သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ပြဲေတြကို ေဆြးေႏြးမႈနဲ႔ေျဖရွင္းဖို႔ ပုပ္ရဟန္းမင္းႀကီးတိုက္တြန္း 


ဗာတီကန္မွာလုပ္တဲ့ Pope Francis ရဲ႕ တရားပြဲတခု။ (ယခင္မွတ္တမ္းဓာတ္ပုံ)

[[Zawgyi/Unicode]]

စစ္တပ္က အရပ္သားေတြအေပၚ မရပ္မနားတိုက္ခိုက္ေနတဲ့ ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ပဋိပကၡေတြ အဆုံးသတ္ေရး ေတြ႔ဆုံ ေဆြးေႏြးၾကဖို႔ ပုပ္ရဟန္းမင္းႀကီး Francis က ေျပာၾကားလိုက္ပါတယ္။

ကမာၻတဝန္းျဖစ္ေနတဲ့စစ္ပြဲေတြရဲ႕ အနိ႒ာ႐ုံေတြအေၾကာင္း ႏိုဝင္ဘာ ၉ ရက္ေန႔က Vatican မွာလုပ္တဲ့တရားပြဲမွာ ပုပ္ရဟန္းမင္းႀကီးက ျမန္မာ့အေရးကို ထည့္သြင္း ေျပာၾကားခဲ့တာပါ။ ျပည္တြင္းစစ္နဲ႔ပဋိပကၡေတြ ၁၀ ႏွစ္ေက်ာ္ၾကာ ျဖစ္ေနတဲ့ ဆီးရီးယားအေရး၊ ယီမင္ႏိုင္ငံက ကေလးငယ္ေတြရဲ႕ ေဘးဒုကၡနဲ႔ ျမန္မာႏိုင္ငံအေရးတို႔ကို စဥ္းစားၾကည့္လိုက္ရင္ စစ္ပြဲေတြက လူသားမ်ဳိးႏြယ္အပါအဝင္ အရာအားလုံးကို ဖ်က္ဆီးေနေၾကာင္း၊ ဒါေၾကာင့္ ဒီပဋိပကၡေတြကို စစ္ပြဲေတြနဲ႔ ေျဖရွင္းလို႔ မရႏိုင္ေၾကာင္း ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

စစ္ပြဲေတြအဆံုးသတ္ဖို႔ ေတြ႔ဆံုရမယ္၊ ေဆြးေႏြးရမယ္လို႔ ပုပ္ရဟန္းမင္းႀကီးကေျပာပါတယ္။ ယူကရိန္းစစ္ပြဲအပါအဝင္ တျခား ပဋိပကၡေတြေၾကာင့္ ေဘးဒုကၡေရာက္ၾကသူ အမ်ားအျပားကို သူ႔အေနနဲ႔ ျမင္ေယာင္ေနေၾကာင္း၊ ဒီပဋိပကၡေတြေျပလည္ေရးအတြက္ အေျမာက္ေတြနဲ႔ ဆုံးျဖတ္ေပးလို႔မရႏိုင္ဘဲ ႏူးည့ံသိမ္ေမြ႔တဲ့ ေတြ႔ဆုံ ေဆြးေႏြးတဲ့နည္းနဲ႔သာ ေျဖရွင္းႏိုင္မယ္လို႔ ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

ကမာၻႀကီးက ယူကရိန္းစစ္ပြဲကိုအာ႐ုံစိုက္ေနၾကေပမဲ့ ပုပ္ရဟန္းမင္းႀကီးကေတာ့ ျမန္မာႏိုင္ငံအေရးကို မၾကာခဏ ေျပာဆိုၿပီး ၿငိမ္းခ်မ္းေရးနဲ႔ အမ်ဳိးသားရင္ၾကားေစ့ေရး ျဖစ္ေပၚေစဖို႔ ဆုေတာင္းေပးေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

စစ်ပွဲတွေကို ဆွေးနွေးမှုနဲ့ဖြေရှင်းဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

စစ်တပ်က အရပ်သားတွေအပေါ် မရပ်မနားတိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး တွေ့ဆုံ ဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားလိုက်ပါတယ်။

ကမ္ဘာတဝန်းဖြစ်နေတဲ့စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံတွေအကြောင်း နိုဝင်ဘာ ၉ ရက်နေ့က Vatican မှာလုပ်တဲ့တရားပွဲမှာ ပုပ်ရဟန်းမင်းကြီးက မြန်မာ့အရေးကို ထည့်သွင်း ပြောကြားခဲ့တာပါ။ ပြည်တွင်းစစ်နဲ့ပဋိပက္ခတွေ ၁၀ နှစ်ကျော်ကြာ ဖြစ်နေတဲ့ ဆီးရီးယားအရေး၊ ယီမင်နိုင်ငံက ကလေးငယ်တွေရဲ့ ဘေးဒုက္ခနဲ့ မြန်မာနိုင်ငံအရေးတို့ကို စဉ်းစားကြည့်လိုက်ရင် စစ်ပွဲတွေက လူသားမျိုးနွယ်အပါအဝင် အရာအားလုံးကို ဖျက်ဆီးနေကြောင်း၊ ဒါကြောင့် ဒီပဋိပက္ခတွေကို စစ်ပွဲတွေနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

စစ်ပွဲတွေအဆုံးသတ်ဖို့ တွေ့ဆုံရမယ်၊ ဆွေးနွေးရမယ်လို့ ပုပ်ရဟန်းမင်းကြီးကပြောပါတယ်။ ယူကရိန်းစစ်ပွဲအပါအဝင် တခြား ပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်ကြသူ အများအပြားကို သူ့အနေနဲ့ မြင်ယောင်နေကြောင်း၊ ဒီပဋိပက္ခတွေပြေလည်ရေးအတွက် အမြောက်တွေနဲ့ ဆုံးဖြတ်ပေးလို့မရနိုင်ဘဲ နူးညံ့သိမ်မွေ့တဲ့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ကမ္ဘာကြီးက ယူကရိန်းစစ်ပွဲကိုအာရုံစိုက်နေကြပေမဲ့ ပုပ်ရဟန်းမင်းကြီးကတော့ မြန်မာနိုင်ငံအရေးကို မကြာခဏ ပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်စေဖို့ ဆုတောင်းပေးလေ့ရှိပါတယ်။

XS
SM
MD
LG