သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္ပို႔၊  ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္အမႈ စတင္စစ္ေဆး


NLD အစိုးရလက္ထက္ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္။ (ယခင္မွတ္တမ္းဓာတ္ပံု) 


[[Zawgyi/Unicode]]

ေဒၚေအာင္ဆန္းစုၾကည္ကို လက္ရွိထိန္းသိမ္းထားတဲ့ေနရာကေန ေနျပည္ေတာ္ အခ်ဳပ္ေထာင္ကို ပို႔ေဆာင္လိုက္ၿပီလို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္လိုက္ပါတယ္။ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္ခ်က္ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုၿပီး စြဲခ်က္တင္ထားတဲ့ အမႈကိုလည္း ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ ဒီကေန႔ စတင္ စစ္ေဆးခဲ့ပါတယ္။ အခုလို စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းခ်လိုက္တဲ့အေပၚ ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ရန္ကုန္က သတင္းေပးပို႔ထားကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္လို ထိန္းသိမ္းထားတဲ့ လွ်ဳိ႕ဝွက္ေနရာကေန ေနျပည္ေတာ္အခ်ဳပ္ေထာင္ကို ပို႔ေဆာင္လိုက္ၿပီလို႔ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႔က ဒီကေန႔ ေန႔လယ္ပိုင္းမွာ ထုတ္ျပန္လိုက္တာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ကိုေျပာင္းေရႊ႕တာမွန္ကန္ေၾကာင္းနဲ႔ သီးျခားေကာင္းမြန္စြာထားတယ္လို႔သာ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။ သူနဲ႔အတူ ဘယ္သူေတြပါလဲဆိုတာနဲ႔ ဘယ္လိုေၾကာင့္ေ႐ႊ႕ေျပာင္းရသလဲ ဆိုတာကိုေတာ့ ထုတ္ျပန္ထားတာမရွိပါဘူး။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြအားလုံးကို ေနျပည္ေတာ္ အခ်ဳပ္ေထာင္တြင္းက အထူးတရား႐ုံး မွာ ေျပာင္းစစ္ေဆးဖို႔ စစ္ေကာင္စီက စီစဥ္ထားတာေၾကာင့္ ၾကာသပေတးေန႔တိုင္း စစ္ေနက်အမႈျဖစ္တဲ့ ႏိုင္ငံေတာ္လ်ိဳ႕ဝွက္ခ်က္ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုၿပီး စြပ္စြဲထားတဲ့ အမႈကို ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ ဒီကေန႔ စတင္ စစ္ေဆးခဲ့ပါတယ္။

ဒီကေန႔ စစ္ေဆးတဲ့ အမႈမွာေတာ့ ျပန္ေခၚသက္ေသ ရဲမႉးႏွစ္ဦးကိုစစ္ေဆးခဲ့တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္တဲ့ သတင္းရပ္ကြက္ဆီက သိရပါတယ္။ ၂ ဦးမွာ တဦးကိုသာ အၿပီးသတ္စစ္ေဆးႏိုင္ခဲ့ၿပီး ေနာက္တဦးကိုေတာ့ စစ္ေမးေနစဥ္မွာ တရားသူႀကီးဘက္က ရပ္နားခဲ့တာမို႔ ဆက္မစစ္ေဆးႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။ ေနာက္အပတ္မွာလည္း ျပန္ေခၚသက္ေသအေနနဲ႔ ဒီကေန႔စစ္ဖို႔က်န္တဲ့ ရဲမႉးကိုစစ္ေဆးမွာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြကို သတင္းေထာက္ေတြကို မေျပာရဆိုၿပီး ဥပေဒနဲ႔စစ္ေကာင္စီ ဘက္က ကန႔္သတ္ထားတာမို႔ အမႈအေျခအေန အေသးစိတ္ကိုမသိရေသးပါဘူး။

ဒီကေန႔စစ္ေဆးတဲ့ ႏိုင္ငံေတာ္လွ်ဳိ႕ဝွက္အက္ဥပေဒ ခ်ိဳးေဖာက္တယ္ဆိုၿပီး စြပ္စြဲထားတဲ့ အမႈဟာ စီးပြားေရးအႀကံေပး ေရွာင္တာနယ္၊ ေဒၚေအာင္ဆန္းစုၾကည္၊ NLD အစိုးရလက္ထက္ စီမံကိန္းနဲ႔ ဘ႑ာေရး ဝန္ႀကီးေတြျဖစ္တဲ့ ဦးေက်ာ္ဝင္း၊ ဦးစိုးဝင္းနဲ႔ ဒုဝန္ႀကီး ဦးဆက္ေအာင္တို႔ကို စြဲဆိုထားတဲ့ အမႈျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လဆန္းမွာ ဒီပုဒ္မနဲ႔ စြဲခ်က္တင္လိုက္တာမို႔ အခုေနာက္ပိုင္း အမႈနဲ႔ပတ္သက္တဲ့ ျပန္ေခၚသက္ေသေတြကို ေခၚယူစစ္ေဆးေနတာျဖစ္ပါတယ္။

ဒီကေန႔စစ္ ေဆးတဲ့ အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေထာင္တြင္းကေနလာေရာက္ၾကားနာခဲ့ပါတယ္။ သူ႔ကိုလက္ရွိ ေစာင့္ေရွာက္ေပးေနတဲ့ အနီးကပ္ေတြ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အတူလိုက္ပါ ေနထိုင္ခြင့္မရပါဘူး။ အက်ဥ္းဦးစီးဘက္က သီးသန႔္စီစဥ္ေပးထားတဲ့ ဝန္ထမ္း ၆ ေယာက္ ကိုေဒၚေအာင္ဆန္းစုၾကည္ အတြက္ အကူအျဖစ္ ေပးထားရွိထားတယ္လို႔သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေခြးေလးတိုက္ခ်ိဒိုလည္း ေထာင္တြင္းမပါလာခဲ့ပါဘူး။ တိုက္ခ်ိဒိုကို ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္မေခၚခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ အက်ဥ္းေထာင္တြင္း အမႈေတြရင္ဆိုင္ရေပမယ့္ သူ႔အေနနဲ႔ ေအးေဆးစြာ တည္တည္ ၿငိမ္ၿငိမ္ရွိေနသလို ခါတိုင္းလိုပဲ တက္တက္ႂကြႂကြ ရွိေနတယ္လို႔ မ်က္ျမင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေနတဦးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို အခုလို ေထာင္ထဲ ေျပာင္းေ႐ႊ႕လိုက္တဲ့အေပၚ အခုလို သုံးသပ္လိုက္ ပါတယ္။

“ျပင္ပမွာရွိတဲ့ ႏိုင္ငံေရးအင္အားစုေတြနဲ႔ ႏိုင္ငံေရးနည္းလမ္းအရ ခ်ိတ္ဆက္ေဆာင္႐ြက္မႈေတြကို ျဖတ္ေတာက္လိုက္တဲ့သေဘာ။ သူ႔ေရွ႕ေနေတြနဲ႔ေတြ႕ရမယ္၊ ျပင္ပမွာရွိတဲ့ လုံၿခဳံေရးအဖြဲ႕ေတြနဲ႔ေတြ႕ရမယ္။ သူ႔အိမ္မွာ ရွိတဲ့ သူေတြနဲ႔ေတြ႕ရမယ္၊ အဲကေနတဆင့္ ျပင္ပႏိုင္ငံေရးအေျခအေနေတြသိရမယ္။ ဒါမ်ိဳးအေနအထားေတြကို လုံးဝျဖတ္ ေတာက္တဲ့သေဘာလို႔ ဒီတိုင္းပဲ ျမင္ပါတယ္။ တနည္းဆိုရင္ ျမန္မာ့ႏိုင္ငံေရးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ျဖတ္ေတာက္တဲ့သေဘာလို႔ ျမင္ပါတယ္။ ခုလက္ရွိခ်ိန္ထိ ေဒၚေအာင္ဆန္းစုၾကည္က အဓိကက်တဲ့ ေခါင္းေဆာင္ဆိုတာ ျပင္ပႏိုင္ငံေရးအသိုင္းအဝိုင္းက အကုန္ လက္ခံထားတယ္။ အဲဒါကို ေသးသိမ္သြားေအာင္ လုပ္လိုက္တဲ့သ ေဘာေပါ့။ ေဒၚေအာင္ဆန္းစုၾကည္ဟာ အက်ဥ္းေထာင္ထဲခ်ထားတဲ့ အက်ဥ္းသူတေယာက္ပါပဲ လို႔ ခ်လိုက္တဲ့ သေဘာလည္း ပါတယ္။ ေနာက္စိတ္ပိုင္း ႐ုပ္ပိုင္းခ်ဳံးခ်ဳံးက်ေအာင္ လုပ္လိုက္တဲ့သေဘာလည္း ပါတယ္လို႔ျမင္တယ္။”

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့ အခုလို ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာင္းေ႐ႊ႕လိုက္တဲ့ အေပၚ စစ္ေကာင္စီရဲ႕ ႏိုင္ငံေရးကစားကြက္တခုအျပင္ လုံၿခဳံေရးေၾကာင့္လည္း ျဖစ္ႏိုင္တယ္လို႔ သူ႔ရဲ႕အျမင္ကိုေျပာပါတယ္။

“လက္နက္ကိုင္ PDF ေတြေပၚလာေတာ့ တရားသူႀကီးေတြရဲ႕ လုံၿခဳံေရးအတြက္ေကာ ေဒၚေအာင္ဆန္းစုၾကည္ကို လက္နက္ကိုင္အင္အားသုံးၿပီးေတာ့ ဝင္ၿပီးေတာ့ကယ္မယ္ဆိုတာမ်ိဳးေတြလည္းရွိတာေပါ့။ အခုကၾကည့္ရတာေတာ့ အဲအေနအထားကေနပိုၿပီးေတာ့ စိုးရိမ္စရာေကာင္းတဲ့သေဘာလို႔ယူဆတယ္။ ဒါမို႔ ပိုလုံၿခဳံေရးတင္းက်ပ္တဲ့ အထူး လုံၿခဳံေရးထပ္လုပ္စရာမလိုတဲ့ အက်ဥ္းေထာင္ကိုေျပာင္းၿပီးေတာ့ စစ္ေဆးတာ၊ ေနဖို႔အတြက္လည္း အေဆာင္ေျပာင္းေနေစတာေပါ့။ လုံၿခဳံေရးအေၾကာင္းေၾကာင့္လို႔ က်ေနာ္ကေတာ့ယူဆတယ္။ ေနာက္ႏိုင္ငံေရးကစားကြက္ဆိုရင္ အာဆီယံကိုယ္စားလွယ္ကိုေတြ႕ဖို႔ဘာဖို႔ အေျခအေနတခုခုရွိလို႔လည္း ျဖစ္ႏိုင္တာေပါ့။ ဧည့္သည္ေတြ ဘာေတြ ေတြ႕ဖို႔မ်ား စီစဥ္တာလားေပါ့။”

အာဏာသိမ္းတဲ့ေန႔ကစလို႔ စစ္ေကာင္စီကေဒၚေအာင္ဆန္းစုၾကည္ကို ဖမ္းဆီးထားတာပါ။ အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ အမႈေပါင္း တဒါဇင္ေက်ာ္နဲ႔ တရားစြဲဆိုခဲ့ကာလက္ရွိမွာ အမႈ ၆ မႈ အတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပို့၊ နိုင်ငံတော်လျှို့ဝှက်အမှု စတင်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော် အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွဲချက်တင်ထားတဲ့ အမှုကိုလည်း နေပြည်တော် အကျဉ်းထောင်မှာ ဒီကနေ့ စတင် စစ်ဆေးခဲ့ပါတယ်။ အခုလို စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချလိုက်တဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လို ထိန်းသိမ်းထားတဲ့ လျှို့ဝှက်နေရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကိုပြောင်းရွှေ့တာမှန်ကန်ကြောင်းနဲ့ သီးခြားကောင်းမွန်စွာထားတယ်လို့သာ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ သူနဲ့အတူ ဘယ်သူတွေပါလဲဆိုတာနဲ့ ဘယ်လိုကြောင့်ရွှေ့ပြောင်းရသလဲ ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံးကို နေပြည်တော် အချုပ်ထောင်တွင်းက အထူးတရားရုံး မှာ ပြောင်းစစ်ဆေးဖို့ စစ်ကောင်စီက စီစဉ်ထားတာကြောင့် ကြာသပတေးနေ့တိုင်း စစ်နေကျအမှုဖြစ်တဲ့ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုကို နေပြည်တော် အကျဉ်းထောင်မှာ ဒီကနေ့ စတင် စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ စစ်ဆေးတဲ့ အမှုမှာတော့ ပြန်ခေါ်သက်သေ ရဲမှူးနှစ်ဦးကိုစစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ဆီက သိရပါတယ်။ ၂ ဦးမှာ တဦးကိုသာ အပြီးသတ်စစ်ဆေးနိုင်ခဲ့ပြီး နောက်တဦးကိုတော့ စစ်မေးနေစဉ်မှာ တရားသူကြီးဘက်က ရပ်နားခဲ့တာမို့ ဆက်မစစ်ဆေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ နောက်အပတ်မှာလည်း ပြန်ခေါ်သက်သေအနေနဲ့ ဒီကနေ့စစ်ဖို့ကျန်တဲ့ ရဲမှူးကိုစစ်ဆေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို သတင်းထောက်တွေကို မပြောရဆိုပြီး ဥပဒေနဲ့စစ်ကောင်စီ ဘက်က ကန့်သတ်ထားတာမို့ အမှုအခြေအနေ အသေးစိတ်ကိုမသိရသေးပါဘူး။

ဒီကနေ့စစ်ဆေးတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲထားတဲ့ အမှုဟာ စီးပွားရေးအကြံပေး ရှောင်တာနယ်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းမှာ ဒီပုဒ်မနဲ့ စွဲချက်တင်လိုက်တာမို့ အခုနောက်ပိုင်း အမှုနဲ့ပတ်သက်တဲ့ ပြန်ခေါ်သက်သေတွေကို ခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။

ဒီကနေ့စစ် ဆေးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်တွင်းကနေလာရောက်ကြားနာခဲ့ပါတယ်။ သူ့ကိုလက်ရှိ စောင့်ရှောက်ပေးနေတဲ့ အနီးကပ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါ နေထိုင်ခွင့်မရပါဘူး။ အကျဉ်းဦးစီးဘက်က သီးသန့်စီစဉ်ပေးထားတဲ့ ဝန်ထမ်း ၆ ယောက် ကိုဒေါ်အောင်ဆန်းစုကြည် အတွက် အကူအဖြစ် ပေးထားရှိထားတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွေးလေးတိုက်ချိဒိုလည်း ထောင်တွင်းမပါလာခဲ့ပါဘူး။ တိုက်ချိဒိုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မခေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အကျဉ်းထောင်တွင်း အမှုတွေရင်ဆိုင်ရပေမယ့် သူ့အနေနဲ့ အေးဆေးစွာ တည်တည် ငြိမ်ငြိမ်ရှိနေသလို ခါတိုင်းလိုပဲ တက်တက်ကြွကြွ ရှိနေတယ်လို့ မျက်မြင်တဦးက ဗွီအိုအေကို ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ထဲ ပြောင်းရွှေ့လိုက်တဲ့အပေါ် အခုလို သုံးသပ်လိုက် ပါတယ်။

“ပြင်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံရေးနည်းလမ်းအရ ချိတ်ဆက်ဆောင်ရွက်မှုတွေကို ဖြတ်တောက်လိုက်တဲ့သဘော။ သူ့ရှေ့နေတွေနဲ့တွေ့ရမယ်၊ ပြင်ပမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့တွေ့ရမယ်။ သူ့အိမ်မှာ ရှိတဲ့ သူတွေနဲ့တွေ့ရမယ်၊ အဲကနေတဆင့် ပြင်ပနိုင်ငံရေးအခြေအနေတွေသိရမယ်။ ဒါမျိုးအနေအထားတွေကို လုံးဝဖြတ် တောက်တဲ့သဘောလို့ ဒီတိုင်းပဲ မြင်ပါတယ်။ တနည်းဆိုရင် မြန်မာ့နိုင်ငံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖြတ်တောက်တဲ့သဘောလို့ မြင်ပါတယ်။ ခုလက်ရှိချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က အဓိကကျတဲ့ ခေါင်းဆောင်ဆိုတာ ပြင်ပနိုင်ငံရေးအသိုင်းအဝိုင်းက အကုန် လက်ခံထားတယ်။ အဲဒါကို သေးသိမ်သွားအောင် လုပ်လိုက်တဲ့သ ဘောပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲချထားတဲ့ အကျဉ်းသူတယောက်ပါပဲ လို့ ချလိုက်တဲ့ သဘောလည်း ပါတယ်။ နောက်စိတ်ပိုင်း ရုပ်ပိုင်းချုံးချုံးကျအောင် လုပ်လိုက်တဲ့သဘောလည်း ပါတယ်လို့မြင်တယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့လိုက်တဲ့ အပေါ် စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက်တခုအပြင် လုံခြုံရေးကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူ့ရဲ့အမြင်ကိုပြောပါတယ်။

“လက်နက်ကိုင် PDF တွေပေါ်လာတော့ တရားသူကြီးတွေရဲ့ လုံခြုံရေးအတွက်ကော ဒေါ်အောင်ဆန်းစုကြည်ကို လက်နက်ကိုင်အင်အားသုံးပြီးတော့ ဝင်ပြီးတော့ကယ်မယ်ဆိုတာမျိုးတွေလည်းရှိတာပေါ့။ အခုကကြည့်ရတာတော့ အဲအနေအထားကနေပိုပြီးတော့ စိုးရိမ်စရာကောင်းတဲ့သဘောလို့ယူဆတယ်။ ဒါမို့ ပိုလုံခြုံရေးတင်းကျပ်တဲ့ အထူး လုံခြုံရေးထပ်လုပ်စရာမလိုတဲ့ အကျဉ်းထောင်ကိုပြောင်းပြီးတော့ စစ်ဆေးတာ၊ နေဖို့အတွက်လည်း အဆောင်ပြောင်းနေစေတာပေါ့။ လုံခြုံရေးအကြောင်းကြောင့်လို့ ကျနော်ကတော့ယူဆတယ်။ နောက်နိုင်ငံရေးကစားကွက်ဆိုရင် အာဆီယံကိုယ်စားလှယ်ကိုတွေ့ဖို့ဘာဖို့ အခြေအနေတခုခုရှိလို့လည်း ဖြစ်နိုင်တာပေါ့။ ဧည့်သည်တွေ ဘာတွေ တွေ့ဖို့များ စီစဉ်တာလားပေါ့။”

အာဏာသိမ်းတဲ့နေ့ကစလို့ စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာပါ။ အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း တဒါဇင်ကျော်နဲ့ တရားစွဲဆိုခဲ့ကာလက်ရှိမှာ အမှု ၆ မှု အတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။
============

XS
SM
MD
LG