သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန႔္ၿမိဳ႕အနီး ဆယ္ဇင္း႐ြာ ေလေၾကာင္းတိုက္ခိုက္ခံရၿပီး ေနအိမ္အမ်ားအျပား မီးရႈိ႕ ဖ်က္ဆီးခံရ


ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္ ဆယ္ဇင္းေက်းရြာ (Crd: MIMU)

[[Zawgyi/Unicode]]

ဖားကန႔္ၿမိဳ႕အနီး ဆယ္ဇင္း႐ြာ ေလေၾကာင္းတိုက္ခိုက္ခံရၿပီး ေနအိမ္အမ်ားအျပား မီးရႈိ႕ ဖ်က္ဆီးခံရ

ၿပီးခဲ့တဲ့ရက္ေတြက တိုက္ပြဲျပင္းထန္ခဲ့တဲ့ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ ေနအိမ္အမ်ားအျပား မီးရႈိဖ်က္ဆီးခံေနရၿပီး ရာနဲ႔ခ်ီတဲ့ ေဒသခံေတြလည္း ေက်း႐ြာအတြင္းမွာ ပိတ္မိေနဆဲ ျဖစ္ပါတယ္။ ဒီလ ၈ ရက္နဲ႔ ၉ ရက္အတြင္း တိုက္ပြဲျဖစ္စဥ္ေတြမွာ အရပ္သားထိခိုက္ေသဆုံးမႈေတြ မ်ားျပားခဲ့သလို အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူေတြလည္း ရွိေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဆယ္ဇင္း႐ြာတိုက္ပြဲေတြရဲ႕ ေနာက္ဆုံးအေျခအေနကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္က ဆယ္ဇင္းေက်း႐ြာအနီးက စစ္ေကာင္စီတပ္စခန္းနဲ႔ SNA ေခၚ ရွမ္းနီတပ္ဖြဲ႕ တပ္စခန္းေတြကို KIA နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႕ေတြက ဒီလ ၈ ရက္ေန႔မွာ တိုက္ခိုက္သိမ္းယူခဲ့သလို ၉ ရက္ေန႔မွာေတာ့ ဆယ္ဇင္း ရဲစခန္းကို ထပ္မံတိုက္ခိုက္ခဲ့ပါတယ္။ ဒီတိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ေလေၾကာင္းက တိုက္ခိုက္တာေတြရွိၿပီး တိုက္ပြဲေတြ ျပင္းထန္ခဲ့တာပါ။ ဒီလို တိုက္ပြဲေတြ ျပင္းထန္ခဲ့တဲ့ ဆယ္ဇင္း႐ြာရဲ႕ လက္ရွိ အေျခအေနကို ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“ ညက ၉ နာရီအထိေအာင္ ေလယာဥ္နဲ႔ လာပစ္တယ္တဲ့။ ေနာက္ ေဈးကို မီးရႈိ႕ပစ္လိုက္ၿပီ။ ရပ္ကြက္ ၅ ခုရွိတာ ၃ ခုလည္း မီးရႈိ႕ပစ္လိုက္ၿပီတဲ့။ အိမ္ေျခ ၃၀၀ ေက်ာ္ေလာက္ေတာ့ရွိၿပီတဲ့။ ရဲစခန္းထဲကေန လာခဲ့ၿပီးမွ ရႈိ႕တာေပါ့။ SNA နဲ႔ စကစနဲ႔ ရဲနဲ႔။ ဒီေန႔ ေန႔လယ္ပိုင္းေတာင္မွ သြားရႈိ႕ေနၾကတယ္လို႔ ၾကားတယ္။ ႐ြာသားေတြကေတာ့ ဘုန္းႀကီးေက်ာင္းထဲမွာ ၇၀ ေလာက္ရွိထားတယ္။ ဘုန္းႀကီးေက်ာင္းထဲကလည္း ထြက္လို႔ မရဘူး။ ထြက္တာနဲ႔ ဒီ SNA နဲ႔ စကစေတြက ပစ္တယ္တဲ့။ လူအထိအခိုက္အေသအေပ်ာက္ကေတာ့ သူတို႔ ခန႔္မွန္းတာေတာ့ ၂၀ ေလာက္ရွိမယ္လို႔ ေျပာတယ္။ ထြက္တယ္ဆိုရင္ ပစ္တာဆိုေတာ့ ဘယ္သူမွ ထြက္ၿပီး မေကာက္ရဲဘူး။ မၾကည့္ရဲဘူးျဖစ္တဲ့အေနအထားေပါ့။”

