သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲတွေကို ဆွေးနွေးမှုနဲ့ဖြေရှင်းဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း 


ဗာတီကန်မှာလုပ်တဲ့ Pope Francis ရဲ့ တရားပွဲတခု။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ဗာတီကန်မှာလုပ်တဲ့ Pope Francis ရဲ့ တရားပွဲတခု။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

စစ်တပ်က အရပ်သားတွေအပေါ် မရပ်မနားတိုက်ခိုက်နေတဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေး တွေ့ဆုံ ဆွေးနွေးကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားလိုက်ပါတယ်။

ကမ္ဘာတဝန်းဖြစ်နေတဲ့စစ်ပွဲတွေရဲ့ အနိဋ္ဌာရုံတွေအကြောင်း နိုဝင်ဘာ ၉ ရက်နေ့က Vatican မှာလုပ်တဲ့တရားပွဲမှာ ပုပ်ရဟန်းမင်းကြီးက မြန်မာ့အရေးကို ထည့်သွင်း ပြောကြားခဲ့တာပါ။ ပြည်တွင်းစစ်နဲ့ပဋိပက္ခတွေ ၁၀ နှစ်ကျော်ကြာ ဖြစ်နေတဲ့ ဆီးရီးယားအရေး၊ ယီမင်နိုင်ငံက ကလေးငယ်တွေရဲ့ ဘေးဒုက္ခနဲ့ မြန်မာနိုင်ငံအရေးတို့ကို စဉ်းစားကြည့်လိုက်ရင် စစ်ပွဲတွေက လူသားမျိုးနွယ်အပါအဝင် အရာအားလုံးကို ဖျက်ဆီးနေကြောင်း၊ ဒါကြောင့် ဒီပဋိပက္ခတွေကို စစ်ပွဲတွေနဲ့ ဖြေရှင်းလို့ မရနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

စစ်ပွဲတွေအဆုံးသတ်ဖို့ တွေ့ဆုံရမယ်၊ ဆွေးနွေးရမယ်လို့ ပုပ်ရဟန်းမင်းကြီးကပြောပါတယ်။ ယူကရိန်းစစ်ပွဲအပါအဝင် တခြား ပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်ကြသူ အများအပြားကို သူ့အနေနဲ့ မြင်ယောင်နေကြောင်း၊ ဒီပဋိပက္ခတွေပြေလည်ရေးအတွက် အမြောက်တွေနဲ့ ဆုံးဖြတ်ပေးလို့မရနိုင်ဘဲ နူးညံ့သိမ်မွေ့တဲ့ တွေ့ဆုံ ဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ကမ္ဘာကြီးက ယူကရိန်းစစ်ပွဲကိုအာရုံစိုက်နေကြပေမဲ့ ပုပ်ရဟန်းမင်းကြီးကတော့ မြန်မာနိုင်ငံအရေးကို မကြာခဏ ပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်စေဖို့ ဆုတောင်းပေးလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG