သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပမွာအလုပ္လုပ္တဲ့ျမန္မာေတြ အိမ္ျပန္ပို႔ရမယ့္ အနည္းဆုံးေငြပမာဏ သတ္မွတ္ေတာ့မည္


[[Zawgyi/Unicode]]

ျပည္ပမွာအလုပ္သြားလုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕အိမ္ျပန္ပို႔ရမယ့္ အနည္းဆုံးေငြပမာဏကို မၾကာခင္ သတ္မွတ္သြားမယ္လို႔ အလုပ္သမားေရးဌာနတာဝန္ရွိသူတဦးက VOA ကို ေျပာပါတယ္။ ရရွိတဲ့လစာအေပၚမူတည္ၿပီး ပမာဏအနည္းအမ်ားကို သတ္မွတ္သြားမွာျဖစ္ေၾကာင္းနဲ႔ ျပည္ပမွာလုပ္ကိုင္တဲ့ အလုပ္အမ်ိဳးအစား အကုန္လုံး အက်ဳံးဝင္လိမ့္မယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

တရားဝင္ လုပ္သားေစလႊတ္မႈနဲ႔ ျပည္ပမွာ အလုပ္သြားေရာက္ လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ အိမ္ျပန္ပို႔ရမယ့္ အနည္းဆုံးေငြပမာဏကို သတ္မွတ္သြားဖို႔ ျမန္မာအလုပ္သမားေရးဌာနဘက္က စီစဥ္ေနတာျဖစ္ေၾကာင္း အလုပ္သမားေရးဌာနရဲ႕ အၿမဲတမ္းအတြင္းဝန္ ဦးၫႊန႔္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။ ဒီလိုစီစဥ္တာမွာ ႏွစ္ႏိုင္ငံနားလည္မႈ MoU နဲ႔သြားတဲ့ လုပ္သားေတြအျပင္ အလုပ္ေခၚစာနဲ႔သြားတဲ့ လုပ္သားေတြလည္း အက်ဳံးဝင္လိမ့္မယ္လို႔ သူက ေျပာပါတယ္။

" သူတို႔ EC (အလုပ္ခန႔္စာခ်ဳပ္) ခ်ဳပ္တဲ့အခါမွာ သက္ဆိုင္ရာႏိုင္ငံကို သြားရတဲ့အခါမွာ ဒီ EC စာခ်ဳပ္မွာပါတဲ့ လစာႏႈန္းတားအရ ဘယ္ေလာက္ေတာ့ at least ေပါ့- ရာခိုင္ႏႈန္းအရ လႊဲသင့္တယ္ဆိုတာ ဒါေလးကို က်ေနာ္တို႔... ဟိုဘက္ကဘဏ္စနစ္ကိုလည္း က်ေနာ္တို႔ ညႇိႏႈိင္းၿပီးေတာ့ ေဆာင္႐ြက္ေနဆဲျဖစ္တယ္။ အဲဒါေၾကာင့္ ဒီဘက္ကလည္း remittance (လႊဲေငြ) နဲ႔ ပတ္သက္လို႔ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ႏႈန္းတားကို လ်ာထားၿပီးေတာ့ ဒီအေပၚမွာက်ေနာ္တို႔ ညႇိႏႈိင္းတြက္ခ်က္ေနဆဲ ျဖစ္ပါတယ္။"

ေနာက္ပိုင္းေစလႊတ္မယ့္ အလုပ္သမားေတြဆိုရင္ ေအဂ်င္စီေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ကတည္းက ျပန္လႊဲမယ့္ေငြပမာဏကို ထည့္ခ်ဳပ္ေပးဖို႔ အလုပ္သမားဌာနဆက္က စီစဥ္ေနတာပါ။ လက္ရွိမွာလည္း အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီေတြနဲ႔ ဒီကိစၥကို ေဆြးေႏြးေနတာ ျဖစ္ပါတယ္။ Golden Sea Myanmar ေအဂ်င္စီရဲ႕ တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

" ဒါေပမယ့္ မၾကာေတာ့ဘူးလို႔ ေျပာတယ္ခင္ဗ်၊ ထည့္ေတာ့မယ္ အဲဒါကိုေလ။ က်ေနာ္တို႔ မွန္းတာေတာ့ ေနာက္ဆုံး ဒီႏွစ္ကုန္ေလာက္ထဲမွာ ပါလာေတာ့မွာ။ ဒီလထဲေတာင္မွ ျဖစ္ႏိုင္ရင္ အေကာင္အထည္ေဖာ္ခိုင္းတယ္ဆိုေတာ့ သိပ္မၾကာေတာ့ဘူး ထင္ပါတယ္။ အဓိကေတာ့ သူတို႔ႏိုင္ငံျခားေငြလႊဲေငြ လိုခ်င္ေတာ့ ကေလးေတြ လႊဲတဲ့အေပၚမူတည္ၿပီးေတာ့ က်ေနာ္တို႔လည္း စာရင္းေတြ ျပန္တင္ျပရမွာေပါ့။"

Western Union လိုႏိုင္ငံတကာ ေငြလႊဲစနစ္နဲ႔လႊဲႏိုင္ဖို႔ ကနဦး စဥ္းစားထားၾကတယ္လို႔ ေအဂ်င္စီတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ သဘၤာသားေတြကေတာ့ အလုပ္သမားဝန္ႀကီးဌာနရဲ႕ တိုက္႐ိုက္ထိန္းခ်ဳပ္မႈေအာက္မွာမရွိဘဲ ပို႔ေဆာင္ဆက္သြယ္ေရးဌာနေအာက္မွာ ရွိပါတယ္။ ဒါေၾကာင့္လည္း ဒီအစီစဥ္မွာ အားလုံးပါဝင္တယ္လို႔ ေျပာလို႔မရေသးေၾကာင္း အလုပ္ေရးဌာနဘက္က ေျပာပါတယ္။

ျပည္ပေရာက္ျမန္မာေတြၾကားမွာေတာ့ ဗဟိုဘဏ္ရဲ႕ ႏိုင္ငံျခားေငြလဲႏႈန္း သတ္မွတ္ခ်က္ဟာ ျပင္ပ ေပါက္ေစ်းနဲ႔ ကြာဟေနတာေၾကာင့္ ပုဂၢလိက ဟြန္ဒီစနစ္နဲ႔ ေငြလႊဲစနစ္ကိုပဲသုံးေနဦးမယ္ဆိုၿပီး ေျပာဆိုတာေတြလည္း ရွိေနပါတယ္။ ျပည္ပေရာက္ျမန္မာေတြရဲ႕ အိမ္ျပန္ပို႔တဲ့ေငြဟာ ဆယ္ႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာ ၆ ဘီလီယံေလာက္ရွိတယ္လို႔ ႏိုင္ငံတကာနဲ႔ အရပ္ဘက္အဖြဲ႕တခ်ိဳ႕က ခန႔္မွန္းတြက္ခ်က္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လပိုင္းအတြင္း ႏိုင္ငံျခားေငြ ထိန္းခ်ဳပ္ေရး ဗဟိုဘဏ္ဘက္က စည္းမ်ဥ္းစည္းကမ္းေတြ ခ်မွတ္လာတဲ့တခ်ိန္တည္းမွာ ျပည္ပမွာအလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြရဲ႕ဝင္ေငြ ျပန္လည္ေပးပို႔စတဲ့ စနစ္ေတြအေပၚမွာလည္း တရားဝင္ေပးပို႔တဲ့ စနစ္ေတြကို သုံးဖို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္လာခဲ့ပါတယ္။ ျပည္ပမွာ ထြက္ၿပီး အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားအမ်ားအျပားရွိေနၿပီး ၄ သန္းနဲ႔ ၅ သန္းၾကားမွာ ရွိမယ္လို႔ သီးျခားလြတ္လပ္တဲ့ စီးပြားေရးအဖြဲ႕အစည္းတခ်ဳိ႕က ခန္႔မွန္းပါတယ္။ အမ်ားစုဟာ ထိုင္း၊ ကိုရီးယား၊ မေလးရွားနဲ႔ ဂ်ပန္ႏိုင္ငံေတြမွာ အမ်ားဆုံး သြားေရာက္အလုပ္လုပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ပြည်ပမှာအလုပ်လုပ်တဲ့မြန်မာတွေ အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏ သတ်မှတ်တော့မည်

ပြည်ပမှာအလုပ်သွားလုပ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏကို မကြာခင် သတ်မှတ်သွားမယ်လို့ အလုပ်သမားရေးဌာနတာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ရရှိတဲ့လစာအပေါ်မူတည်ပြီး ပမာဏအနည်းအများကို သတ်မှတ်သွားမှာဖြစ်ကြောင်းနဲ့ ပြည်ပမှာလုပ်ကိုင်တဲ့ အလုပ်အမျိုးအစား အကုန်လုံး အကျုံးဝင်လိမ့်မယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

တရားဝင် လုပ်သားစေလွှတ်မှုနဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အိမ်ပြန်ပို့ရမယ့် အနည်းဆုံးငွေပမာဏကို သတ်မှတ်သွားဖို့ မြန်မာအလုပ်သမားရေးဌာနဘက်က စီစဉ်နေတာဖြစ်ကြောင်း အလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုစီစဉ်တာမှာ နှစ်နိုင်ငံနားလည်မှု MoU နဲ့သွားတဲ့ လုပ်သားတွေအပြင် အလုပ်ခေါ်စာနဲ့သွားတဲ့ လုပ်သားတွေလည်း အကျုံးဝင်လိမ့်မယ်လို့ သူက ပြောပါတယ်။

" သူတို့ EC (အလုပ်ခန့်စာချုပ်) ချုပ်တဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံကို သွားရတဲ့အခါမှာ ဒီ EC စာချုပ်မှာပါတဲ့ လစာနှုန်းတားအရ ဘယ်လောက်တော့ at least ပေါ့- ရာခိုင်နှုန်းအရ လွှဲသင့်တယ်ဆိုတာ ဒါလေးကို ကျနော်တို့... ဟိုဘက်ကဘဏ်စနစ်ကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေဆဲဖြစ်တယ်။ အဲဒါကြောင့် ဒီဘက်ကလည်း remittance (လွှဲငွေ) နဲ့ ပတ်သက်လို့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းတားကို လျာထားပြီးတော့ ဒီအပေါ်မှာကျနော်တို့ ညှိနှိုင်းတွက်ချက်နေဆဲ ဖြစ်ပါတယ်။"

နောက်ပိုင်းစေလွှတ်မယ့် အလုပ်သမားတွေဆိုရင် အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ကတည်းက ပြန်လွှဲမယ့်ငွေပမာဏကို ထည့်ချုပ်ပေးဖို့ အလုပ်သမားဌာနဆက်က စီစဉ်နေတာပါ။ လက်ရှိမှာလည်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။ Golden Sea Myanmar အေဂျင်စီရဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

" ဒါပေမယ့် မကြာတော့ဘူးလို့ ပြောတယ်ခင်ဗျ၊ ထည့်တော့မယ် အဲဒါကိုလေ။ ကျနော်တို့ မှန်းတာတော့ နောက်ဆုံး ဒီနှစ်ကုန်လောက်ထဲမှာ ပါလာတော့မှာ။ ဒီလထဲတောင်မှ ဖြစ်နိုင်ရင် အကောင်အထည်ဖော်ခိုင်းတယ်ဆိုတော့ သိပ်မကြာတော့ဘူး ထင်ပါတယ်။ အဓိကတော့ သူတို့နိုင်ငံခြားငွေလွှဲငွေ လိုချင်တော့ ကလေးတွေ လွှဲတဲ့အပေါ်မူတည်ပြီးတော့ ကျနော်တို့လည်း စာရင်းတွေ ပြန်တင်ပြရမှာပေါ့။"

Western Union လိုနိုင်ငံတကာ ငွေလွှဲစနစ်နဲ့လွှဲနိုင်ဖို့ ကနဦး စဉ်းစားထားကြတယ်လို့ အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ သင်္ဘာသားတွေကတော့ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာမရှိဘဲ ပို့ဆောင်ဆက်သွယ်ရေးဌာနအောက်မှာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီအစီစဉ်မှာ အားလုံးပါဝင်တယ်လို့ ပြောလို့မရသေးကြောင်း အလုပ်ရေးဌာနဘက်က ပြောပါတယ်။

ပြည်ပရောက်မြန်မာတွေကြားမှာတော့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ချက်ဟာ ပြင်ပ ပေါက်ဈေးနဲ့ ကွာဟနေတာကြောင့် ပုဂ္ဂလိက ဟွန်ဒီစနစ်နဲ့ ငွေလွှဲစနစ်ကိုပဲသုံးနေဦးမယ်ဆိုပြီး ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ပြည်ပရောက်မြန်မာတွေရဲ့ အိမ်ပြန်ပို့တဲ့ငွေဟာ ဆယ်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံလောက်ရှိတယ်လို့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တချို့က ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း နိုင်ငံခြားငွေ ထိန်းချုပ်ရေး ဗဟိုဘဏ်ဘက်က စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လာတဲ့တချိန်တည်းမှာ ပြည်ပမှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ဝင်ငွေ ပြန်လည်ပေးပို့စတဲ့ စနစ်တွေအပေါ်မှာလည်း တရားဝင်ပေးပို့တဲ့ စနစ်တွေကို သုံးဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။ ပြည်ပမှာ ထွက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအများအပြားရှိနေပြီး ၄ သန်းနဲ့ ၅ သန်းကြားမှာ ရှိမယ်လို့ သီးခြားလွတ်လပ်တဲ့ စီးပွားရေးအဖွဲ့အစည်းတချို့က ခန့်မှန်းပါတယ်။ အများစုဟာ ထိုင်း၊ ကိုရီးယား၊ မလေးရှားနဲ့ ဂျပန်နိုင်ငံတွေမှာ အများဆုံး သွားရောက်အလုပ်လုပ်နေကြပါတယ်။

XS
SM
MD
LG