တခ်ိဳ႕႐ြာသားေတြကေတာ့ အနီးအနား ေက်း႐ြာေတြဘက္ကို ထြက္ေျပးတိမ္းေရွာင္တာေတြ ရွိေၾကာင္းလည္း ေျပာပါတယ္။ စစ္ေရွာင္ေတြကို ကူညီေနသူတဦးကလည္း ဆယ္ဇင္း႐ြာအတြင္းက အေျခအေနကို အခုလို ေျပာပါတယ္။

“ဆယ္ဇင္းဘက္ကေတာ့ မီးေတြ အကုန္လုံး ေလာင္သြားၿပီ။ မေလာင္တဲ့ဟာေတြလည္း ဘက္ဖိုးနဲ႔ ႐ိုက္ဖ်က္ၿပီးမွ ရႈိ႕ပစ္တယ္ဆိုလား အဲလိုမ်ိဳး ေျပာၾကတယ္။ SNA နဲ႔ စကစနဲ႔ ေပါင္းၿပီမွ လုပ္တယ္လို႔ ၾကားတယ္။ အေသေပ်ာက္က အဲဒီ႐ြာကေန ထြက္ေျပးဖို႔ ႀကံတဲ့ ဥစၥာေတြကို ေသနတ္နဲ႔ လိုက္ပစ္သတ္တဲ့ ဥစၥာကို ေတာ္ေတာ္မ်ားတယ္ေျပာတယ္။ က်ေနာ့သူငယ္ခ်င္းတေယာက္ မ်က္ျမင္ကိုယ္ေတြ႕ကိုက ၁၀ ေယာက္ေက်ာ္တယ္။ မေန႔က ညဆိုရင္လည္း သားအမိႏွစ္ေယာက္ဗ်ာ။ အမ်ိဳးသမီးက ေပါင္ ၂ ဖက္လုံးျပတ္သြားၿပီ။ လက္နက္ႀကီးက်တာေပ့ါ။ သူ႔ရဲ႕သားကေတာ့ အဲဒီမွာ တပိုင္းတစျဖစ္သြားတယ္ေျပာတယ္ ခႏၶာကိုယ္က။ တခ်ိဳ႕အေလာင္းေတြဆို မေကာက္ရေသးဘူးေျပာတယ္။ ေလယာဥ္နဲ႔လည္း ေတာ္ေတာ္ပစ္သြားတာကိုး။”

ေျခႏွစ္ဖက္ ျပတ္သြားတဲ့ အမ်ိဳးသမီးကိုေတာ့ ဒီကေန႔မနက္က တာမခန္ကို ပို႔ေဆာင္ၿပီး အဲဒီက ဖားကန႔္ေဆး႐ုံကတဆင့္ မႏၲေလးကို ပို႔ေဆာင္ခဲ့တယ္လို႔ သိရေၾကာင္း ေျပာပါတယ္။

ဆည္ဇင္းေက်း႐ြာအတြင္းမွာ လူ တေထာင္ေလာက္ ပိတ္မိေနေၾကာင္းလည္း သူက ဆက္ေျပာပါတယ္။

“စစ္ေကာင္စီဘက္ကလည္း အျပင္ကို မထြက္ခိုင္းဘူးျဖစ္ေနတာတဲ့။ အေျခအေနကေတာ့ အဲဒီထဲမွာ တေထာင္ေက်ာ္ေလာက္ ပိတ္မိထားတာ။ တာမခန္၊ ေဟာင္ပါးဘက္ကို ထြက္ေျပးတာ ဒီေန႔က ၁၅၀ ေလာက္ ရွိသြားၿပီဗ်။ ဟိုမေက်း႐ြာမွာလည္း ၁၅၀ ေလာက္ရွိတယ္။ ေနာက္ၿပီးေတာ့ နတ္ေရေတာင္။ ေဟာင္ပါး။ အဲဒါ ဆိုရင္ေတာ့ ၄- ၅ -၆ ရာေလာက္ေတာ့ ရွိမွာဗ်။ ”

