သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ ေရေဘးသင့္သူေတြအတြက္ ႏိုင္ငံတကာအကူအညီ စေရာက္


ပါကစၥတန္ႏုိင္ငံ၊ ပက္ရွ္ဝါၿမိဳ႕စြန္က ေရေဘးသင့္ျပည္သူေတြ ေနရာေရႊ႕ေနၾကစဥ္။ (ၾသဂုတ္ ၂၈၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ပါကစၥတန္ႏိုင္ငံမွာ မုတ္သံုမိုးမ်ားၿပီး ႏိုင္ငံတဝွမ္းေရႀကီးေနရတာေၾကာင့္ ေရေဘးသင့္ျပည္သူေထာင္နဲ႔ခ်ီ ေဘးလြတ္ရာကို ေျပာင္းေပးဖို႔ စစ္တပ္နဲ႔ ေစတနာ့ဝန္ထမ္းေတြ ဝုိင္းဝန္းႀကိဳးပမ္းေနခ်ိန္မွာပဲ ေရေဘးသင့္ဒုကၡသည္ေတြအတြက္ ႏိုင္ငံတကာအကူအညီေတြ ႏိုင္ငံတြင္းကို ေရာက္လာပါတယ္။

တူရကီနဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE ႏိုင္ငံေတြက ေပးပို႔တဲ့ အစားအေသာက္၊ ရြက္ဖ်င္တဲနဲ႔ တျခားေန႔စဥ္သံုးပစၥည္းေတြပါဝင္တဲ့ ႏိုင္ငံတကာအကူအညီအေထာက္အပံ့ေတြ ကုန္တင္ေလယာဥ္နဲ႔ တနဂၤေႏြေန႔မွာ Islamabad ၿမိဳ႕ေတာ္ကို ဆိုက္ေရာက္ခဲ့တာပါ။ ႏိုင္ငံတဝွမ္းက ေရေဘးသင့္ျပည္သူေတြရွိရာဆီ ဒီပစၥည္းေတြကို ကုန္တင္ကားေတြနဲ႔ ခြဲျခမ္းသယ္ေဆာင္သြားၾကပါၿပီ။

လက္ရွိ ပါကစၥတန္ႏိုင္ငံမွာ ေရေဘးသင့္ျပည္သူ ေသာင္းနဲ႔ခ်ီရွိေၾကာင္း အစိုးရစာရင္းမွာ ေဖာ္ျပထားပါတယ္။ ပါကစၥတန္ႏိုင္ငံမွာ ႏွစ္ ၃၀ အတြင္း မိုးအမ်ားဆံုးရြာတာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Shabaz Sharif က ဒီေန႔ တနလၤာေန႔မွာ ေျပာပါတယ္။

ဒီႏွစ္ဇြန္လလယ္ကတည္းကဆိုရင္ မိုးမ်ားေရႀကီးမႈေၾကာင့္ ျပည္သူ ၃၃ သန္း ေရေဘးသင့္ရၿပီး အိမ္ေျခတသန္းေလာက္ ပ်က္စီးရပါတယ္။ လူ တေထာင္ထက္မနည္းလည္း ေသဆံုးရပါတယ္။ ဒါ့ေၾကာင့္ ေရေဘးသင့္ပါကစၥတန္ျပည္သူေတြအတြက္ ႏိုင္ငံတကာအကူအညီေတြေပးဖို႔ အစိုးရက ေတာင္းဆိုေနတာပါ။ ပါကစၥတန္ေရေဘးသင့္ျပည္သူေတြအတြက္ ႏိုင္ငံတကာကို ကုလသမဂၢကလည္း ဝိုင္ဝန္းအကူအညီေတာင္းခံမႈ မနက္ျဖန္ အဂၤါေန႔ကေန စတင္လုပ္ေဆာင္သြားမွာလည္း ျဖစ္ပါတယ္။
#ပါကစၥတန္ေရေဘး #ႏိုင္ငံတကာအကူအညီ
=================

[[Unicode]]

ပါကစ္စတန် ရေဘေးသင့်သူတွေအတွက် နိုင်ငံတကာအကူအညီ စရောက်

ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးများပြီး နိုင်ငံတဝှမ်းရေကြီးနေရတာကြောင့် ရေဘေးသင့်ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ပြောင်းပေးဖို့ စစ်တပ်နဲ့ စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာပဲ ရေဘေးသင့်ဒုက္ခသည်တွေအတွက် နိုင်ငံတကာအကူအညီတွေ နိုင်ငံတွင်းကို ရောက်လာပါတယ်။

တူရကီနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံတွေက ပေးပို့တဲ့ အစားအသောက်၊ ရွက်ဖျင်တဲနဲ့ တခြားနေ့စဉ်သုံးပစ္စည်းတွေပါဝင်တဲ့ နိုင်ငံတကာအကူအညီအထောက်အပံ့တွေ ကုန်တင်လေယာဉ်နဲ့ တနင်္ဂနွေနေ့မှာ Islamabad မြို့တော်ကို ဆိုက်ရောက်ခဲ့တာပါ။ နိုင်ငံတဝှမ်းက ရေဘေးသင့်ပြည်သူတွေရှိရာဆီ ဒီပစ္စည်းတွေကို ကုန်တင်ကားတွေနဲ့ ခွဲခြမ်းသယ်ဆောင်သွားကြပါပြီ။

လက်ရှိ ပါကစ္စတန်နိုင်ငံမှာ ရေဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိကြောင်း အစိုးရစာရင်းမှာ ဖော်ပြထားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ နှစ် ၃၀ အတွင်း မိုးအများဆုံးရွာတာဖြစ်ကြောင်း ဝန်ကြီးချုပ် Shabaz Sharif က ဒီနေ့ တနင်္လာနေ့မှာ ပြောပါတယ်။

ဒီနှစ်ဇွန်လလယ်ကတည်းကဆိုရင် မိုးများရေကြီးမှုကြောင့် ပြည်သူ ၃၃ သန်း ရေဘေးသင့်ရပြီး အိမ်ခြေတသန်းလောက် ပျက်စီးရပါတယ်။ လူ တထောင်ထက်မနည်းလည်း သေဆုံးရပါတယ်။ ဒါ့ကြောင့် ရေဘေးသင့်ပါကစ္စတန်ပြည်သူတွေအတွက် နိုင်ငံတကာအကူအညီတွေပေးဖို့ အစိုးရက တောင်းဆိုနေတာပါ။ ပါကစ္စတန်ရေဘေးသင့်ပြည်သူတွေအတွက် နိုင်ငံတကာကို ကုလသမဂ္ဂကလည်း ဝိုင်ဝန်းအကူအညီတောင်းခံမှု မနက်ဖြန် အင်္ဂါနေ့ကနေ စတင်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
#ပါကစ္စတန်ရေဘေး #နိုင်ငံတကာအကူအညီ
=================

XS
SM
MD
LG