သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Sean Turnell ကို Australia ေခါင္းေဆာင္ေတြ ဂုဏ္ျပဳ 


ျမန္မာႏိုင္ငံအက်ဥ္းေထာင္ကလြတ္ေျမာက္လာတဲ့ စီးပြါးေရးပညာရွင္ေရွာင္တာနယ္နဲ႔ဇနီးျဖစ္သူတို႔ ၾသစေၾတးလ်လႊတ္ေတာ္ကို ဝန္ႀကီးခ်ဳပ္ Anthony Albanese နဲ႔အတူ သြားေရာက္ခဲ့စဥ္။

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ေထာင္ခ်ခံရၿပီး ျပန္လြတ္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြါးေရးအၾကံေပး ၾသစေၾတးလ် စီးပြားေရးပညာရွင္ Sean Turnell ကို Australia လႊတ္ေတာ္မွာ အမတ္ေတြ ဂုဏ္ျပဳႀကိဳဆိုခဲ့ၾကပါတယ္။

ျမန္မာအက်ဥ္းေထာင္ထဲ ၂ ႏွစ္နီးပါးခ်ဳပ္ေႏွာင္ခံရၿပီး November ၁၇ ရက္ေန႔က ျပန္လြတ္လာတဲ့ စီးပြားေရးပညာရွင္ Sean Turnell ဟာဒီေန႔ Australia ေအာက္လႊတ္ေတာ္ကို ဝန္ႀကီးခ်ဳပ္ Anthony Albanese နဲ႔အတူ သြားေရာက္ခဲ့တာမွာ လႊတ္ေတာ္အမတ္ေတြက မတ္တပ္ရပ္ ဂုဏ္ျပဳ ႀကိဳဆိုခဲ့ၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ Albanese ကလည္း Sean Turnell ရဲ႕ခြန္အားသတၱိရွိမႈ၊ အေကာင္းျမင္ဝါဒနဲ႔ ၾကံ့ၾကံ့ခံႏိုင္စြမ္းအားေတြအတြက္ ခ်ီးက်ဴးစကား ေျပာၾကားခဲ့ပါတယ္။

“အက်ဥ္းေထာင္ထဲမွာ သူ ရက္ေပါင္း ၆၅၀ ေနခဲ့ရတဲ့ အေျခအေနဟာ ဘယ္လိုလူသားတေယာက္မွ မၾကံဳရသင့့္တဲ့ အေျခအေနမ်ိဳးပါ။ တကယ့္ကို လူမဆန္တဲ့အေျခအေနတခုကို သူဟာ သိမ္သိမ္ေမြ႔ေမြ႔နဲ႔ ဂုဏ္သိကၡာရွိရွိ ျဖတ္သန္းခဲ့တယ္လို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese က ဒီေန႔ လႊတ္ေတာ္တြင္းမွာ ေျပာသြားတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး ပါေမာကၡ Sean Turnell ဟာ ျမန္မာႏိုင္ငံမွာ စစ္ အာဏာသိမ္းၿပီး ရက္ပိုင္းအတြင္းမွာပဲ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ လူဝင္မႈဥပေဒေတြခ်ိဳးေဖာက္မႈနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခံခဲ့ရတာပါ။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၇ ရက္ေန႔မွာ စစ္ေကာင္စီက ျပစ္ဒဏ္လြတ္ျခင္းခြင့္နဲ႔ အက်ဥ္းသားတခ်ိဳ႕ ျပန္လႊတ္ေပးတာမွာ Sean Turnell နဲ႔ ႏိုင္ငံျခားသား ၃ ဦး ျပန္လည္ လြတ္ေျမာက္လာတာျဖစ္ပါတယ္။

Sean Turnell ကို Australia ေခါင္းေဆာင္ေတြ ဂုဏ္ျပဳ.mp3
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

Sean Turnell ကို Australia ခေါင်းဆောင်တွေ ဂုဏ်ပြု

မြန်မာနိုင်ငံမှာ ထောင်ချခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွါးရေးအကြံပေး သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell ကို Australia လွှတ်တော်မှာ အမတ်တွေ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

မြန်မာအကျဉ်းထောင်ထဲ ၂ နှစ်နီးပါးချုပ်နှောင်ခံရပြီး November ၁၇ ရက်နေ့က ပြန်လွတ်လာတဲ့ စီးပွားရေးပညာရှင် Sean Turnell ဟာဒီနေ့ Australia အောက်လွှတ်တော်ကို ဝန်ကြီးချုပ် Anthony Albanese နဲ့အတူ သွားရောက်ခဲ့တာမှာ လွှတ်တော်အမတ်တွေက မတ်တပ်ရပ် ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Albanese ကလည်း Sean Turnell ရဲ့ခွန်အားသတ္တိရှိမှု၊ အကောင်းမြင်ဝါဒနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းအားတွေအတွက် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

“အကျဉ်းထောင်ထဲမှာ သူ ရက်ပေါင်း ၆၅၀ နေခဲ့ရတဲ့ အခြေအနေဟာ ဘယ်လိုလူသားတယောက်မှ မကြုံရသင့်တဲ့ အခြေအနေမျိုးပါ။ တကယ့်ကို လူမဆန်တဲ့အခြေအနေတခုကို သူဟာ သိမ်သိမ်မွေ့မွေ့နဲ့ ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese က ဒီနေ့ လွှတ်တော်တွင်းမှာ ပြောသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခ Sean Turnell ဟာ မြန်မာနိုင်ငံမှာ စစ် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ လူဝင်မှုဥပဒေတွေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ခြင်းခွင့်နဲ့ အကျဉ်းသားတချို့ ပြန်လွှတ်ပေးတာမှာ Sean Turnell နဲ့ နိုင်ငံခြားသား ၃ ဦး ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

XS
SM
MD
LG