သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေ့ကလေးထိန်းကျောင်းရှိရာ ဝန်ကြီးချုပ်ပရာရွတ်သွားရောက် နှစ်သိမ့်


APTOPIX Thailand Childcare Center Shooting
APTOPIX Thailand Childcare Center Shooting

[[Zawgyi/Unicode]]

ထိုင်းမြောက်ပိုင်းက နေ့ကလေးထိန်းကျောင်းတခုမှာ ကလေးငယ်အများစုသေဆုံးခဲ့ရတဲ့ သတ်ဖြတ်မှုဖြစ်ခဲ့ရာကို ထိုင်းဝန်ကြီးချုပ် Prayuth Chan-Ocha သွားရောက်ပြီး ကျန်ရစ်သူ မိသားစုတွေကို နှစ်သိမ့် အားပေးခဲ့ပါတယ်။

မူးယစ်မှုနဲ့ အလုပ်ကထုတ်ခံထားရတဲ့ ရဲဝန်ထမ်းဟောင်းတယောက်က ကြာသပတေးနေ့တုန်းက နေ့ ကလေးထိန်းကျောင်းထဲက ကလေးတွေ နေ့ခင်း အိပ်စက်နားနေချိန်မှာ ဓါးနဲ့ခုတ်၊ သေနတ်နဲ့ပစ်ခတ် ခဲ့လို့ ကလေးငယ် ၂၄ ဦးအပါအဝင် စုစုပေါင်း ၃၈ ဦးသေဆုံးခဲ့တာပါ။

Nong Bua Lamphu ပြည်နယ်က နေ့ကလေးထိန်းကျောင်းရှိရာကို ဒီနေ့ရောက်လာတဲ့ ဝန်ကြီးချုပ် Prayuth က အသက်သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကြေးတွေ ပေးခဲ့ပါတယ်။ ဒေါ်လာ ၃ ထောင်ကနေ ၅ ထောင်ကျော်တန်ဖိုးနဲ့ညီတဲ့ ထိုင်းဘတ်ငွေ ၁ သိန်းကနေ ၂ သိန်းကြား ပမာဏရေးထားတဲ့ ချက်လက်မှတ်တွေကို ဝန်ကြီးချုပ်က မိသားစုဝင်တွေကို ဝေပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ခုလို ကလေးငယ်အများအပြားပါတဲ့ အစုလိုက်သတ်ဖြတ်ခံရမှုအတွက် နိုင်ငံတဝန်း ပူဆွေးသောကရောက်နေကြပါတယ်။ အခုလို ထိုင်းနိုင်ငံမှာဖြစ်တဲ့ စိတ်မကောင်းစရာအဖြစ်အတွက် အမေရိကန်နိုင်ငံကိုယ်စား အထူးဝမ်းနည်းကြေကွဲရကြောင်းနဲ့ မိသားစုတွေနဲ့အတူဆုံးရှုံးမှုကို ထပ်တူ ခံစားရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောခွင့်ရ Vedant Patel ကပြောကြားခဲ့ပါတယ်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ ထိုင်းအသိုင်းအဝိုင်းကလည်း တုန်လှုပ်ခြောက်ခြား ယူကြုံးမရဖြစ်ကြောင်းနဲ့ ထိုင်းဘုန်းကြီးကျောင်းမှာစုပြီး သေဆုံးသူနဲ့ မိသားစုဝင်တွေအတွက် ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

#နေ့ကလေးထိန်းကျောင်း #ထိုင်းနိုင်ငံ #ပရာရွတ် #ရဲဝန်ထမ်းဟောင်း

===============

[[Unicode]]








===============

XS
SM
MD
LG