သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ေခါင္းေဆာင္ပိုင္း ေျပာင္းလဲဖို႔ျပင္ဆင္


ေနျပည္ေတာ္ ႀကံ့ခုိင္ေရး႐ံုးမွာက်င္းပေနတဲ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ တတိယအႀကိမ္ပါတီညီလာခံ(ေအာက္တိုဘာ ၄၊ ၂၀၂၂/ ဓာတ္ပံု ျပည္ခုိင္ၿဖိဳး ဖဘ)

[[Zawgyi/Unicode]]

စစ္တပ္ကေက်ာေထာက္ေနာက္ခံေပးထားတဲ့ပါတီအျဖစ္ အမ်ားကသတ္မွတ္ေျပာဆိုထားတဲ့ အဓိကပါတီႀကီးတခုျဖစ္တဲ့ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီတြင္းမွာ ထိပ္ပိုင္းေခါင္းေဆာင္ အေျပာင္းအလဲလုပ္ဖို႔ ျပင္ဆင္ေနေၾကာင္း ပါတီနဲ႔နီးစပ္သူေတြက ေျပာပါတယ္။ လက္ရွိက်င္းပေနတဲ့ ပါတီညီလာခံမွာ ပါတီဥကၠ႒ ဦးသန္းေဌး ဥကၠ႒တာဝန္က အနားယူသြားၿပီး ပါတီရဲ႕ထိပ္ပိုင္း ေခါင္းေဆာင္ပိုင္းကို စစ္ဘက္ကအနားေပးထားသူေတြနဲ႔ အစားထိုးေျပာင္းလဲဖို႔လည္း ေမွ်ာ္လင့္ထားၾကပါတယ္။ ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို မအိသန႔္စင္ တင္ျပထားပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီရဲ႕ တတိယအႀကိမ္ပါတီညီလာခံကို ဒီကေန႔ ေအာက္တိုဘာ ၄ ရက္နဲ႔ ၅ ရက္ ေနျပည္ေတာ္ ႀကံ့ခိုင္ေရး႐ုံးမွာ က်င္းပေနပါတယ္။ လက္ရွိပါတီဥကၠ႒ ဦးသန္းေဌး ပါတီဥကၠ႒တာဝန္ကေန ႏုတ္ထြက္ေၾကာင္း ပါတီဝင္ တဦးျဖစ္တဲ့ ဦးလွေဆြက ဗြီအိုေအကိုေျပာပါတယ္။

“မနက္ျဖန္က်မွေ႐ြးမွာ။ ဦးသန္းေဌးကေတာ့ျပန္အဆိုမျပဳဘူး။ က်န္တဲ့သူေတြကေတာ့ အဆိုျပဳတာေပါ့ေနာ္။ အဆိုျပဳလို႔က်န္သူေတြကေတာ့ အေ႐ြးခံမယ္။ မနက္ျဖန္က်ရင္ ဘယ္သူေတြကို CEC သဘာတူ ထားပါတယ္။ အဲဒါသေဘာတူမတူ ေမးပါမယ္။ ဦးသန္းေဌးက လုံးဝနားလို႔ ျပန္မပါမွာေတာ့ေသခ်ာပါတယ္ခင္ဗ်။ ဦးခင္ရီျဖစ္မလား၊ ဘယ္သူျဖစ္မလားဆိုတာ မနက္ျဖန္မွအေျဖေပၚမွာပါ။”

ပါတီဥကၠ႒ေဟာင္း ဦးသန္းေဌးကေတာ့ တာဝန္ကႏုတ္ထြက္တဲ့အျပင္ ဗဟိုအလုပ္အမႈေဆာင္ေနရာကိုေတာင္ ျပန္အေ႐ြးမခံေတာ့ဘူးလို႔ ေျပာပါတယ္။ ဦးသန္းေဌး ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္မွာ ပါတီရန္ပုံေငြ အလြဲသုံးစားလုပ္တာေတြအျပင္ တဦးတည္း သေဘာနဲ႔ ပါတီစည္းမ်ဥ္း အေျပာင္းအလဲလုပ္တာေတြရွိတယ္ဆိုၿပီး အြန္လိုင္းက ေဝဖန္ခံခဲ့ရပါတယ္။ ဒါေပမယ့္ ဒီလိုအခ်က္ေတြေၾကာင့္ သူ ပါတီကႏုတ္ထြက္တာ မဟုတ္ဘူးလို႔ ဦးသန္းေဌးက ရွင္းလင္းသြားပါတယ္။

ပါတီဥကၠ႒တာဝန္အပါအဝင္ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြရဲ႕ေနရာေတြကို ပါတီညီလာခံအစီအစဥ္အရ မနက္ျဖန္ေ႐ြးခ်ယ္မယ္လို႔လည္း ညီလာခံတက္ေရာက္သူ တခ်ိဳ႕ ေျပာပါတယ္။ လက္ရွိတပ္မေတာ္ဘက္က ေလာေလာလတ္လတ္ အနားေပးလိုက္တဲ့ စစ္ေခါင္းေဆာင္ေတြ ႀကံ့ခိုင္ေရးပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ထဲမွာ ပါဝင္ လာႏိုင္ေျခရွိတယ္ဆိုၿပီး ပါတီတြင္းမွာ ေမွ်ာ္လင့္ထားၾကပါတယ္။

