သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အဂတိ ၂ မႈ မၾကာခင္ အၿပီးသတ္အမိန္႔ခ်ႏိုင္


ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ (ဓာတ္ပံု - Aung San Suu Kyi's Official Facebook - စက္တင္ဘာ ၀၇၊ ၂၀၂၀)

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ရင္ဆိုင္ေနရဆဲအမႈေတြထဲက ေနာက္ထပ္အဂတိမႈ ၂ မႈကို လာမယ့္ ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ အၿပီးသတ္အမိန႔္ခ်မွတ္ သြားမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း တရားေရးသတင္းရပ္ကြက္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္ဆီက အေမရိကန္ေဒၚလာ ငါးသိန္းခြဲကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ လက္ခံရယူခဲ့တယ္ဆိုၿပီး ပုဒ္မ ၅၅ နဲ႔ အမႈ ၂ မႈတပ္ တရားစြဲဆိုထားပါတယ္။ အမႈေတြနဲ႔ ပတ္သက္ၿပီး ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက တရား႐ုံးမွာ အၿပီးသတ္ေလွ်ာက္လဲခ်က္ေပးခဲ့ၾကပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ ေမာင္ဝိတ္အေနနဲ႔ သူ႔သေဘာဆႏၵအရ လႉဒါန္းခဲ့တာျဖစ္တာေၾကာင့္ မသက္ဆိုင္ဘဲ ျပစ္မႈကင္းရွင္းေၾကာင္း ေရွ႕ေနေတြဘက္က ေလွ်ာက္လဲခ်က္ေပးခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ကလည္း ၿပီးခဲ့တဲ့ သီတင္းပတ္႐ုံးခ်ိန္းမွာ စြပ္စြဲခ်က္ေတြ အကုန္လုံးကို ျငင္းဆိုခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြကေျပာျပပါတယ္။ အမႈကို ႐ုံးတင္ စစ္ေဆးတာမွာ အျပင္ကလူေတြ၊ သတင္းဌာနေတြ လာေရာက္ခြင့္မရွိသလို ေရွ႕ေနေတြကိုလည္း အျပင္နဲ႔ အမႈအေၾကာင္း ေျပာဆိုခြင့္ ပိတ္ပင္ထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီဘက္က အမႈေပါင္း ၂၀ နီးပါးနဲ႔ တရားစြဲခဲ့ၿပီး လက္ရွိမွာ အမႈေပါင္း ၁၃ မႈနဲ႔ ေထာင္ဒဏ္ ၂၃ ႏွစ္ ျပစ္ဒဏ္ခ်မွတ္ထားပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္နဲ႔ ဆက္စပ္တဲ့အမႈ ၂ မႈအပါအဝင္ အမႈရင္ဆိုင္ေနရဆဲ ၇ မႈ က်န္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည် အဂတိ ၂ မှု မကြာခင် အပြီးသတ်အမိန့်ချနိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲအမှုတွေထဲက နောက်ထပ်အဂတိမှု ၂ မှုကို လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ် သွားမယ်လို့ မျှော်လင့်ကြောင်း တရားရေးသတင်းရပ်ကွက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လက်ခံရယူခဲ့တယ်ဆိုပြီး ပုဒ်မ ၅၅ နဲ့ အမှု ၂ မှုတပ် တရားစွဲဆိုထားပါတယ်။ အမှုတွေနဲ့ ပတ်သက်ပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တရားရုံးမှာ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်အနေနဲ့ သူ့သဘောဆန္ဒအရ လှူဒါန်းခဲ့တာဖြစ်တာကြောင့် မသက်ဆိုင်ဘဲ ပြစ်မှုကင်းရှင်းကြောင်း ရှေ့နေတွေဘက်က လျှောက်လဲချက်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ရုံးချိန်းမှာ စွပ်စွဲချက်တွေ အကုန်လုံးကို ငြင်းဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပြပါတယ်။ အမှုကို ရုံးတင် စစ်ဆေးတာမှာ အပြင်ကလူတွေ၊ သတင်းဌာနတွေ လာရောက်ခွင့်မရှိသလို ရှေ့နေတွေကိုလည်း အပြင်နဲ့ အမှုအကြောင်း ပြောဆိုခွင့် ပိတ်ပင်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အမှုပေါင်း ၂၀ နီးပါးနဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၃ မှုနဲ့ ထောင်ဒဏ် ၂၃ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ဆက်စပ်တဲ့အမှု ၂ မှုအပါအဝင် အမှုရင်ဆိုင်နေရဆဲ ၇ မှု ကျန် ရှိနေပါတယ်။

XS
SM
MD
LG