထားတဲ့ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာတပ်စခန်းနဲ့ ကုန်သားကျေးရွာတပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က ကရင်နီပူးပေါင်းတပ်တွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်သိမ်းယူခဲ့တာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲ့ဒီနောက်ပိုင်း တောက်လျှောက် တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၁ ကြိမ်လောက် ဗုံးကြဲ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဘက်က ဆုံးရှုံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လက်နက်ကြီးတွေ အဆမတန်အသုံးပြုပစ်ခတ်ပြီး အခုအခါ အင်အားအတော်များနဲ့ စစ်ကြောင်းပြန်ထိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီ့ စစ်ကောင်စီတပ်တွေဟာ အခုအခါ ဒေါကမီး ကျေးရွာဘက်ကို ရောက်ရှိနေတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“သူတို့ အဲ့စခန်းစွန့်လွှတ်လိုက်ရတဲ့စခန်း ၂ ခုကို သူတို့ပြန်လည်ပြီးမှ ရယူတယ်လု့ိ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က အင်အားအလုံးအရင်းနဲ့လာပြီးမှ လက်နက်ကြီးတွေနဲ့ ညလည်းပစ်တယ်၊ နေ့လည်းပစ်တယ်။ မနက်စောစော သူတို့ထိုးလာတဲ့အချိန်ဆို တအားကြီး အတွဲလိုက် ဒုန်းတွေနဲ့ အရင်လိုမဟုတ်ဘူး။ ပြင်းထန်တဲ့ လက်နက်ကြီးအင်အားတွေ အသုံးပြုပြီးမှ ပစ်ခတ်နေတာရှိခဲ့တယ်ပေါ့နော်။ လက်ရှိတော့ စစ်ကြောင်း ဒီနားလာကနေ သူတို့ထိုးလာတော့ ဒေါကမီးရဲ့ရွာမှာ သူတို့ရောက်နေပြီးပေါ့နော်”

ဒေသတွင်းမှာ စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးသံတွေ မကြာမကြာ ကြားနေရတယ်လို့ ဒီးမော့ဆို ဒေသခံတဦးကပြောပါတယ်။

“လက်နက်ကြီးတွေကတော့ မကြာခဏဆိုသလိုပဲပေါ့နော် အဲ့လိုမျိုး သူတို့က ပစ်ခတ်တယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေ အိပ်ကောင်းတဲ့အချိန်ဆို ပစ်ခတ်တာတွေရှိတယ်ဗျဟုတ်။”

ဒါ့အပြင် ရှမ်း-ကယားနယ်စပ်ဖြစ်တဲ့ မိုးဗြဲမြို့အစွန် စက်တော်ရာရပ်ကွက်ဘက်ကိုလည်း ခုရက်ပိုင်း လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီနားတဝိုက်က အရပ်သားပြည်သူတွေလည်း မနေရဲကြလို့ မြို့ပေါ်ကို တိမ်းရှောင် လာကြရတယ်လို့ ဆိုပါတယ်။

“ဒီလိုပဲ ရက်တိုင်းခါကျတော့ တိုက်ပွဲလည်းမရှိ။ ဒါပေမယ့် သူတို့က လက်နက်ကြီးတွေ တောက်လျှောက် ရမ်းထုနေတာ၊ စက်တော်ရာဘက်ကို ရက်တိုင်းလိုလိုပဲ။ အဲ့ဒီစက်တော်ရာမှာ ဘာမှမရှိဘူး။ လူတောင်မနေရဲတော့ဘူး။ အဲ့နားတဝိုက်ဆို မိုးဗြဲမြို့ထဲမှာ အကုန်လုံး ရှောင်လာကြတယ်။ သူတို့ အဲ့ဒီ ဒီးမော့ဆိုနဲ့ မိုးဗြဲဆို သိပ်မဝေးပါဘူး။ အဲ့နားမှာ သူတို့ သွားရာလမ်းက တလမ်းပဲရှိလားမသိဘူး။ အဲ့ဒါလှမ်းပြီး လက်နက်ကြီးနဲ့ ထုတာပဲ။”

လတ်တလော ဒီးမော့ဆို တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

XS
SM
MD
LG