သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ပ္ေငြ မတည္ၿငိမ္မႈေၾကာင့္ ေရႊေစ်းနဲ႔ စက္သုံးဆီေစ်းကြက္ ထိခိုက္ 


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက တရားဝင္ထုတ္ျပန္တဲ့ ေ႐ႊ တက်ပ္ သားရဲ႕ ရည္ၫႊန္းတန္ဖိုးဟာ ၂၁ သိန္းေက်ာ္ကို ပထမဆုံးအႀကိမ္ ေရာက္သြားပါတယ္။ ေဒၚလာေစ်းနဲ႔ ေစ်းကစားမႈေတြေၾကာင့္ ေ႐ႊေစ်းက ထိန္းရသိမ္းရခက္ေနတယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ဗြီအိုေအကိုေျပာပါတယ္။ က်ပ္ေငြလဲႏႈန္းထိုးက်ၿပီး ေငြလဲႏႈန္း မတည္ၿငိမ္မႈေၾကာင့္ ေရႊေစ်းနဲ႔အတူ စက္သုံးဆီျပတ္လပ္တာေတြပါ ဆက္ၿပီး ရင္ဆိိုင္ေနရပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ စက္သုံးဆီနဲ႔ ပတ္သက္ တဲ့ ေကာလဟလေတြကို မယုံဖို႔နဲ႔ မစိုးရိမ္ဖို႔ အာမခံ ေျပာဆိုေနပါတယ္။ စီးပြားေရးအေျခအေန ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုစံေက်ာ္ထြန္းက တင္ျပေပးထားပါတယ္။

ေဒၚလာေစ်းအတက္ျမန္ၿပီး ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းသြားတဲ့ တခ်ိန္တည္းမွာ ေ႐ႊေစ်းႏႈန္းကလည္း ထိန္းသိမ္းရခက္ခဲေနၿပီး အခုဆိုရင္ ေ႐ႊတက်ပ္သားကို က်ပ္၂၁ သိန္းအထိ ပထမဆုံးအႀကိမ္ ေရာက္လာခဲ့တယ္လို႔ ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠ႒က ဗြီအိုေအကို ေျပာပါတယ္။ ျပင္ပမွာ တေဒၚလာကို က်ပ္ ၃,၀၀၀ ေလာက္အထိ ေစ်းေခၚေနတာေၾကာင့္ အခုလိုအေျခအေန ေရာက္ေနတာလို႔ သူကေျပာပါတယ္။

"အဓိကေတာ့ ေဒၚလာေစ်းေပါ့၊ က်ေနာ္တို႔ ျပည္တြင္းေဒၚလာေစ်းက ဗ်ာ၊ ထထၿပီးေတာ့ ေဖာက္ေနတာ အဲလိုျဖစ္ေန။ စေနေန႔ကဆို က်ေနာ္တို႔ လႈိင္သာယာမွာ ဆိုင္သြားဖြင့္တယ္။ ဆိုင္သြားဖြင့္တဲ့အခ်ိန္ ၿခံေတြေရာင္းဝယ္တဲ့သူတေယာက္က (က်ပ္) သိန္း ၇,၀၀၀ ဖိုး ေဒၚလာဝယ္ခ်င္တယ္ဆိုၿပီး ေဖ့စ္ဘြတ္ေပၚတင္လိုက္တာ အဲဒီေန႔က (ေဒၚလာက) ၂,၆၅၀ ေစ်းေလာက္ေပါက္တာကို သူက ၃,၀၀၀ ေစ်းေပးမယ္ဆိုၿပီးတင္လိုက္တာ ခ်က္ခ်င္း ေ႐ႊေစ်းပါ ၂ သိန္းတက္သြားေရာ။ က်ေနာ္တို႔ ဒီရက္ထဲမွာလည္း ထိန္းရသိမ္းရ နည္းနည္းအခက္အခဲရွိတယ္ဗ်။"

ေဒၚလာေငြလဲႏႈန္းဟာ ႀကိဳက္ေရာင္း၊ ႀကိဳက္ဝယ္ေစ်းကြက္မွာ အေမရိကန္တေဒၚလာကို ျမန္မာက်ပ္ေငြ ၃,၀၀၀ ေလာက္အထိ တရားမဝင္ ေပးဝယ္ေနတာေတြ ရွိေနတယ္လို႔ လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ရန္ကုန္ ေ႐ႊလုပ္ငန္းရွင္မ်ား အသင္း႐ုံးမွာ အရင္ကလို ေ႐ႊအေရာင္းအဝယ္မရွိသလို ေစ်းျမႇင့္ေခၚေနတာေၾကာင့္ ျပင္ပေ႐ႊေစ်း တက်ပ္သားကို က်ပ္ ၂၆ သိန္း ေလာက္ ျဖစ္လာတယ္လို႔ သူကေျပာပါတယ္။ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ေစ်းကြက္မွာ တခ်ိဳ႕ကလည္း ေ႐ႊတက်ပ္သားကို က်ပ္၂၈ သိန္းအထိ ေစ်းေခၚေနပါတယ္။ တကယ္ေတာ့ ေ႐ႊသန႔္စင္ဖိုေတြမွာ ေ႐ႊကိုမနားတမ္း ထုတ္ေနေပမယ့္ ေဒၚလာေစ်းေၾကာင့္ ေ႐ႊကိုင္ထားသူေတြ မ်ားေနတဲ့အတြက္ ေစ်းမက်ႏိုင္ေသးတာလို႔ ေ႐ႊကုန္သည္အသင္းဥကၠ႒က ေျပာပါတယ္။

