သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား စစ်ရေးလေ့ကျင့်မှုမှာ အသံထက် အဆပေါင်းများစွာမြန်တဲ့ ဒုံးကျည်တွေပါမည်


UKRAINE-CRISIS/RUSSIA-MISSILES
UKRAINE-CRISIS/RUSSIA-MISSILES

[[Zawgyi/Unicode]]

အသံထက် ၅ ဆ ကနေ ၂၅ ဆအထိမြန်တဲ့ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ ရုရှားစစ်သင်္ဘောတွေဟာ စစ်ရေးလေ့ကျင့်ဖို့ အတ္တလန်တစ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာနဲ့မြေထဲပင်လယ်ဆီ စေလွှတ်လိုက်တာကို သမ္မတပူတင်က ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာ စောင့်ကြပ်ကြည့်ရှုနေပါတယ်။

ဒီလို အားကောင်းတဲ့ လက်နက်တွေဟာ ပြည်ပ ခြိမ်းခြောက်မှုတွေကနေ ရုရှားကို အကာအကွယ်ပေးပါလိမ့်မယ်လို့ ရုရှားသမ္မတပူတင်က ရုရှားသတင်းဌာနတွေကို ပြောပါတယ်။

အဲဒီ သင်္ဘောတွေပေါ်မှာပါတဲ့ Zircon ဒုံးကျည်စနစ်ကို တုနှိုင်းလို့မရဘူးလို့ သမ္မတပူတင်ကပြောကြောင်း ရုရှားသတင်းတွေက ကိုးကားရေးသားကြပါတယ်။ ဒီ Zircon ဒုံးကျည်တွေဟာခေတ်သစ် ဒါမှမဟုတ် အနာဂတ် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ကျော်လွှားနိုင်ပြီး မြေပြင် ရေပြင်မှာရှိတဲ့ရန်သူကို တိတိကျကျ အားကောင်းကောင်း မှန်အောင်တိုက်ခိုက်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြောပါတယ်။ သမ္မတပူတင်နဲ့ကာကွယ်ရေးဝန်ကြီးတို့ဟာ လေ့ကျင့်ရေး မစ်ရှင်ဖွင့်ပွဲအခမ်းအနားကို ဗွီဒီယိုကနေတဆင့် တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့မှာပဲ ယူကရိန်းနိုင်ငံ Donetsk ဒေသက ရုရှားထိန်းချုပ်ထားတဲ့ Makiivka မြို့မှာ ဇန်နဝါရီ ၁ ရက်နေ့က ယူကရိန်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့တဲ့ စစ်သားအရေအတွက်ကို ကနဦးစာရင်း ၆၃ ယောက်ကိုတိုးပြီး ၈၉ ယောက် သေဆုံးသွားခဲ့ကြောင်း၊ ခွင့်မပြုဘဲဖုန်းသုံးခဲ့တာကြောင့် ယူကရိန်းရဲ့အတိုက် အခိုက်ကိုခံခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားစစ်သားတွေနေထိုင်တဲ့နေရာနဲ့ စစ်လက်နက်ပစ္စည်းတွေ သိုလှောင်ထားရာနေရာကနီးပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ပျက်စီးတဲ့အတိုင်းအဆကိုကြည့်ပြီး ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ခုလိုပြောတာပါ။ လောင်ချာဒုံးကျည်ကျရောက်ပြီး ဆက်လက် ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

[[Unicode]]


အသံထကျ ၅ ဆ ကနေ ၂၅ ဆအထိမွနျတဲ့ဒုံးကညြျတှေ ပဈခတျနိုငျတဲ့ ရုရှားစဈသငျ်ဘောတှဟော စဈရေးလေ့ကငြ့ျဖို့ အတ်တလနျတဈသမုဒ်ဒရာ၊ အိန်ဒိယသမုဒ်ဒရာနဲ့မွထေဲပငျလယျဆီ စလှေှတျလိုကျတာကို သမ်မတပူတငျက ဒီကနေ့ ဗုဒ်ဒဟူးနေ့မှာ စောင့ျကွပျကွည့ျရှုနပေါတယျ။





XS
SM
MD
LG