ပါတီဥကၠ႒သစ္အျဖစ္ မၾကာေသးခင္က စစ္ေကာင္စီရဲ႕ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔ အင္အားဝန္ႀကီးတာဝန္ကေနအနားယူခဲ့တဲ့ ဦးခင္ရီျဖစ္ႏိုင္တယ္ဆိုၿပီးေတာ့လည္း အမ်ားက ခန႔္မွန္းေနၾကပါတယ္။ ဦးခင္ရီဟာ ဦးသန္းေဌးက်န္းမာေရးေၾကာင့္အနားယူခဲ့ၿပီး ပါတီညီလာခံမစခင္အထိ ႀကံ့ခိုင္ေရးပါတီရဲ႕ ယာယီဥကၠ႒အေနနဲ႔ တာဝန္ယူထားခဲ့ပါတယ္။

မၾကာေသးခင္ကမွ တပ္ကေန အနားယူလိုက္တဲ့ စစ္ေရးခ်ဳပ္ေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းနဲ႔ ျပည္ထဲေရး ဒုတိယဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးတို႔ ပါတီ ထိပ္ပိုင္းေခါင္းေဆာင္ေနရာမွာ ဝင္ေရာက္လာႏိုင္တယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါနဲ႔ပတ္သက္လို႔လည္း ပါတီဝင္တဦးျဖစ္တဲ့ ဦးလွေဆြက အခုလိုေျပာပါတယ္။

“လက္ဖတင္ဂ်နရယ္ ၂ ေယာက္ေရာက္လာမယ္သတင္းၾကားတယ္။ ပါတီဌာနခ်ဳပ္ကၾကားတာေပါ့။ ဒီေန႔ေတာ့ ကုလားထိုင္မွာလာထိုင္တာမေတြ႕ဘူး။ မနက္ျဖန္ေတာ့ လာထိုင္မ လားမသိဘူး။ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမ်ိဳးေဇာ္သိန္းရယ္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အစိုးရအဖြဲ႕ေခါင္းေဆာင္၊ သူကေတာ့ ပါတီမလာဘူးဆိုၿပီး ျပန္ၿပီး လူလဲတယ္ေျပာတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက ေသခ်ာသေလာက္ရွိတယ္။ လာၿပီးေတာ့ ပါတီမွာတာဝန္ယူမယ့္သေဘာရွိတယ္။ ဘယ္ရာထူးယူမလဲဆိုတာေတာ့ မနက္ျဖန္မွသိရမွာပါ။”

၂ ရက္တာက်င္းပမယ့္ညီလာခံမွာ ပါတီထိပ္ပိုင္း တိုင္းနဲ႔ျပည္နယ္ ေခါင္းေဆာင္ေတြအျပင္ ပါတီစည္းမ်ဥ္းေတြတခ်ိဳ႕ကိုပါ ျပင္ဆင္သြားဖို႔ ရွိေနတယ္လို႔ ပါတီဝင္ေတြက ေျပာပါတယ္။

ေရွ႕ႏွစ္က်င္းပဖို႔ စစ္ေကာင္စီ ျပင္ဆင္ေနတဲ့ ေ႐ြးေကာက္ပြဲဟာ တရားမွ်တမႈရွိတဲ့ ေ႐ြးေကာက္ပြဲ မျဖစ္ႏိုင္ဘူးဆိုၿပီး သပိတ္ေမွာက္ဖို႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းမွာ ေတာင္းဆိုမႈေတြ ရွိေနပါတယ္။ ဒါေပမဲ့လည္း ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီအေနနဲ႔ေတာ့ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ဖို႔ ရည္႐ြယ္တဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ႀကိဳတင္ လုပ္ေဆာင္ေနၿပီ ဆိုၿပီး ႏိုင္ငံေရး အကဲခတ္ေတြက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း ပြောင်းလဲဖို့ပြင်ဆင်

စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့ပါတီအဖြစ် အများကသတ်မှတ်ပြောဆိုထားတဲ့ အဓိကပါတီကြီးတခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွင်းမှာ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေကြောင်း ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိကျင်းပနေတဲ့ ပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဥက္ကဋ္ဌတာဝန်က အနားယူသွားပြီး ပါတီရဲ့ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းကို စစ်ဘက်ကအနားပေးထားသူတွေနဲ့ အစားထိုးပြောင်းလဲဖို့လည်း မျှော်လင့်ထားကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မအိသန့်စင် တင်ပြထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တတိယအကြိမ်ပါတီညီလာခံကို ဒီကနေ့ အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နေပြည်တော် ကြံ့ခိုင်ရေးရုံးမှာ ကျင်းပနေပါတယ်။ လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်ကြောင်း ပါတီဝင် တဦးဖြစ်တဲ့ ဦးလှဆွေက ဗွီအိုအေကိုပြောပါတယ်။

“မနက်ဖြန်ကျမှရွေးမှာ။ ဦးသန်းဌေးကတော့ပြန်အဆိုမပြုဘူး။ ကျန်တဲ့သူတွေကတော့ အဆိုပြုတာပေါ့နော်။ အဆိုပြုလို့ကျန်သူတွေကတော့ အရွေးခံမယ်။ မနက်ဖြန်ကျရင် ဘယ်သူတွေကို CEC သဘာတူ ထားပါတယ်။ အဲဒါသဘောတူမတူ မေးပါမယ်။ ဦးသန်းဌေးက လုံးဝနားလို့ ပြန်မပါမှာတော့သေချာပါတယ်ခင်ဗျ။ ဦးခင်ရီဖြစ်မလား၊ ဘယ်သူဖြစ်မလားဆိုတာ မနက်ဖြန်မှအဖြေပေါ်မှာပါ။”

ပါတီဥက္ကဋ္ဌဟောင်း ဦးသန်းဌေးကတော့ တာဝန်ကနုတ်ထွက်တဲ့အပြင် ဗဟိုအလုပ်အမှုဆောင်နေရာကိုတောင် ပြန်အရွေးမခံတော့ဘူးလို့ ပြောပါတယ်။ ဦးသန်းဌေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ ပါတီရန်ပုံငွေ အလွဲသုံးစားလုပ်တာတွေအပြင် တဦးတည်း သဘောနဲ့ ပါတီစည်းမျဉ်း အပြောင်းအလဲလုပ်တာတွေရှိတယ်ဆိုပြီး အွန်လိုင်းက ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုအချက်တွေကြောင့် သူ ပါတီကနုတ်ထွက်တာ မဟုတ်ဘူးလို့ ဦးသန်းဌေးက ရှင်းလင်းသွားပါတယ်။

ပါတီဥက္ကဋ္ဌတာဝန်အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေရဲ့နေရာတွေကို ပါတီညီလာခံအစီအစဉ်အရ မနက်ဖြန်ရွေးချယ်မယ်လို့လည်း ညီလာခံတက်ရောက်သူ တချို့ ပြောပါတယ်။ လက်ရှိတပ်မတော်ဘက်က လောလောလတ်လတ် အနားပေးလိုက်တဲ့ စစ်ခေါင်းဆောင်တွေ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာ ပါဝင် လာနိုင်ခြေရှိတယ်ဆိုပြီး ပါတီတွင်းမှာ မျှော်လင့်ထားကြပါတယ်။

ပါတီဥက္ကဋ္ဌသစ်အဖြစ် မကြာသေးခင်က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးတာဝန်ကနေအနားယူခဲ့တဲ့ ဦးခင်ရီဖြစ်နိုင်တယ်ဆိုပြီးတော့လည်း အများက ခန့်မှန်းနေကြပါတယ်။ ဦးခင်ရီဟာ ဦးသန်းဌေးကျန်းမာရေးကြောင့်အနားယူခဲ့ပြီး ပါတီညီလာခံမစခင်အထိ ကြံ့ခိုင်ရေးပါတီရဲ့ ယာယီဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားခဲ့ပါတယ်။

မကြာသေးခင်ကမှ တပ်ကနေ အနားယူလိုက်တဲ့ စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်နေရာမှာ ဝင်ရောက်လာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ပါတီဝင်တဦးဖြစ်တဲ့ ဦးလှဆွေက အခုလိုပြောပါတယ်။

“လက်ဖတင်ဂျနရယ် ၂ ယောက်ရောက်လာမယ်သတင်းကြားတယ်။ ပါတီဌာနချုပ်ကကြားတာပေါ့။ ဒီနေ့တော့ ကုလားထိုင်မှာလာထိုင်တာမတွေ့ဘူး။ မနက်ဖြန်တော့ လာထိုင်မ လားမသိဘူး။ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းရယ်၊ ဒုတိယဗိုလ်ချုပ်ကြီး အစိုးရအဖွဲ့ခေါင်းဆောင်၊ သူကတော့ ပါတီမလာဘူးဆိုပြီး ပြန်ပြီး လူလဲတယ်ပြောတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက သေချာသလောက်ရှိတယ်။ လာပြီးတော့ ပါတီမှာတာဝန်ယူမယ့်သဘောရှိတယ်။ ဘယ်ရာထူးယူမလဲဆိုတာတော့ မနက်ဖြန်မှသိရမှာပါ။”

၂ ရက်တာကျင်းပမယ့်ညီလာခံမှာ ပါတီထိပ်ပိုင်း တိုင်းနဲ့ပြည်နယ် ခေါင်းဆောင်တွေအပြင် ပါတီစည်းမျဉ်းတွေတချို့ကိုပါ ပြင်ဆင်သွားဖို့ ရှိနေတယ်လို့ ပါတီဝင်တွေက ပြောပါတယ်။

ရှေ့နှစ်ကျင်းပဖို့ စစ်ကောင်စီ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုပြီး သပိတ်မှောက်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တောင်းဆိုမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့တော့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကြိုတင် လုပ်ဆောင်နေပြီ ဆိုပြီး နိုင်ငံရေး အကဲခတ်တွေက ပြောဆိုပါတယ်။

XS
SM
MD
LG