" သန႔္စင္တဲ့ဖိုေတြမွာ က်ေနာ္တို႔ ေ႐ႊအျပည့္ လုပ္ငန္းလည္ပတ္ေနတုန္း ရွိေသးတယ္၊ ေ႐ႊကမရွားဘူး။ ဒီဘက္က ကုန္သည္ေတြရဲ႕ သေဘာသဘာဝအရ အဲဒီေဒၚလာကေရာက္လာရင္း ေရာင္းတဲ့သူက ရႈံးသြားျပန္ရင္း၊ ေရာင္းတဲ့သူေတြက မေရာင္းေတာ့ဘဲနဲ႔ ကိုင္ထားတဲ့သေဘာပါ။ ဒါလည္း အခိုက္အတန႔္ပဲ ျဖစ္သြားမွာပါ၊ ေနာက္ပိုင္း ေဒၚလာေစ်းၿပိဳက်သြားရင္ေတာ့ အကုန္လုံး ျပန္က်သြားမွာပဲ။"

ဗဟိုဘဏ္ရဲ႕ အေမရိကန္ေဒၚလာ ရည္ၫႊန္းတန္ဖိုးကေတာ့ တေဒၚလာကို ၂,၁၀၀ က်ပ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ျပင္ပမွာေတာ့ တေဒၚလာကို က်ပ္ ၃,၀၀၀ ဝန္းက်င္နဲ႔ပဲ အေရာင္းအဝယ္ လုပ္ေနၾကတာပါ။ အထူးသျဖင့္း သြင္းကုန္လုပ္ငန္းရွင္ေတြက ေဒၚလာကို ေစ်းကြက္ေပါက္ေစ်းအတိုင္း လိုက္ၿပီးဝယ္ေနရတယ္လို႔ စားအုန္းဆီလုပ္ငန္းရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

" ေနာက္ဆုံးကေတာ့ ေပၚလစီနဲ႔ပတ္သက္တာ ေဒၚလာေပါ့၊ control လုပ္လိုက္တဲ့အခါက်ေတာ့ အကုန္လုံးက က်ပ္တာေပါ့။ အျပင္မွာ ေမွာင္ခိုေတြျဖစ္၊ ေမွာင္ခိုက မတရားတက္တာေပါ့။ အကုန္လုံး ေငြရွားပါးၿပီးေတာ့ စီးပြားေရးသမားေတြလည္း သူတို႔ဆီက ေလာေလာဆယ္ ေငြမရတဲ့အခါက်ေတာ့ လုပ္ငန္းကိုင္ငန္းေတြအကုန္ ထိခိုက္တာေပါ့။"

စက္သုံးဆီျပတ္လပ္တာလည္း ေဒၚလာေငြရွားပါးတာနဲ႔ အဓိကသက္ဆိုင္ေနတယ္ လို႔ စက္သုံးဆီေရာင္းခ်သူတခ်ိဳ႕က ေျပာပါတယ္။ ၿပီးခဲ့တဲ့တပတ္အတြင္း ေနရာအႏွံ႔မွာ စက္သုံးဆီျပတ္လပ္ၿပီး 92 ေအာက္တိန္းတလီတာကို က်ပ္ ၄,၀၀၀ ေလာက္အထိ တက္ခဲ့ပါတယ္။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ စက္သုံးဆီနဲ႔ ပတ္သက္လို႔ စိုးရိမ္စရာမရွိတဲ့အေၾကာင္း ဆီသေဘာၤေတြ သီလဝါဆိပ္ကမ္းမွာ ဆိုက္ကပ္ ဆီခ်ေနၿပီး ခန္႔မွန္းေျခ ဆီတန္ခ်ိန္ ေျခာက္ေသာင္းေလာက္ ခ်ေနတဲ့အေၾကာင္းနဲ႔ မၾကာခင္ရက္ပိုင္းအတြင္းမွာလည္း တန္ခ်ိန္ ႏွစ္ေသာင္းေလာက္ထပ္ဝင္လာမယ္လို႔ ေျပာဆိုေနပါတယ္။ တကယ္ေတာ့ စက္သုံးဆီက ျပတ္လပ္တာမဟုတ္ဘဲ အေရာင္းဆိုင္ေတြက ေစ်းႏႈန္းအေျပာင္းအလဲ ျဖစ္လာမယ္လို႔ယူဆၿပီး အေရာင္းရပ္တာ၊ ကန႔္သတ္ ေရာင္းခ်တာေတြ လုပ္ေနတာလို႔ စစ္ေကာင္စီရဲ႕ ရန္ကုန္တိုင္း အစိုးရအဖြဲ႕က ေၾကညာထားပါတယ္။ မေရာင္းေပးတဲ့ စက္သုံးဆီဆိုင္ေတြကိုလည္း ႀကီးၾကပ္အေရးယူသြားမယ္လို႔ ၿပီးခဲ့တဲ့ သတင္းပတ္ကုန္က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ကျပ်ငွေ မတည်ငြိမ်မှုကြောင့် ရွှေဈေးနဲ့ စက်သုံးဆီဈေးကွက် ထိခိုက်

မြန်မာနိုင်ငံမှာ ရွှေလုပ်ငန်းရှင်များအသင်းက တရားဝင်ထုတ်ပြန်တဲ့ ရွှေ တကျပ် သားရဲ့ ရည်ညွှန်းတန်ဖိုးဟာ ၂၁ သိန်းကျော်ကို ပထမဆုံးအကြိမ် ရောက်သွားပါတယ်။ ဒေါ်လာဈေးနဲ့ ဈေးကစားမှုတွေကြောင့် ရွှေဈေးက ထိန်းရသိမ်းရခက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဗွီအိုအေကိုပြောပါတယ်။ ကျပ်ငွေလဲနှုန်းထိုးကျပြီး ငွေလဲနှုန်း မတည်ငြိမ်မှုကြောင့် ရွှေဈေးနဲ့အတူ စက်သုံးဆီပြတ်လပ်တာတွေပါ ဆက်ပြီး ရင်ဆိုင်နေရပါတယ်။ မြန်မာစစ်ကောင်စီကတော့ စက်သုံးဆီနဲ့ ပတ်သက် တဲ့ ကောလဟလတွေကို မယုံဖို့နဲ့ မစိုးရိမ်ဖို့ အာမခံ ပြောဆိုနေပါတယ်။ စီးပွားရေးအခြေအနေ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုစံကျော်ထွန်းက တင်ပြပေးထားပါတယ်။

ဒေါ်လာဈေးအတက်မြန်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားတဲ့ တချိန်တည်းမှာ ရွှေဈေးနှုန်းကလည်း ထိန်းသိမ်းရခက်ခဲနေပြီး အခုဆိုရင် ရွှေတကျပ်သားကို ကျပ်၂၁ သိန်းအထိ ပထမဆုံးအကြိမ် ရောက်လာခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။ ပြင်ပမှာ တဒေါ်လာကို ကျပ် ၃,၀၀၀ လောက်အထိ ဈေးခေါ်နေတာကြောင့် အခုလိုအခြေအနေ ရောက်နေတာလို့ သူကပြောပါတယ်။

"အဓိကတော့ ဒေါ်လာဈေးပေါ့၊ ကျနော်တို့ ပြည်တွင်းဒေါ်လာဈေးက ဗျာ၊ ထထပြီးတော့ ဖောက်နေတာ အဲလိုဖြစ်နေ။ စနေနေ့ကဆို ကျနော်တို့ လှိုင်သာယာမှာ ဆိုင်သွားဖွင့်တယ်။ ဆိုင်သွားဖွင့်တဲ့အချိန် ခြံတွေရောင်းဝယ်တဲ့သူတယောက်က (ကျပ်) သိန်း ၇,၀၀၀ ဖိုး ဒေါ်လာဝယ်ချင်တယ်ဆိုပြီး ဖေ့စ်ဘွတ်ပေါ်တင်လိုက်တာ အဲဒီနေ့က (ဒေါ်လာက) ၂,၆၅၀ ဈေးလောက်ပေါက်တာကို သူက ၃,၀၀၀ ဈေးပေးမယ်ဆိုပြီးတင်လိုက်တာ ချက်ချင်း ရွှေဈေးပါ ၂ သိန်းတက်သွားရော။ ကျနော်တို့ ဒီရက်ထဲမှာလည်း ထိန်းရသိမ်းရ နည်းနည်းအခက်အခဲရှိတယ်ဗျ။"

ဒေါ်လာငွေလဲနှုန်းဟာ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၃,၀၀၀ လောက်အထိ တရားမဝင် ပေးဝယ်နေတာတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန် ရွှေလုပ်ငန်းရှင်များ အသင်းရုံးမှာ အရင်ကလို ရွှေအရောင်းအဝယ်မရှိသလို ဈေးမြှင့်ခေါ်နေတာကြောင့် ပြင်ပရွှေဈေး တကျပ်သားကို ကျပ် ၂၆ သိန်း လောက် ဖြစ်လာတယ်လို့ သူကပြောပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဈေးကွက်မှာ တချို့ကလည်း ရွှေတကျပ်သားကို ကျပ်၂၈ သိန်းအထိ ဈေးခေါ်နေပါတယ်။ တကယ်တော့ ရွှေသန့်စင်ဖိုတွေမှာ ရွှေကိုမနားတမ်း ထုတ်နေပေမယ့် ဒေါ်လာဈေးကြောင့် ရွှေကိုင်ထားသူတွေ များနေတဲ့အတွက် ဈေးမကျနိုင်သေးတာလို့ ရွှေကုန်သည်အသင်းဥက္ကဋ္ဌက ပြောပါတယ်။

" သန့်စင်တဲ့ဖိုတွေမှာ ကျနော်တို့ ရွှေအပြည့် လုပ်ငန်းလည်ပတ်နေတုန်း ရှိသေးတယ်၊ ရွှေကမရှားဘူး။ ဒီဘက်က ကုန်သည်တွေရဲ့ သဘောသဘာဝအရ အဲဒီဒေါ်လာကရောက်လာရင်း ရောင်းတဲ့သူက ရှုံးသွားပြန်ရင်း၊ ရောင်းတဲ့သူတွေက မရောင်းတော့ဘဲနဲ့ ကိုင်ထားတဲ့သဘောပါ။ ဒါလည်း အခိုက်အတန့်ပဲ ဖြစ်သွားမှာပါ၊ နောက်ပိုင်း ဒေါ်လာဈေးပြိုကျသွားရင်တော့ အကုန်လုံး ပြန်ကျသွားမှာပဲ။"

ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာ ရည်ညွှန်းတန်ဖိုးကတော့ တဒေါ်လာကို ၂,၁၀၀ ကျပ် ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ပမှာတော့ တဒေါ်လာကို ကျပ် ၃,၀၀၀ ဝန်းကျင်နဲ့ပဲ အရောင်းအဝယ် လုပ်နေကြတာပါ။ အထူးသဖြင့်း သွင်းကုန်လုပ်ငန်းရှင်တွေက ဒေါ်လာကို ဈေးကွက်ပေါက်ဈေးအတိုင်း လိုက်ပြီးဝယ်နေရတယ်လို့ စားအုန်းဆီလုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" နောက်ဆုံးကတော့ ပေါ်လစီနဲ့ပတ်သက်တာ ဒေါ်လာပေါ့၊ control လုပ်လိုက်တဲ့အခါကျတော့ အကုန်လုံးက ကျပ်တာပေါ့။ အပြင်မှာ မှောင်ခိုတွေဖြစ်၊ မှောင်ခိုက မတရားတက်တာပေါ့။ အကုန်လုံး ငွေရှားပါးပြီးတော့ စီးပွားရေးသမားတွေလည်း သူတို့ဆီက လောလောဆယ် ငွေမရတဲ့အခါကျတော့ လုပ်ငန်းကိုင်ငန်းတွေအကုန် ထိခိုက်တာပေါ့။"

စက်သုံးဆီပြတ်လပ်တာလည်း ဒေါ်လာငွေရှားပါးတာနဲ့ အဓိကသက်ဆိုင်နေတယ် လို့ စက်သုံးဆီရောင်းချသူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်း နေရာအနှံ့မှာ စက်သုံးဆီပြတ်လပ်ပြီး 92 အောက်တိန်းတလီတာကို ကျပ် ၄,၀၀၀ လောက်အထိ တက်ခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်သုံးဆီနဲ့ ပတ်သက်လို့ စိုးရိမ်စရာမရှိတဲ့အကြောင်း ဆီသဘောၤတွေ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ် ဆီချနေပြီး ခန့်မှန်းခြေ ဆီတန်ချိန် ခြောက်သောင်းလောက် ချနေတဲ့အကြောင်းနဲ့ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း တန်ချိန် နှစ်သောင်းလောက်ထပ်ဝင်လာမယ်လို့ ပြောဆိုနေပါတယ်။ တကယ်တော့ စက်သုံးဆီက ပြတ်လပ်တာမဟုတ်ဘဲ အရောင်းဆိုင်တွေက ဈေးနှုန်းအပြောင်းအလဲ ဖြစ်လာမယ်လို့ယူဆပြီး အရောင်းရပ်တာ၊ ကန့်သတ် ရောင်းချတာတွေ လုပ်နေတာလို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကြေညာထားပါတယ်။ မရောင်းပေးတဲ့ စက်သုံးဆီဆိုင်တွေကိုလည်း ကြီးကြပ်အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်ကုန်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG