သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အဂတိမႈ ၅ ခုစြဲခ်က္ အျပစ္မရွိေၾကာင္းထြက္ဆို


ေဒၚေအာင္ဆန္းစုၾကည္ (စက္တင္ဘာ ၁၃၊ ၂၀၁၈)

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္အေပၚ စြဲဆိုထားတဲ့အမႈေတြထဲက ေနာက္ဆုံးက်န္တဲ့ အဂတိလိုက္စားမႈ ၅ မႈအတြက္ ဒီကေန႔ တရား႐ုံး စစ္ေဆးရာမွာ ေဒၚေအာင္ဆန္းစုၾကည္ က ဒီစြပ္စြဲခ်က္အားလုံးကို ျငင္းဆန္ခဲ့ပါတယ္။ ေလးေက့ေကာ္မွာဖမ္းခံရတဲ့ NLD ေျမာင္းျမလႊတ္ေတာ္ကိုယ္စားလွယ္ကို စစ္ေကာင္စီကႏွစ္ရွည္ေထာင္ဒဏ္ ခ်မွတ္လိုက္ပါတယ္။ ဒီသတင္းေတြစုစည္းၿပီး ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုဝင္းခန႔္ေမာင္က တင္ျပေပးထားပါတယ္။

အမႈငါးမႈအတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တရား႐ုံးမွာ ဒီကေန႔အစစ္ခံခဲ့ပါတယ္။ စြပ္စြဲခ်က္အကုန္လုံးကို ျငင္းဆန္ခဲ့သလို သူတာဝန္ယူခဲ့ခ်ိန္အတြင္း တိုင္းျပည္အက်ိဳးစီးပြားပ်က္စီးေအာင္ လုပ္ေဆာင္ခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ ထြက္ဆိုေၾကာင္းသိရပါတယ္။ ၿပီးခဲ့တဲ့အပတ္ကေတာ့ ဒီအမႈနဲ႔ပတ္သက္လို႔ သမၼတ ဦးဝင္းျမင့္ကို စစ္ေဆးခဲ့ပါတယ္။ သမၼတကိုယ္တိုင္ကလည္း စြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့တယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူက ေျပာပါတယ္။

ကိုဗစ္ကာလအသုံးျပဳဖို႔ ရဟတ္ယာဥ္ ငွားရမ္းတာ၊ ဝယ္ယူတာနဲ႔ ျပဳျပင္တာေတြမွာ အဂတိလိုက္စား တယ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို အမႈ ၅ မႈနဲ႔တရားစြဲဆိုထားတာပါ။ ဒီအမႈ ၅ မႈအတြက္ စြပ္စြဲခံရသူ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို စစ္ေဆးၿပီးစီးသြားတာမို႔ မနက္ျဖန္ကေနစၿပီး ေဒၚေအာင္ဆန္းစုၾကည္တို႔ဘက္က ခုခံေခ်ပမယ့္ သက္ေသေတြကို စတင္စစ္ေဆးဖို႔ရွိပါတယ္။ ခုခံေခ်ပမယ့္ သက္ေသ ၅ ေယာက္အမည္စာရင္းကို တင္ျပထားေပမယ့္ လုံၿခဳံေရးအရ တရား႐ုံးဘက္က ေဖာ္ျပဖို႔ ျငင္းဆန္ပါတယ္။

ဒီကေန႔ ေနျပည္ေတာ္ အက်ဥ္းေထာင္ အထူးတရား႐ုံးကို လာေရာက္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ေရာ ဦးဝင္းျမင့္ပါ က်န္းမာေရးေကာင္းမြန္တယ္လို႔ တရား႐ုံးနဲ႔ နီး စပ္သူကေျပာပါတယ္။ စြဲဆိုထားတဲ့ အမႈေတြနဲ႔ပတ္သက္လို႔ တရား႐ုံး ၾကားနာမႈေတြကို သတင္းေထာက္ေတြ လာေရာက္ခြင့္မရွိသလို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြကိုလည္း အမႈနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာေတြကို မေျပာဖို႔ စစ္ေကာင္စီက ပိတ္ပင္ထားပါတယ္။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၂၀ နဲ႔ တရားစြဲခဲ့ၿပီး လက္ရွိမွာ အမႈေပါင္း ၁၅ မႈအတြက္ စုစုေပါင္း ေထာင္ဒဏ္ ၂၆ ႏွစ္ ခ်ထားရပါတယ္။ ဒီကေန႔ စစ္ေဆးတဲ့ အဂတိလိုက္စားမႈ ၅ မႈက ‌ေနာက္ဆုံး စြဲဆိုထားတဲ့အမႈေတြ ျဖစ္ပါတယ္။ ေနာက္ဆုံးက်န္တဲ့ ဒီအဂတိလိုက္စားမႈ ၅ မႈကို ဒီႏွစ္မကုန္ခင္မွာ အၿပီးသတ္ အမိန႔္ခ်မွတ္ႏိုင္ဖြယ္ရွိတယ္လို႔လည္း တရား႐ုံးနဲ႔ နီးစပ္သူေတြက ေမွ်ာ္လင့္ထားပါတယ္။

ကရင္ျပည္နယ္၊ ေလးေကာ့ေကာ္မွာ ဖမ္းဆီးခံရၿပီး ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ေျမာင္းျမ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝလင္းေအာင္.jpg
ကရင္ျပည္နယ္၊ ေလးေကာ့ေကာ္မွာ ဖမ္းဆီးခံရၿပီး ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ေျမာင္းျမ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝလင္းေအာင္.jpg

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းက ကရင္ျပည္နယ္၊ ေလးေက့ေကာ္ၿမိဳ႕သစ္မွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ေျမာင္းျမၿမိဳ႕က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝလင္းေအာင္ကို ျမဝတီခ႐ိုင္တရား႐ုံးကေန ေထာင္ဒဏ္ ၂၆ ႏွစ္ ဒီကေန႔ခ်မွတ္လိုက္တယ္လို႔ နီးစပ္သူေတြက ေျပာျပပါတယ္။ သူ႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မေတြျဖစ္တဲ့ ၅၂ -က၊ ၅၀-က၊ ၅၀-ည နဲ႔က ၁၁ ႏိုင္ငံေတာ္ သစၥာေဖာက္မႈ ရာဇတ္သတ္ႀကီး ဥပေဒ ပုဒ္မ ၁၂၂ တို႔နဲ႔ စစ္ေကာင္စီဘက္က တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။ အမႈနဲ႔ပတ္သက္လို႔ မိသားစုဝင္တဦးကခုလိုေျပာျပပါတယ္။

“အကုန္လုံးက စုစုေပါင္းက ၄ မႈရွင့္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၂-က ၄ႏွစ္၊ ပုဒ္မ ၅၀-က က ၁၁ႏွစ္၊ ပုဒ္မ ၅၀ (ည) က ၁၁ ႏွစ္၊ ေနာက္ ပုဒ္မ ၁၂၂ က ႏွစ္ ၂၀ ေပါ့။ သူ႔အတိုင္းဆို စုစုေပါင္းက ၄၆ ႏွစ္ေပါ့။ တေပါင္းတည္း သေဘာနဲ႔ ၂၆ ႏွစ္ကို ခ်လိုက္တာ။ လူကေတာ့ က်န္းမာပါတယ္ရွင့္။ သူ႔ကိုက ျမဝတီခ႐ိုင္တရား႐ုံးက အမိန႔္ခ်တာ သူခုေနရတာကေတာ့ ျမဝတီ ရဲခ်ဳပ္မွာေပါ့။ က်မတို႔က အယူခံတက္ဖို႔ေတာ့ မရွိဘူးရွင့္။ အယူခံမတက္ေတာ့တာက ဒါကတရားစီရင္ေရးကိုက အဓိပၸါယ္မဲ့ေနတာေလ။ အဲ တရားစီရင္ေရးေပၚ အားကိုးစရာမရွိဘူး။ အမိန႔္ခ်တဲ့အေပၚကေတာ့ အစကတည္းက မတရားဖမ္းထားတာေလ။ အဲအေပၚမွာကိုေတာ့ အမ်ားႀကီးေျပာစရာမရွိပါဘူး။ အစကတည္းက မတရားဖမ္းတာေလ။ မတရားမႈက မတရားမႈပါပဲ။”

လက္ရွိမွာ ေထာင္ဒဏ္ေတြခ်မွတ္လိုက္ေပမယ့္ ျမဝတီရဲစခန္းအခ်ဳပ္မွာ ခ်ဳပ္ေႏွာင္ထားဆဲျဖစ္လို႔ ဘယ္အက်ဥ္းေထာင္ကိုေျပာင္းမလဲဆိုတာ မသိရေသးသလို ေနာက္ထပ္ ပုဒ္မေတြတပ္ တရားစြဲမွာကိုလည္း မိသားစုဝင္ေတြဘက္က စိတ္ပူေနၾကပါတယ္။ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ ထိန္းခ်ဳပ္နယ္ေျမ ဒူးပလာယာခ႐ိုင္၊ ေလးေက့ေကာ္ ၿမိဳ႕သစ္ထဲမွာ ဒီဇင္ဘာ ၁၄ ရက္က ဦးေဝလင္းေအာင္အပါအဝင္ အေယာက္ ၂၀ နီးပါးကို စစ္ေကာင္စီက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၅ ခုစွဲချက် အပြစ်မရှိကြောင်းထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုအတွက် ဒီကနေ့ တရားရုံး စစ်ဆေးရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဒီစွပ်စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။ လေးကေ့ကော်မှာဖမ်းခံရတဲ့ NLD မြောင်းမြလွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီကနှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒီသတင်းတွေစုစည်းပြီး ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

အမှုငါးမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးမှာ ဒီကနေ့အစစ်ခံခဲ့ပါတယ်။ စွပ်စွဲချက်အကုန်လုံးကို ငြင်းဆန်ခဲ့သလို သူတာဝန်ယူခဲ့ချိန်အတွင်း တိုင်းပြည်အကျိုးစီးပွားပျက်စီးအောင် လုပ်ဆောင်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ထွက်ဆိုကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ဒီအမှုနဲ့ပတ်သက်လို့ သမ္မတ ဦးဝင်းမြင့်ကို စစ်ဆေးခဲ့ပါတယ်။ သမ္မတကိုယ်တိုင်ကလည်း စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ ပြုပြင်တာတွေမှာ အဂတိလိုက်စား တယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အမှု ၅ မှုနဲ့တရားစွဲဆိုထားတာပါ။ ဒီအမှု ၅ မှုအတွက် စွပ်စွဲခံရသူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ဆေးပြီးစီးသွားတာမို့ မနက်ဖြန်ကနေစပြီး ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ခုခံချေပမယ့် သက်သေတွေကို စတင်စစ်ဆေးဖို့ရှိပါတယ်။ ခုခံချေပမယ့် သက်သေ ၅ ယောက်အမည်စာရင်းကို တင်ပြထားပေမယ့် လုံခြုံရေးအရ တရားရုံးဘက်က ဖော်ပြဖို့ ငြင်းဆန်ပါတယ်။

ဒီကနေ့ နေပြည်တော် အကျဉ်းထောင် အထူးတရားရုံးကို လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ပါ ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးနဲ့ နီး စပ်သူကပြောပါတယ်။ စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်လို့ တရားရုံး ကြားနာမှုတွေကို သတင်းထောက်တွေ လာရောက်ခွင့်မရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၂၀ နဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချထားရပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အဂတိလိုက်စားမှု ၅ မှုက ‌နောက်ဆုံး စွဲဆိုထားတဲ့အမှုတွေ ဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ ဒီအဂတိလိုက်စားမှု ၅ မှုကို ဒီနှစ်မကုန်ခင်မှာ အပြီးသတ် အမိန့်ချမှတ်နိုင်ဖွယ်ရှိတယ်လို့လည်း တရားရုံးနဲ့ နီးစပ်သူတွေက မျှော်လင့်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြောင်းမြမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို မြဝတီခရိုင်တရားရုံးကနေ ထောင်ဒဏ် ၂၆ နှစ် ဒီကနေ့ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပြပါတယ်။ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၂ -က၊ ၅၀-က၊ ၅၀-ည နဲ့က ၁၁ နိုင်ငံတော် သစ္စာဖောက်မှု ရာဇတ်သတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ တို့နဲ့ စစ်ကောင်စီဘက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ အမှုနဲ့ပတ်သက်လို့ မိသားစုဝင်တဦးကခုလိုပြောပြပါတယ်။

“အကုန်လုံးက စုစုပေါင်းက ၄ မှုရှင့်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-က ၄နှစ်၊ ပုဒ်မ ၅၀-က က ၁၁နှစ်၊ ပုဒ်မ ၅၀ (ည) က ၁၁ နှစ်၊ နောက် ပုဒ်မ ၁၂၂ က နှစ် ၂၀ ပေါ့။ သူ့အတိုင်းဆို စုစုပေါင်းက ၄၆ နှစ်ပေါ့။ တပေါင်းတည်း သဘောနဲ့ ၂၆ နှစ်ကို ချလိုက်တာ။ လူကတော့ ကျန်းမာပါတယ်ရှင့်။ သူ့ကိုက မြဝတီခရိုင်တရားရုံးက အမိန့်ချတာ သူခုနေရတာကတော့ မြဝတီ ရဲချုပ်မှာပေါ့။ ကျမတို့က အယူခံတက်ဖို့တော့ မရှိဘူးရှင့်။ အယူခံမတက်တော့တာက ဒါကတရားစီရင်ရေးကိုက အဓိပ္ပါယ်မဲ့နေတာလေ။ အဲ တရားစီရင်ရေးပေါ် အားကိုးစရာမရှိဘူး။ အမိန့်ချတဲ့အပေါ်ကတော့ အစကတည်းက မတရားဖမ်းထားတာလေ။ အဲအပေါ်မှာကိုတော့ အများကြီးပြောစရာမရှိပါဘူး။ အစကတည်းက မတရားဖမ်းတာလေ။ မတရားမှုက မတရားမှုပါပဲ။”

လက်ရှိမှာ ထောင်ဒဏ်တွေချမှတ်လိုက်ပေမယ့် မြဝတီရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားဆဲဖြစ်လို့ ဘယ်အကျဉ်းထောင်ကိုပြောင်းမလဲဆိုတာ မသိရသေးသလို နောက်ထပ် ပုဒ်မတွေတပ် တရားစွဲမှာကိုလည်း မိသားစုဝင်တွေဘက်က စိတ်ပူနေကြပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ လေးကေ့ကော် မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက်က ဦးဝေလင်းအောင်အပါအဝင် အယောက် ၂၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG