သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို မူလေနရာျပန္ပို႔ေရး ကေမၻာဒီးယားေတာင္းဆိုမႈ စစ္ေကာင္စီပယ္ခ်


Daw Aung San Suu Kyi 's speech on EU 60 years


[[Zawgyi/Unicode]]

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အသက္အ႐ြယ္နဲ႔ က်န္းမာေရးကိုေထာက္ဆၿပီး ေနျပည္ေတာ္ အက်ဥ္းေထာင္ထဲမွာမထားဖို႔ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခား ေရးဝန္ႀကီး Prak Sakhonn ရဲ႕ ေတာင္းဆိုမႈကို လက္မခံႏိုင္ဘူးလို႔ စစ္ေကာင္စီက တုံ႔ျပန္လိုက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အက်ဥ္းေထာင္မွာထားရွိတဲ့ စစ္ေကာင္စီလုပ္ရပ္ေၾကာင့္ ႏိုင္ငံတကာဖိအား တိုးလာႏိုင္ဖြယ္ ရွိလာႏိုင္တယ္လို႔ သုံးသပ္သူေတြက ေျပာပါတယ္။ ဒီသတင္းရန္ကုန္က စုစည္းတင္ျပတာကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sakhonn က ျမန္မာႏိုင္ငံ ခရီးစဥ္မတိုင္ခင္ ရက္ပိုင္းအလိုမွာ အခုလို ေတာင္းဆိုလိုက္တာျဖစ္ပါတယ္။ သူ႔ေတာင္းဆိုခ်က္ထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ အသက္အ႐ြယ္နဲ႔ က်န္းမာေရးကို ထည့္တြက္တာအျပင္ တရားဥပေဒအရ မွ်တတဲ့ ရင္ဆိုင္ခြင့္နဲ႔လည္း သက္ဆိုင္ေၾကာင္းျပေနတယ္လို႔ အာဆီယံ အထူးသံတမန္က ေျပာဆိုထားပါတယ္။

ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဗြီအိုေအက ဆက္သြယ္ ေမးျမန္းတာမွာေတာ့ သူက ခုလိုတုံ႔ျပန္ပါတယ္။

“ျမန္မာႏိုင္ငံဟာ အခ်ဳပ္အျခာပိုင္တဲ့ႏိုင္ငံျဖစ္တယ္။ တရားစီရင္ေရးနဲ႔ပတ္သက္ၿပီးလည္း က်ေနာ္တို႔အေနနဲ႔ တရား႐ုံးဖြင့္လွစ္ ေဆာင္႐ြက္ခဲ့တာ ျဖစ္တယ္။ အေရးယူတဲ့ဟာေတြ၊ တရားစြဲတင္တာေတြ၊ တရားစြဲတင္တဲ့ဟာေတြမွာဆိုရင္ အဂတိအမႈကေနစရင္ ရာဇဝတ္နဲ႔ဆိုင္တဲ့ အမႈေတြျဖစ္တယ္။ ဒါနဲ႔ပတ္သက္လို႔ သူ႔ရဲ႕ျပဌာန္းခ်က္ေတြကို ေက်ာ္လြန္ေဆာင္႐ြက္ခဲ့တာ မရွိဘူး။ က်ေနာ္တို႔အေနနဲ႔က အရင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ပတ္သက္ၿပီးရင္ သူရဲ႕ေနဖို႔ ထိုင္ဖို႔၊ စားေရး ေသာက္ေရးကအစ သီးျခား စီစဥ္ေပးထားတာမ်ိဳးပဲ ျဖစ္ပါတယ္။ ႏိုင္ငံရဲ႕တရားစီရင္ေရးအရ ေက်ာ္လြန္ ေဆာင္႐ြက္ခဲ့တာမရွိဘူး။ ဒါနဲ႔ပတ္သက္လို႔ က်ေနာ္ ေျပာလိုတာကေတာ့ ဥပေဒအထက္မွာ ဘယ္သူမွ မရွိဘူးေျပာခ်င္ပါတယ္။”

အာဆီယံအထူးသံတမန္ရဲ႕ ေတာင္းဆိုခ်က္မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ထိန္းသိမ္းထားတဲ့ ေနအိမ္ကေန ေနျပည္ေတာ္ အခ်ဳပ္ေထာင္ထဲ ေျပာင္းလဲ ေနထိုင္ေနရတဲ့ကိစၥကို အာဆီယံႏိုင္ငံျခား ေရးဝန္ႀကီးေတြကလည္း အလားတူ စိုးရိမ္မႈရွိေနေၾကာင္း ေျပာဆိုထားပါတယ္။

ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာ့အမ်ိဳးသားရင္ၾကားေစ့ေရးနဲ႔ ပုံမွန္အေျခအေနအတိုင္း ျပန္ေရာက္ေရးမွာ အေရးပါတဲ့ လူပုဂၢိဳလ္တစ္ဦးအျဖစ္ ျမန္မာလူထုၾကားသာမက ႏိုင္ငံတကာမွာပါ လက္ခံထားသူ ျဖစ္တယ္ဆိုတာကိုလည္း စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးထံ စာေရး သားေပးပို႔ထားတယ္လို႔လည္း အာဆီယံ အထူးကိုယ္စားလွယ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ၿပီးခဲ့တဲ့ အပတ္ကေနစတင္ၿပီး ဖမ္းဆီး ထိန္းသိမ္းထားတဲ့ေနအိမ္ကေန ေနျပည္ေတာ္ အခ်ဳပ္ေထာင္ဆီ ပို႔ေဆာင္လိုက္ေၾကာင္း စစ္ေကာင္စီက အတည္ျပဳ ေျပာဆိုထားၿပီး ျဖစ္ပါတယ္။

အသက္ ၈၀ နီးပါးရွိေနၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္ စည္းကမ္းေတြအတိုင္း ထားရွိတယ္လို႔ ကနဦး သတင္းထုတ္ျပန္ထားပါတယ္။ ဒီလိုပို႔ေဆာင္တဲ့အေပၚ ျပည္သူေတာ္ေတာ္မ်ားမ်ားနဲ႔ ႏိုင္ငံတကာေတြဘက္က ေဒၚေအာင္ဆန္းစုၾကည္အတြက္ အနီးကပ္ေစာင့္ေရွာက္ခြင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ လုံၿခဳံေရး စတာေတြအတြက္ စိုးရိမ္ပူပန္တဲ့ ေမးခြန္းေတြဟာ လူထုၾကား က်ယ္က်ယ္ ေလာင္ ေလာင္ထြက္ေပၚေနသလို အရင္ေနရာမွာပဲ ျပန္ထားဖို႔ ေတာင္းဆိုမႈေတြ ရွိေနခဲ့ပါတယ္။

စစ္ေကာင္စီဘက္ကို အၿမဲတေစ ကာကြယ္ေပးေနတဲ့ ကေမာၻးဒီးယားႏိုင္ငံဘက္ကပါ ဒီလုပ္ရပ္အေပၚ ေဝဖန္မႈေတြရွိလာၿပီး အခုလို ေတာင္းဆိုမႈေတြလုပ္လာတာက စစ္ေကာင္စီအတြက္ ႏိုင္ငံတကာဖိအား တိုးလာႏိုင္ဖြယ္ ရွိတယ္လို႔ သုံးသပ္လိုက္ သူကေတာ့ ျမန္မာနဲ႔ ကမာၻႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းပါ။

“အဲဒါေတာ္ေတာ္ေလးကိုထူးဆန္းတယ္။ ကေမာၻဒီးယား ခနထားဦး။ တေလာတုန္းက ဗီယက္နမ္ကပါ ေျပာလာတယ္။ ဗီယက္နမ္ဆိုတာ ရာႏႈန္းျပည့္ ႐ုရွားလူ။ သူကေတာင္ ဒါေတြမလုပ္ဖို႔ေျပာလာတယ္။ ေျပာမယ္ဆို အာဆီယံ ႏိုင္ငံတင္မကဘူး။ အကုန္လက္လန္ကုန္ၿပီ။ ကမ္းကုန္ေနၿပီ။ ဒီလို မိတ္ေဆြႏိုင္ငံကိုမွ ဂ႐ုမစိုက္ ရင္ သံတမန္နည္းအရဆိုတာ ဘာလုပ္ေတာ့မွာလဲ။ အေမရိကားလည္း တေလာတုန္းကေျပာလာၿပီ။ အခု အာဆီယံပါပါလာၿပီ။ ႏိုင္ငံတကာဖိအားဆိုတာ အမ်ားႀကီးစဥ္းစားရမွာပဲ။”

ေဒၚေအာင္ဆန္းစုၾကည္ဟာ အာဏာသိမ္းတဲ့ေန႔ကစလို႔ စစ္ေကာင္စီရဲ႕ဖမ္းဆီးမႈကိုခံထားရပါတယ္။ အသက္ ၈၀ နီးပါရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ အမႈေပါင္း တဒါဇင္ေက်ာ္နဲ႔ တရားစြဲဆိုခဲ့ကာလက္ရွိမွာ အမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ခံထားရပါတယ္။

လက္ရွိအက်ဥ္းေထာင္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ ဘယ္လိုေနထိုင္ စားေသာက္ေနရသလဲဆိုတာကို အေသးစိတ္မသိရပါဘူး။ အရင္အတူေနသူေတြ မပါဘဲ သူမတဦးထဲသာ ေနျပည္ေတာ္အက်ဥ္း ေထာင္ကိုေျပာင္းေ႐ႊ႕ခံရတာပါ။ စစ္ေကာင္စီဘက္ကေတာ့ အက်ဥ္းဦးစီးဌာနက သီးသန႔္စီစဥ္ေပးထားတဲ့ ဝန္ထမ္းအခ်ိဳ႕ ကို ေဒၚေအာင္ဆန္းစုၾကည္ေဘးနားမွာ ထားရွိထားတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================
[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ပို့ရေး ကမ္ဘောဒီးယားတောင်းဆိုမှု စစ်ကောင်စီပယ်ချ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကိုထောက်ဆပြီး နေပြည်တော် အကျဉ်းထောင်ထဲမှာမထားဖို့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြား ရေးဝန်ကြီး Prak Sakhonn ရဲ့ တောင်းဆိုမှုကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာထားရှိတဲ့ စစ်ကောင်စီလုပ်ရပ်ကြောင့် နိုင်ငံတကာဖိအား တိုးလာနိုင်ဖွယ် ရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒီသတင်းရန်ကုန်က စုစည်းတင်ပြတာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sakhonn က မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ သူ့တောင်းဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အသက်အရွယ်နဲ့ ကျန်းမာရေးကို ထည့်တွက်တာအပြင် တရားဥပဒေအရ မျှတတဲ့ ရင်ဆိုင်ခွင့်နဲ့လည်း သက်ဆိုင်ကြောင်းပြနေတယ်လို့ အာဆီယံ အထူးသံတမန်က ပြောဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတာမှာတော့ သူက ခုလိုတုံ့ပြန်ပါတယ်။

“မြန်မာနိုင်ငံဟာ အချုပ်အခြာပိုင်တဲ့နိုင်ငံဖြစ်တယ်။ တရားစီရင်ရေးနဲ့ပတ်သက်ပြီးလည်း ကျနော်တို့အနေနဲ့ တရားရုံးဖွင့်လှစ် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ အရေးယူတဲ့ဟာတွေ၊ တရားစွဲတင်တာတွေ၊ တရားစွဲတင်တဲ့ဟာတွေမှာဆိုရင် အဂတိအမှုကနေစရင် ရာဇဝတ်နဲ့ဆိုင်တဲ့ အမှုတွေဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ သူ့ရဲ့ပြဌာန်းချက်တွေကို ကျော်လွန်ဆောင်ရွက်ခဲ့တာ မရှိဘူး။ ကျနော်တို့အနေနဲ့က အရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးရင် သူရဲ့နေဖို့ ထိုင်ဖို့၊ စားရေး သောက်ရေးကအစ သီးခြား စီစဉ်ပေးထားတာမျိုးပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့တရားစီရင်ရေးအရ ကျော်လွန် ဆောင်ရွက်ခဲ့တာမရှိဘူး။ ဒါနဲ့ပတ်သက်လို့ ကျနော် ပြောလိုတာကတော့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးပြောချင်ပါတယ်။”

အာဆီယံအထူးသံတမန်ရဲ့ တောင်းဆိုချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ နေအိမ်ကနေ နေပြည်တော် အချုပ်ထောင်ထဲ ပြောင်းလဲ နေထိုင်နေရတဲ့ကိစ္စကို အာဆီယံနိုင်ငံခြား ရေးဝန်ကြီးတွေကလည်း အလားတူ စိုးရိမ်မှုရှိနေကြောင်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အမျိုးသားရင်ကြားစေ့ရေးနဲ့ ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ရေးမှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာလူထုကြားသာမက နိုင်ငံတကာမှာပါ လက်ခံထားသူ ဖြစ်တယ်ဆိုတာကိုလည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးထံ စာရေး သားပေးပို့ထားတယ်လို့လည်း အာဆီယံ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ အပတ်ကနေစတင်ပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့နေအိမ်ကနေ နေပြည်တော် အချုပ်ထောင်ဆီ ပို့ဆောင်လိုက်ကြောင်း စစ်ကောင်စီက အတည်ပြု ပြောဆိုထားပြီး ဖြစ်ပါတယ်။

အသက် ၈၀ နီးပါးရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင် စည်းကမ်းတွေအတိုင်း ထားရှိတယ်လို့ ကနဦး သတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုပို့ဆောင်တဲ့အပေါ် ပြည်သူတော်တော်များများနဲ့ နိုင်ငံတကာတွေဘက်က ဒေါ်အောင်ဆန်းစုကြည်အတွက် အနီးကပ်စောင့်ရှောက်ခွင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စတာတွေအတွက် စိုးရိမ်ပူပန်တဲ့ မေးခွန်းတွေဟာ လူထုကြား ကျယ်ကျယ် လောင် လောင်ထွက်ပေါ်နေသလို အရင်နေရာမှာပဲ ပြန်ထားဖို့ တောင်းဆိုမှုတွေ ရှိနေခဲ့ပါတယ်။

စစ်ကောင်စီဘက်ကို အမြဲတစေ ကာကွယ်ပေးနေတဲ့ ကမ္ဘေားဒီးယားနိုင်ငံဘက်ကပါ ဒီလုပ်ရပ်အပေါ် ဝေဖန်မှုတွေရှိလာပြီး အခုလို တောင်းဆိုမှုတွေလုပ်လာတာက စစ်ကောင်စီအတွက် နိုင်ငံတကာဖိအား တိုးလာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်လိုက် သူကတော့ မြန်မာနဲ့ ကမ္ဘာနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းပါ။

“အဲဒါတော်တော်လေးကိုထူးဆန်းတယ်။ ကမ္ဘောဒီးယား ခနထားဦး။ တလောတုန်းက ဗီယက်နမ်ကပါ ပြောလာတယ်။ ဗီယက်နမ်ဆိုတာ ရာနှုန်းပြည့် ရုရှားလူ။ သူကတောင် ဒါတွေမလုပ်ဖို့ပြောလာတယ်။ ပြောမယ်ဆို အာဆီယံ နိုင်ငံတင်မကဘူး။ အကုန်လက်လန်ကုန်ပြီ။ ကမ်းကုန်နေပြီ။ ဒီလို မိတ်ဆွေနိုင်ငံကိုမှ ဂရုမစိုက် ရင် သံတမန်နည်းအရဆိုတာ ဘာလုပ်တော့မှာလဲ။ အမေရိကားလည်း တလောတုန်းကပြောလာပြီ။ အခု အာဆီယံပါပါလာပြီ။ နိုင်ငံတကာဖိအားဆိုတာ အများကြီးစဉ်းစားရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းတဲ့နေ့ကစလို့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံထားရပါတယ်။ အသက် ၈၀ နီးပါရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း တဒါဇင်ကျော်နဲ့ တရားစွဲဆိုခဲ့ကာလက်ရှိမှာ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။

လက်ရှိအကျဉ်းထောင်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုနေထိုင် စားသောက်နေရသလဲဆိုတာကို အသေးစိတ်မသိရပါဘူး။ အရင်အတူနေသူတွေ မပါဘဲ သူမတဦးထဲသာ နေပြည်တော်အကျဉ်း ထောင်ကိုပြောင်းရွှေ့ခံရတာပါ။ စစ်ကောင်စီဘက်ကတော့ အကျဉ်းဦးစီးဌာနက သီးသန့်စီစဉ်ပေးထားတဲ့ ဝန်ထမ်းအချို့ ကို ဒေါ်အောင်ဆန်းစုကြည်ဘေးနားမှာ ထားရှိထားတယ်လို့ ပြောပါတယ်။

====================

XS
SM
MD
LG