သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ အဂတိစွဲချက်တွေအတွက် သမ္မတဦးဝင်းမြင့်ကို စစ်ဆေး   


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်

[[Zawgyi/Unicode]]

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုအတွက် ကြားနာ စစ်ဆေးနေတာမှာ စွပ်စွဲခံရသူအနေနဲ့ သမ္မတဦးဝင်းမြင့်က ဒီနေ့ ပထမဆုံးအကြိမ် ထွက်ဆိုပါတယ်။ နောက်တပတ်ရုံးချိန်းမှာ ထပ်မံ စစ်ဆေးသွားဖို့ ရှိပြီး ဦးဝင်းမြင့်ကို စစ်ဆေးပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် စစ်ဆေးသွားမယ်လို့လည်း ပြောပါတယ်။

ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ ပြုပြင်တာတွေမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တရားစွဲဆို ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ခုခံချေပမယ့် သက်သေ ၃ ဦးထက်မနည်းကို ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က တင်ပြထားတယ်လို့ တရားရုံး စာရင်းတွေအရ သိထားရပါတယ်။ စစ်ဆေးမှုတွေအပြီးသတ်အောင် တွန်းအားပေးနေတဲ့အတွက် နောက်ဆုံးကျန်တဲ့ ဒီအဂတိလိုက်စားမှု ၅ မှုကို ဒီနှစ်မကုန်ခင်မှာ အပြီးသတ်အမိန့် ချမှတ်နိုင်ဖွယ်ရှိတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက မျှော်လင့်ထားပါတယ်။

ဒီကနေ့ နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးကို လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ပါ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီး စပ်သူကပြောပါတယ်။ စွဲဆိုထားတဲ့အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့် မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုး ဖောက်မှု၊ သဘာဝ ကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၂၀ နီးပါးနဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချထားရပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အဂတိလိုက်စားမှု အမှု ၅ မှုက ‌နောက်ဆုံး စွဲဆိုထားတဲ့ အမှုတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







XS
SM
MD
LG