သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏွစ္ျပည့္ ျပည္သူ႔ခုခံေတာ္လွန္စစ္နဲ႔ NUG အနာဂတ္ေတာ္လွန္ေရးအလားအလာ


အမ်ိဳးသားညီၫြတ္ေရး အစိုးရရဲ႕ ယာယီသမၼတ ဒူဝါလရွီးလ

[[Zawgyi/Unicode]]

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က ျပည္သူ႔ခုခံေတာ္လွန္စစ္အျဖစ္ စစ္ေကာင္စီကို ဆန႔္က်င္တိုက္ခိုက္မယ့္အေၾကာင္း ေၾကညာတာ ၁ ႏွစ္ျပည့္ၿပီးတဲ့ေနာက္ လာမယ့္ ၁ ႏွစ္အတြင္း ေတာ္လွန္ေရးအရွိန္ျမႇင့္တင္ၿပီး နယ္ေျမစိုးမိုးေရးေတြ ေပၚေပါက္လာမယ္လို႔ ေျပာပါတယ္။ လက္နက္ကိုင္တိုက္ပြဲေတြ ေနရာ ေတာ္ေတာ္မ်ားမ်ား ျဖစ္ပြားေနေပမယ့္ NUG ရဲ႕ နယ္ေျမစိုးမိုးေရးဆိုတဲ့ ေျပာဆိုခ်က္အေပၚ အျမင္အမ်ိဳးမ်ိဳးရွိေနၿပီး တိုးတက္မႈမရွိဘူးလို႔ သုံးသပ္တာေတြလည္း ရွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔လာတဲ့ သတင္းကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

၂၀၂၁ ခုႏွစ္ စက္တင္ဘာ ၇ ရက္ေန႔မွာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG က တႏိုင္ငံလုံး ျပည္သူ႔ခုခံစစ္တြန္းလွန္ၾကဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာ ဒီကေန႔ဆိုရင္ ၁ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ၁ ႏွစ္ျပည့္တဲ့ေန႔မွာပဲ အမ်ိဳးသားညီၫြတ္ေရး အစိုးရရဲ႕ ယာယီသမၼတ ဒူဝါလရွီးလက ေနာက္လာမယ့္ ျပည္သူ႔ခုခံစစ္ ၁ ႏွစ္အတြင္းမွာ နယ္ေျမစိုးမိုးမႈေတြ ပိုရရွိေအာင္လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုပါတယ္။

“ေရွ႕ ၁ ႏွစ္ျဖစ္တဲ့ ခုခံတြန္းလွန္စစ္ ဒုတိယႏွစ္အတြင္းမွာ လူထုရဲ႕ေတာ္လွန္ေရးႀကီးကို အင္နဲ႔အားနဲ႔ အရွိန္အဟုန္ျမႇင့္တင္ၿပီး စိုးမိုးထိန္းခ်ဳပ္နယ္ေျမေပါင္းမ်ားစြာေပၚလာလိမ့္မယ္လို႔ ေျပာခ်င္ပါတယ္။ လာမယ့္ ၁ ႏွစ္အတြင္းမွာ ယခုထက္ပိုမိုတဲ့ ႏိုင္ငံေရး၊ စစ္ေရး၊ ႏိုင္ငံတကာအေရး ရလဒ္ေတြ ထြက္ရွိဖို႔ အရွိန္အဟုန္ျမႇင့္ အားသြန္းႀကိဳးပမ္းေနၾကပါတယ္။”

ေရွ႕လာမယ့္ႏွစ္မွာ ေတာ္လွန္ေရးရဲ႕အဆုံးအျဖတ္ကိုရယူဖို႔ စိတ္ပိုင္းျဖတ္ၿပီးျဖစ္တယ္လို႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ကလည္း ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ဒီမိန႔္ခြန္းေတြ ေၾကညာခ်က္ေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ တုံ႔ျပန္တာေတာ့ မေတြ႕ရေသးပါဘူး။

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့ အခုလို ျပည္သူ႔ခုခံစစ္ ၁ ႏွစ္အတြင္းမွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြအေပၚ လက္နက္တပ္ဆင္မႈေတြ ရွိခဲ့ေပမယ့္ စစ္ေကာင္စီနဲ႔ ရင္ဆိုင္တိုက္ပြဲေတြမွာ အားနည္းေနတာရွိေသးတယ္လို႔ သုံးသပ္ပါတယ္။

“ဒီႏွစ္အစပိုင္းကေတာ့ တိုးတက္မႈေလးေတြ ျမင္ရတာေပါ့ဗ်ာ။ ဥပမာ စစ္ကိုင္းတိုင္းတို႔ဘက္မွာ မီးက်ိဳးေမာင္းပ်က္ ရရာလက္နက္နဲ႔ တိုက္ခိုက္ေနရာကေနၿပီးေတာ့ ေခတ္မွီလက္နက္အခ်ိဳ႕ရလာတာေပါ့ေနာ္။ တိုက္ပြဲေတြဆင္ႏိုင္တာ ေနာက္တခါ လမ္းမႀကီးေတြမွာ ေစာင့္တာ စစ္ေဆးတာ အဲ့ဒါမ်ိဳးေတြ လုပ္လာႏိုင္တယ္။ အဲ့ဒီကေနၿပီးေတာ့ ေနာက္ထပ္တဆင့္တက္ၿပီးတဲ့အခါက်ေတာ့ အစိုးရတပ္ကို ရင္ဆိုင္တိုက္ခိုက္တဲ့တိုက္ပြဲေတြ ေပၚလာတာ မေတြ႕ဘူး။ ဒီေနာက္ပိုင္းမွာ အေျခအေနက ဆက္လက္ၿပီး တိုးတက္လာတဲ့ အေနအထား မေတြ႕ရဘူး။”

အလႉေငြရရွိမႈေတြနဲ႔ လက္နက္တပ္ဆင္မႈေတြမွာ အားနည္းခ်က္ေတြရွိေနတယ္ဆိုတာကို အမ်ိဳးသားညီၫြတ္ေရးအစိုးရကလည္း ဝန္ခံထားပါတယ္။ အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္အတြင္း လက္နက္ကိုင္ ခုခံတိုက္ခိုက္မႈေတြ ရွိခဲ့ေပမယ့္ စစ္ေကာင္စီဘက္က ေလေၾကာင္းကေနထိုးစစ္ဆင္ၿပီး ေဒသခံကာကြယ္ေရးတပ္ေတြကို ႏွိမ္ႏွင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။

ေဒသခံေက်း႐ြာအမ်ားအျပား မီးရႈိ႕ခံရၿပီး အၾကမ္းဖက္မႈေတြနဲ႔ပတ္သက္လို႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီၾကား အျပန္အလွန္စြပ္စြဲခ်က္ေတြလည္း ထြက္ေပၚေနပါတယ္။ နယ္ေျမစိုးမိုးတဲ့အေျခအေနအေပၚ သုံးသပ္ခ်က္ေတြမွာလည္း ကြဲလြဲခ်က္ေတြ ရွိေနပါတယ္။

စစ္ကိုင္းတိုင္းထဲက ေဒသခံကာကြယ္ေရးအဖြဲ႕ တာဝန္ရွိသူတဦးကေတာ့ ေနာက္လာမယ့္ ႏွစ္မွာ စစ္ေရးအေျခအေန ပိုၿပီး တင္းမာလာႏိုင္တယ္လို႔ အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ၿမိဳ႕နယ္မွာေတာ့ ေတာ္ေတာ္ေလးကို တိုးတက္လာတယ္။ က်ေနာ္တို႔ၿမိဳ႕နယ္မွာ ေတာ္ေတာ္ မ်ားမ်ားလည္း အဲ့အတြက္ ထိုးစစ္အတြက္ပါ ျပင္ဆင္ၿပီးၿပီ။ NUG လမ္းၫႊန္မႈနဲ႔ေပါ့။ ခုခံစစ္ကေန အရင္ တုန္းက က်ေနာ္တို႔ခံစစ္ကစားတယ္။ အခုက ထိုးစစ္ကစားေတာ့မယ္။ အဲ့အတြက္ေၾကာင့္မို႔ စစ္ေရးအေျခအေနက ဒီ့ထက္ပိုၿပီး တင္းမာေတာ့မယ္။ အဓိက က ေလယာဥ္ပစ္ကို မနည္းႀကိဳးစားရွာေနရတယ္။ အျမန္ဆုံးစစ္ေကာင္စီကို တိုက္ထုတ္ႏိုင္တာက ေလယာဥ္ပစ္ေပါ့။”

စစ္ေကာင္စီက အာဏာသိမ္းၿပီး ၁ ႏွစ္ေက်ာ္အတြင္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၁,၅၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး စစ္ေကာင္စီဘက္က ၇,၀၀၀ ေက်ာ္ ေသဆုံးခဲ့သလို ေနအိမ္အေဆာက္အဦး ၃ ေသာင္းေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ အမ်ိဳးသားညီၫြတ္ေရး အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။
စစ္ေကာင္စီဘက္ကလည္း ဒီကိန္းဂဏန္းေတြနဲ႔ ပတ္သက္လို႔ အၿမဲတေစ ျငင္းဆိုေလ့ရွိၿပီး ႐ြာေတြကို မီးရႈိ႕ဖ်က္ဆီးတာဟာ သူတို႔မဟုတ္ဘူးလို႔ ျငင္းဆိုေနပါတယ္။

ႏိုင္ငံတကာက ျမန္မာ့အေရးေလ့လာသူေတြကေတာ့ မိုးရာသီကုန္ဆုံးမယ့္ ေျခာက္ေသြ႕ရာသီမွာ လက္နက္ကိုင္တိုက္ပြဲေတြ ပို ျပင္းထန္လာႏိုင္ၿပီး ျမန္မာႏိုင္ငံရဲ႕ ဘက္ေပါင္းစုံ အၾကပ္အတည္းေတြပိုၿပီး ႀကီးထြားလာႏိုင္တယ္ဆိုတာကို ခန႔္မွန္း သတိေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

တနှစ်ပြည့် ပြည်သူ့ခုခံတော်လှန်စစ်နဲ့ NUG အနာဂတ်တော်လှန်ရေးအလားအလာ

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့ခုခံတော်လှန်စစ်အဖြစ် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မယ့်အကြောင်း ကြေညာတာ ၁ နှစ်ပြည့်ပြီးတဲ့နောက် လာမယ့် ၁ နှစ်အတွင်း တော်လှန်ရေးအရှိန်မြှင့်တင်ပြီး နယ်မြေစိုးမိုးရေးတွေ ေပါ်ပေါက်လာမယ်လို့ ပြောပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ နေရာ တော်တော်များများ ဖြစ်ပွားနေပေမယ့် NUG ရဲ့ နယ်မြေစိုးမိုးရေးဆိုတဲ့ ပြောဆိုချက်အပေါ် အမြင်အမျိုးမျိုးရှိနေပြီး တိုးတက်မှုမရှိဘူးလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တနိုင်ငံလုံး ပြည်သူ့ခုခံစစ်တွန်းလှန်ကြဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဒီကနေ့ဆိုရင် ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ၁ နှစ်ပြည့်တဲ့နေ့မှာပဲ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နောက်လာမယ့် ပြည်သူ့ခုခံစစ် ၁ နှစ်အတွင်းမှာ နယ်မြေစိုးမိုးမှုတွေ ပိုရရှိအောင်လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။

“ရှေ့ ၁ နှစ်ဖြစ်တဲ့ ခုခံတွန်းလှန်စစ် ဒုတိယနှစ်အတွင်းမှာ လူထုရဲ့တော်လှန်ရေးကြီးကို အင်နဲ့အားနဲ့ အရှိန်အဟုန်မြှင့်တင်ပြီး စိုးမိုးထိန်းချုပ်နယ်မြေပေါင်းများစွာပေါ်လာလိမ့်မယ်လို့ ပြောချင်ပါတယ်။ လာမယ့် ၁ နှစ်အတွင်းမှာ ယခုထက်ပိုမိုတဲ့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်းကြိုးပမ်းနေကြပါတယ်။”

ရှေ့လာမယ့်နှစ်မှာ တော်လှန်ရေးရဲ့အဆုံးအဖြတ်ကိုရယူဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒီမိန့်ခွန်းတွေ ကြေညာချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အခုလို ပြည်သူ့ခုခံစစ် ၁ နှစ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအပေါ် လက်နက်တပ်ဆင်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အားနည်းနေတာရှိသေးတယ်လို့ သုံးသပ်ပါတယ်။

“ဒီနှစ်အစပိုင်းကတော့ တိုးတက်မှုလေးတွေ မြင်ရတာပေါ့ဗျာ။ ဥပမာ စစ်ကိုင်းတိုင်းတို့ဘက်မှာ မီးကျိုးမောင်းပျက် ရရာလက်နက်နဲ့ တိုက်ခိုက်နေရာကနေပြီးတော့ ခေတ်မှီလက်နက်အချို့ရလာတာပေါ့နော်။ တိုက်ပွဲတွေဆင်နိုင်တာ နောက်တခါ လမ်းမကြီးတွေမှာ စောင့်တာ စစ်ဆေးတာ အဲ့ဒါမျိုးတွေ လုပ်လာနိုင်တယ်။ အဲ့ဒီကနေပြီးတော့ နောက်ထပ်တဆင့်တက်ပြီးတဲ့အခါကျတော့ အစိုးရတပ်ကို ရင်ဆိုင်တိုက်ခိုက်တဲ့တိုက်ပွဲတွေ ပေါ်လာတာ မတွေ့ဘူး။ ဒီနောက်ပိုင်းမှာ အခြေအနေက ဆက်လက်ပြီး တိုးတက်လာတဲ့ အနေအထား မတွေ့ရဘူး။”

အလှူငွေရရှိမှုတွေနဲ့ လက်နက်တပ်ဆင်မှုတွေမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာကို အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဝန်ခံထားပါတယ်။ အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းကနေထိုးစစ်ဆင်ပြီး ဒေသခံကာကွယ်ရေးတပ်တွေကို နှိမ်နှင်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒေသခံကျေးရွာအများအပြား မီးရှို့ခံရပြီး အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပြန်အလှန်စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။ နယ်မြေစိုးမိုးတဲ့အခြေအနေအပေါ် သုံးသပ်ချက်တွေမှာလည်း ကွဲလွဲချက်တွေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကတော့ နောက်လာမယ့် နှစ်မှာ စစ်ရေးအခြေအနေ ပိုပြီး တင်းမာလာနိုင်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့မြို့နယ်မှာတော့ တော်တော်လေးကို တိုးတက်လာတယ်။ ကျနော်တို့မြို့နယ်မှာ တော်တော် များများလည်း အဲ့အတွက် ထိုးစစ်အတွက်ပါ ပြင်ဆင်ပြီးပြီ။ NUG လမ်းညွှန်မှုနဲ့ပေါ့။ ခုခံစစ်ကနေ အရင် တုန်းက ကျနော်တို့ခံစစ်ကစားတယ်။ အခုက ထိုးစစ်ကစားတော့မယ်။ အဲ့အတွက်ကြောင့်မို့ စစ်ရေးအခြေအနေက ဒီ့ထက်ပိုပြီး တင်းမာတော့မယ်။ အဓိက က လေယာဉ်ပစ်ကို မနည်းကြိုးစားရှာနေရတယ်။ အမြန်ဆုံးစစ်ကောင်စီကို တိုက်ထုတ်နိုင်တာက လေယာဉ်ပစ်ပေါ့။”

စစ်ကောင်စီက အာဏာသိမ်းပြီး ၁ နှစ်ကျော်အတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင် ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၇,၀၀၀ ကျော် သေဆုံးခဲ့သလို နေအိမ်အဆောက်အဦး ၃ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ အမြဲတစေ ငြင်းဆိုလေ့ရှိပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့မဟုတ်ဘူးလို့ ငြင်းဆိုနေပါတယ်။

နိုင်ငံတကာက မြန်မာ့အရေးလေ့လာသူတွေကတော့ မိုးရာသီကုန်ဆုံးမယ့် ခြောက်သွေ့ရာသီမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပို ပြင်းထန်လာနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံ အကြပ်အတည်းတွေပိုပြီး ကြီးထွားလာနိုင်တယ်ဆိုတာကို ခန့်မှန်း သတိပေးနေကြပါတယ်။

XS
SM
MD
LG