သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဒေသ လုံခြုံရေးတင်းကျပ်၊ ကုန်တင်ယာဉ် အများအပြား ရက်ရှည် ပိတ်မိ 


ဖားကန့်မြို့
ဖားကန့်မြို့

[[Zawgyi/Unicode]]

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားရွာမှာ မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့အတွက် ကုန်တင်ကားအစီး ၆၀ လောက် စစ်ဆေးရေး ဂိတ်မှာ ပိတ်မိနေပါတယ်။ ပိတ်မိနေတဲ့ ကားအများစုဟာ စက်သုံးဆီ တင်ယာဉ်တွေ ဖြစ်ပြီး တချို့ကားတွေဆို တပတ်ကျော် ကြာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီ ရှားပါးတဲ့အတွက် ဖားကန့်မြို့မှာ လောင်စာဆီဈေးတွေ ဆက်လက် မြင့်တက်နေပါတယ်။ ဖားကန့်ဒေသရဲ့ နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် နန့်ယားရွာရှိ စစ်တပ်နဲ့ ပြည်သူ့စစ် စစ်ဆေးရေးဂိတ်တွေက အောက်တိုဘာလလည်လောက်က စတင် စက်သုံးဆီတင်သွင်းတာကို ပိတ်ပင်ကန့်သတ်ခဲ့တာပါ။
လက်ရှိအခြေအနေမှာလည်း စစ်ဆေးတာတွေကို တင်းကျပ်နေတာကြောင့် နန့်ယားရွာမှာ ကုန်တင်ယာဉ် အစီး ၆၀လောက် ပိတ်မိနေကြောင်း နန့်ယားဒေသခံတဦးက VOA ကို ပြောပါတယ်။

“ နန့်ယားဂိတ်မှာ ၅၀- ၆၀ ကျော်လောက်ရှိတယ်။ ဒီ ဂိတ်ကနေ ဟိုးခွန်တောင်အထိ တန်းစီနေတာတော့ ဓါတ်ဆီကားတွေပိုများတယ်။ တချို့ကားတွေဆို ၁၀ ရက်၊ တပတ်လောက်တောင် ကြာပြီ။ ခရီးသည်ကားတွေ တချို့တော့ သူတို့ စစ်ဆေးမေးမြန်းပြီးမှ လွှတ်ခဲ့တာရှိတယ်။ ကားငယ်တွေပေ့ါနော။ လိုင်းကားတွေပေါ့။”

ဖားကန့်ဒေသခံတဦးကတော့ စက်သုံးဆီတင်ယာဉ်တွေကို အကန့်အသတ်နဲ့ ဝင်ခွင့်ပေးနေတာကြောင့် ဓါတ်ဆီဈေးဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ပြောပါတယ်

“အဲဒီ ဆီကားတွေက အားလုံးတခါတည်း မလွှတ်ဘူး။ ကြားထဲကားကို နှစ်စီး၊ သုံးစီး။ နှစ်စီး၊ သုံးစီး အဲလိုပဲ လွှတ်နေတာ။ ဆီဈေးကလည်း မကျဘူး။ ဆီဈေးက တပေပါကို ရှစ်သိန်းကျော်တယ်။ ကိုးသိန်းနီးပါး တောင်ရောက်တယ်။”

တဂါလံဈေးနှုန်းအနေနဲ့ဆို ကျပ်ငွေ ၂ သောင်းဝန်းကျင်လောက်ရှိကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းက ဖားကန့်မြို့မှာ 92 တဂါလံကို ၂သောင်း၊ 95 တလီတာကို ၂သောင်း ၂ ထောင်လောက်ထိ မြင့်တက်ခဲ့တာပါ။

အခြားဒေသခံတွေကတော့ နန့်ယားဂိတ်မှာ စက်သုံးဆီသယ်ယူမှုကိုသာမက ဆန်သယ်ယူမှုကိုပါ ကန့်သတ်ထားကြောင်း ပြောပါတယ်။ ဖားကန့်ဒေသမှာ ဆန်နဲ့စက်သုံးဆီသယ်ယူတာကို တားမြစ်တာဟာ KIA အတွက် အခွန်အကောက်ရနိုင်တဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို ထိန်းချုပ်လိုတာကြောင့်ဖြစ်နိုင်ကြောင်း ဒေသတွင်း အကဲခတ်တွေက သုံးသပ်ပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]










XS
SM
MD
LG