သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TNLA နဲ႔ စစ္တပ္တိုက္ပြဲေၾကာင့္ နမ့္ဆန္ေဒသခံေတြ ထြက္ေျပးေနရ 


TNLA (တအန္း၊ပေလာင္ဝ္) တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပံု-TNLA News)


[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ နမ့္ဆန္ၿမိဳ႕နယ္ထဲမွာရွိတဲ့ TNLA တအန္း၊ ပေလာင္တပ္ဖြဲ႕ အေျခစိုက္စခန္းတခုကို စစ္ေကာင္စီတပ္က ေလေၾကာင္းနဲ႔ ႐ုတ္တရက္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ပါတယ္။ TNLA ဌာနခ်ဳပ္အနားမွာျဖစ္တဲ့ အဲဒီတိုက္ပြဲဟာ ဒီေန႔ ဒီဇင္ဘာလ ၈ ရက္ေန႔ ညေနပိုင္းအထိ ျပင္းထန္ေနပါတယ္။ ဒီ တိုက္ပြဲအေျခအေန စုံစမ္းေမးျမန္းခ်က္ကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕နယ္မွာ အေျခစိုက္တဲ့ TNLA (တအန္းပေလာင္) တပ္စခန္းကို ၇ ရက္၊ ေန႔ခင္း ၂ နာရီေလာက္မွာ ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။ လက္ရွိ တိုက္ပြဲျဖစ္ပြားေနတဲ့အေျခအေနကို နမ့္ဆန္ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“မေန႔ကေန႔လယ္ပိုင္း TNLA တအန္း(ပေလာင္) တပ္မေတာ္က သူ႔ဟာသူ ေနတာ။ အဲဒါကို တပ္မေတာ္က ရဟတ္ယာဥ္နဲ႔လာၿပီးေတာ့ ရဲေဘာ္ေတြ၊ အဲဒီနားတဝိုက္မွာ TNLA တပ္ဖြဲ႕ရွိရာအနီးအနားတဝိုက္ ပတ္ပတ္လည္ကို သူတို႔ ရဲေဘာ္ လာခ်သြားတာေပါ့ေလ။ အဲဒီမွာ ထိုးစစ္ဆင္တဲ့သေဘာ။ ဝိုင္းၿပီးေတာ့ ပိတ္ဆို႔တဲ့သေဘာ။ အဲဒီမွာ တိုက္ပြဲ ထိေတြ႕မႈျဖစ္တာေပါ့။”

တိုက္ပြဲျဖစ္ပြားရာဘက္ကို နမ့္ဆန္အေျခစိုက္ စစ္ေကာင္စီတပ္စခန္းက လက္နက္ႀကီးနဲ႔ ပစ္ခတ္ တာေၾကာင့္ ႐ြာသားေတြ တိမ္းေရွာင္ထြက္ေျပးေနရေၾကာင္းလည္း ေျပာပါတယ္။

“နမ့္ဆန္ကေနလည္း လက္နက္ႀကီးနဲ႔လွမ္းၿပီးေတာ့ ကူပစ္ေပးတဲ့အေနအထားမွာ ျပည္သူလူထု ေနအိမ္ေတြ အဲဒီမွာ ပတ္ပတ္လည္အႏၲရာယ္မ်ားတဲ့အခါက်ေတာ့ ေတာေတြထဲ လက္ဖက္ၿခံေတြထဲ ထြက္ေျပးရတာေပါ့ ေလာေလာဆယ္ေတာ့။ ေရေခ်ာင္းအထိ ဆင္းတဲ့လူဆင္း။ ေတာင္ယာသြားတဲ့သူသြား။ ေျပးတဲ့လူေျပး အဲလို ကစဥ့္ကလ်ား ျဖစ္သြားတာေပါ့ဗ်ာ။ အသံဒုန္းဒုန္း ဒိုင္းဒိုင္းကေတာ့ ဒီမနက္အထိၾကားရတယ္။ မေန႔က ညပိုင္းအထိလည္း တိုက္ပြဲက အဲဒီအသံက အဆက္မျပတ္ပဲ။”

တိုက္ပြဲေၾကာင့္ အနည္းဆုံး ေက်း႐ြာ ၄ ႐ြာက ျပည္သူေတြ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ TNLA ျပန္ၾကားေရးဌာနရဲ႕သတင္းထုတ္ျပန္ခ်က္မွာ နမ့္ဆန္ၿမိဳ႕နယ္ ဟူမန္းေက်း႐ြာအုပ္စု ကုန္းသာ႐ြာကို ေန႔ခင္း ၂ နာရီအခ်ိန္မွာ စစ္ေကာင္စီက ရဟတ္ယာဥ္ ၅ စီးနဲ႔ တပ္ဖြဲ႕ဝင္ေတြ သယ္ေဆာင္လာၿပီး တိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ ညေန ၅ နာရီမွာ မန္တုံနဲ႔ နမ့္ဆန္ၿမိဳ႕က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့သလို တိုက္ေလယာဥ္နဲ႔လည္း ဗုံးႀကဲခဲ့တာေၾကာင့္ ကုန္းသာ႐ြာက ေနအိမ္အခ်ိဳ႕ မီးေလာင္ခဲ့တယ္လို႔ TNLA က ထုတ္ျပန္ပါတယ္။ ဒီေန႔မနက္ပိုင္းမွာလည္း ဂ်က္တိုက္ေလယာဥ္နဲ႔ လာေရာက္တိုက္ခိုက္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ တိုက္ပြဲအေျခအေနျပင္းထန္ေနဆဲပဲလို႔ TNLA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဒုဗိုလ္မႉးႀကီးမိုင္အိုက္ေက်ာ္က အခုညေန ၄ နာရီခြဲမွာ VOA ကို ေျပာပါတယ္။

“တိုက္ပြဲက ဒီေန႔လည္း လက္နက္ႀကီးေတြ အဆက္မျပတ္ပစ္တယ္။ ဒီ ရဟတ္ယာဥ္ေတြ။ ဂ်က္ဖိုက္တာေတြနဲ႔ေရာ မနက္အေစာပိုင္းကတည္းက အခု အခုေလးတင္အထိ ဆက္ပစ္ေနတယ္။ ျခားျခားၿပီးမွ လာပစ္တယ္။ တိုက္ပြဲက ဆက္လက္ ျပင္းထန္ေနဆဲျဖစ္တယ္။ က်ေနာ္တို႔ ဌာနခ်ဳပ္နဲ႔ေတာ့ နီးတယ္။ သူတို႔ပစ္တဲ့ လက္နက္ႀကီးေတြလည္း က်ေနာ္တို႔နားမွာလည္း က်ေရာက္လာတာလည္း ရွိပါတယ္။”

တအန္း(ပေလာင္) မီဒီယာျဖစ္တဲ့ ေ႐ႊဖီေျမသတင္းဌာနကေတာ့ ၈ ရက္ေန႔မနက္ ၁၀ နာရီအထိ တိုက္ပြဲျပင္းထန္ေနေၾကာင္း ေဖာ္ျပထားသလို သွ်မ္းသံေတာ္ဆင့္သတင္းဌာနကေတာ့ ၈ ရက္ေန႔မွာ နမၼတူနဲ႔ သီေပါဘက္ကေန စစ္ေကာင္စီစစ္ေၾကာင္းေတြ တပ္ကူလာေနေၾကာင္း ေဒသခံေတြကို ကိုးကားၿပီး ေဖာ္ျပထားပါတယ္။

လက္ရွိ အေျခအေနမွာ စစ္ေကာင္စီတပ္ေတြဟာ ကရင္၊ ကရင္နီ၊ ကခ်င္၊ ခ်င္းအျပင္ တနသၤာရီ၊ စစ္ကိုင္းနဲ႔ မေကြးတိုင္းေတြမွာ စစ္ဆင္ေရးေတြ ေဆာင္႐ြက္ေနပါတယ္။ လအတန္ၾကာ တိုက္ပြဲေတြ ၿငိမ္သက္ေနတဲ့ TNLA အေပၚ ထိုးစစ္ဆင္လာတာေၾကာင့္ ႏိုင္ငံေရး၊ စစ္ေရးသုံးသပ္သူေတြအၾကား အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။

TNLA တပ္စခန္းကို အခုလို အလစ္အငိုက္ တိုက္ခိုက္ခဲ့တဲ့အေပၚမွာေတာ့ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္ PNLO ရဲ႕နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက အခုလို သုံးသပ္ထားပါတယ္။

“ က်ေနာ္ထင္တာေတာ့ မဟာဗ်ဴဟာခ်ၿပီး လုပ္ေနတယ္နဲ႔ တူပါတယ္ဗ်။ စစ္ေကာင္စီဘက္ကေလ။ အားလုံးေနရာေဒသ အသီးသီးမွာ အဘက္ဘက္က ယိုယြင္းပ်က္ဆီးၿပီဆိုတဲ့ အေျခအေနမ်ိဳးမ်ား လိုခ်င္သလားေတာ့ မေျပာတတ္ဘူးေပါ့ဗ်ာ။ ေနရာအႏွံ႔အျပား လက္နက္ကိုင္တိုက္ပြဲေတြ ျပင္းထန္လာၿပီးေတာ့ ၿငိမ္းခ်မ္းမႈမရွိလို႔ ဒီအေျခအေနမ်ိဳးေအာက္မွာေတာ့ ေ႐ြးေကာက္ပြဲက မျဖစ္ႏိုင္ေတာ့ဘူး စသည္ျဖင့္ အဲသည္လိုမ်ား ႀကံေနလားေတာ့ မသိဘူးေပါ့ဗ်ာ။ ေနရာတိုင္းရႈပ္ေအာင္ေတာ့ လုပ္ေနတာပဲဗ်။ အနန႔္ပါ ဗုံးႀကဲတဲ့ေနာက္ပိုင္းေပါ့ဗ်ာ။ ေျမာက္ဘက္က အဖြဲ႕ေတြကို နည္းနည္းေလး ရန္ရွာေနတဲ့သေဘာေတာ့ ေတြ႕ရတယ္ဗ်။”

လက္ရွိ TNLA ဌာနခ်ဳပ္အနီးျဖစ္ပြားတဲ့တိုက္ပြဲနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ႏိုဝင္ဘာလကုန္ပိုင္းကလည္း ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေ႐ႊေဟာ္အနီးက သူတို႔ အေျခစိုက္စခန္းကို စစ္ေကာင္စီက ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေၾကာင္း MNDAA ကိုးကန႔္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။ ေလာေလာဆယ္မွာေတာ့ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ၿမိဳ႕ေတာ္ ေလာက္ကိုင္မွာ တိုက္ပြဲျဖစ္ပြားမယ္ဆိုတဲ့သတင္းေၾကာင့္ ျပည္သူေတြအၾကားမွာ မတည္မၿငိမ္ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================
[[Unicode]]

TNLA နဲ့ စစ်တပ်တိုက်ပွဲကြောင့် နမ့်ဆန်ဒေသခံတွေ ထွက်ပြေးနေရ

ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်ထဲမှာရှိတဲ့ TNLA တအန်း၊ ပလောင်တပ်ဖွဲ့ အခြေစိုက်စခန်းတခုကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ TNLA ဌာနချုပ်အနားမှာဖြစ်တဲ့ အဲဒီတိုက်ပွဲဟာ ဒီနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအထိ ပြင်းထန်နေပါတယ်။ ဒီ တိုက်ပွဲအခြေအနေ စုံစမ်းမေးမြန်းချက်ကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ အခြေစိုက်တဲ့ TNLA (တအန်းပလောင်) တပ်စခန်းကို ၇ ရက်၊ နေ့ခင်း ၂ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို နမ့်ဆန်ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့ကနေ့လယ်ပိုင်း TNLA တအန်း(ပလောင်) တပ်မတော်က သူ့ဟာသူ နေတာ။ အဲဒါကို တပ်မတော်က ရဟတ်ယာဉ်နဲ့လာပြီးတော့ ရဲဘော်တွေ၊ အဲဒီနားတဝိုက်မှာ TNLA တပ်ဖွဲ့ရှိရာအနီးအနားတဝိုက် ပတ်ပတ်လည်ကို သူတို့ ရဲဘော် လာချသွားတာပေါ့လေ။ အဲဒီမှာ ထိုးစစ်ဆင်တဲ့သဘော။ ဝိုင်းပြီးတော့ ပိတ်ဆို့တဲ့သဘော။ အဲဒီမှာ တိုက်ပွဲ ထိတွေ့မှုဖြစ်တာပေါ့။”

တိုက်ပွဲဖြစ်ပွားရာဘက်ကို နမ့်ဆန်အခြေစိုက် စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် ရွာသားတွေ တိမ်းရှောင်ထွက်ပြေးနေရကြောင်းလည်း ပြောပါတယ်။

“နမ့်ဆန်ကနေလည်း လက်နက်ကြီးနဲ့လှမ်းပြီးတော့ ကူပစ်ပေးတဲ့အနေအထားမှာ ပြည်သူလူထု နေအိမ်တွေ အဲဒီမှာ ပတ်ပတ်လည်အန္တရာယ်များတဲ့အခါကျတော့ တောတွေထဲ လက်ဖက်ခြံတွေထဲ ထွက်ပြေးရတာပေါ့ လောလောဆယ်တော့။ ရေချောင်းအထိ ဆင်းတဲ့လူဆင်း။ တောင်ယာသွားတဲ့သူသွား။ ပြေးတဲ့လူပြေး အဲလို ကစဉ့်ကလျား ဖြစ်သွားတာပေါ့ဗျာ။ အသံဒုန်းဒုန်း ဒိုင်းဒိုင်းကတော့ ဒီမနက်အထိကြားရတယ်။ မနေ့က ညပိုင်းအထိလည်း တိုက်ပွဲက အဲဒီအသံက အဆက်မပြတ်ပဲ။”

တိုက်ပွဲကြောင့် အနည်းဆုံး ကျေးရွာ ၄ ရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ TNLA ပြန်ကြားရေးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ နမ့်ဆန်မြို့နယ် ဟူမန်းကျေးရွာအုပ်စု ကုန်းသာရွာကို နေ့ခင်း ၂ နာရီအချိန်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ တပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ညနေ ၅ နာရီမှာ မန်တုံနဲ့ နမ့်ဆန်မြို့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို တိုက်လေယာဉ်နဲ့လည်း ဗုံးကြဲခဲ့တာကြောင့် ကုန်းသာရွာက နေအိမ်အချို့ မီးလောင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဂျက်တိုက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအခြေအနေပြင်းထန်နေဆဲပဲလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးမိုင်အိုက်ကျော်က အခုညနေ ၄ နာရီခွဲမှာ VOA ကို ပြောပါတယ်။

“တိုက်ပွဲက ဒီနေ့လည်း လက်နက်ကြီးတွေ အဆက်မပြတ်ပစ်တယ်။ ဒီ ရဟတ်ယာဉ်တွေ။ ဂျက်ဖိုက်တာတွေနဲ့ရော မနက်အစောပိုင်းကတည်းက အခု အခုလေးတင်အထိ ဆက်ပစ်နေတယ်။ ခြားခြားပြီးမှ လာပစ်တယ်။ တိုက်ပွဲက ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်။ ကျနော်တို့ ဌာနချုပ်နဲ့တော့ နီးတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေလည်း ကျနော်တို့နားမှာလည်း ကျရောက်လာတာလည်း ရှိပါတယ်။”

တအန်း(ပလောင်) မီဒီယာဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကတော့ ၈ ရက်နေ့မနက် ၁၀ နာရီအထိ တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြထားသလို သျှမ်းသံတော်ဆင့်သတင်းဌာနကတော့ ၈ ရက်နေ့မှာ နမ္မတူနဲ့ သီပေါဘက်ကနေ စစ်ကောင်စီစစ်ကြောင်းတွေ တပ်ကူလာနေကြောင်း ဒေသခံတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေမှာ စစ်ကောင်စီတပ်တွေဟာ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းအပြင် တနင်္သာရီ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်ဆင်ရေးတွေ ဆောင်ရွက်နေပါတယ်။ လအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ TNLA အပေါ် ထိုးစစ်ဆင်လာတာကြောင့် နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူတွေအကြား အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

TNLA တပ်စခန်းကို အခုလို အလစ်အငိုက် တိုက်ခိုက်ခဲ့တဲ့အပေါ်မှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ရဲ့နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို သုံးသပ်ထားပါတယ်။

“ ကျနော်ထင်တာတော့ မဟာဗျူဟာချပြီး လုပ်နေတယ်နဲ့ တူပါတယ်ဗျ။ စစ်ကောင်စီဘက်ကလေ။ အားလုံးနေရာဒေသ အသီးသီးမှာ အဘက်ဘက်က ယိုယွင်းပျက်ဆီးပြီဆိုတဲ့ အခြေအနေမျိုးများ လိုချင်သလားတော့ မပြောတတ်ဘူးပေါ့ဗျာ။ နေရာအနှံ့အပြား လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာပြီးတော့ ငြိမ်းချမ်းမှုမရှိလို့ ဒီအခြေအနေမျိုးအောက်မှာတော့ ရွေးကောက်ပွဲက မဖြစ်နိုင်တော့ဘူး စသည်ဖြင့် အဲသည်လိုများ ကြံနေလားတော့ မသိဘူးပေါ့ဗျာ။ နေရာတိုင်းရှုပ်အောင်တော့ လုပ်နေတာပဲဗျ။ အနန့်ပါ ဗုံးကြဲတဲ့နောက်ပိုင်းပေါ့ဗျာ။ မြောက်ဘက်က အဖွဲ့တွေကို နည်းနည်းလေး ရန်ရှာနေတဲ့သဘောတော့ တွေ့ရတယ်ဗျ။”

လက်ရှိ TNLA ဌာနချုပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုဝင်ဘာလကုန်ပိုင်းကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်အနီးက သူတို့ အခြေစိုက်စခန်းကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ လောလောဆယ်မှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင်မှာ တိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့သတင်းကြောင့် ပြည်သူတွေအကြားမှာ မတည်မငြိမ်ဖြစ်နေပါတယ်။

XS
SM
MD
LG