ဆယ္ဇင္းေက်း႐ြာမွာ ၿပီးခဲ့တဲ့ ဇူလိုင္လလယ္ကျဖစ္တဲ့ တိုက္ပြဲေၾကာင့္လည္း ေဒသခံအခ်ိဳ႕ဟာ တာမခန္၊ ေဟာင္ပါးနဲ႔ အင္းေတာ္ႀကီး စတဲ့ဘက္ေတြကို တိမ္းေရွာင္ေနတာေတြ ရွိပါတယ္။

ဆယ္ဇင္းေက်း႐ြာကို စစ္ေကာင္စီတပ္နဲ႔ SNA ရွမ္းနီတပ္ဖြဲ႕က မီးရႈိ႕တယ္ဆိုတဲ့ စြပ္စြဲေျပာဆိုတာနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ SNA ေျပာခြင့္ရသူကို ဖုန္းေခၚဆိုခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။ The Voice of Shan-Ni သတင္းဌာနရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့ ဆယ္ဇင္းေက်း႐ြာကို မီးရႈိတာဟာ KIA နဲ႔ PDF တပ္ဖြဲ႕ေတြျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ ဒီသတင္းအေပၚ အခုလို တုံ႔ျပန္ထားပါတယ္။

“ ဒါကေတာ့ မွန္ကန္မႈမရွိဘူးခင္ဗ်။ မရွိဘူးဆိုတာကေတာ့ လက္ေတြ႕ျမင္ရတဲ့ ျပည္သူလူထုေတြ သတင္းေတြလည္းအမ်ားႀကီး။ အသံေတြလည္း အမ်ားႀကီး ရပါတယ္။ ေနာက္တခုရွိတာကေတာ့ ေလယာဥ္ပ်ံကလည္း မီးေလာင္ဗုံးေတြ ခ်တာ။ ဒါတခ်က္။ ေနာက္တခုရွိတာက ျပည္သူလူထုလည္း ေခၚၿပီးမွ ဘုန္းႀကီးေက်ာင္းမွာ ပိတ္ထားတယ္။ ၿခိမ္းေျခာက္တယ္။ ဒီလိုမ်ိဳးတိုက္ပြဲေတြ ဆက္ျဖစ္မယ္ဆို အားလုံးသတ္ပစ္မယ္ဆိုၿပီးမွ ၿခိမ္းေျခာက္တာေတြလည္း ရွိတယ္။ တျခားေနရာမွာလည္းပဲ တိုက္ပြဲျဖစ္တဲ့ ႐ြာေတြအားလုံးကို စကစက မီးရႈိ႕တာ။ ဒါက တႏိုင္ငံလုံး အတိုင္းအတာနဲ႔ သူတို႔ လုပ္တာ။ ဒါေၾကာင့္ KIA ေတြ ၊ PDF ေတြ ရႈိ႕တာကေတာ့ မွန္ကန္မႈ မရွိဘူးဗ်။”

ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ စစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနခ်ိန္ ဒီေန႔ ေန႔ခင္း ၁၁ နာရီေလာက္မွာ ဗန္းေမာ္ၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးမွာ ေပါက္ကြဲမႈ အနည္းဆုံး ၂ ခုျဖစ္ခဲ့ၿပီး မီးေလာင္ခဲ့ပါတယ္။

ဒီေပါက္ကြဲမႈမွာ ထိခိုက္ ေသဆုံးသူေတြရွိေၾကာင္း ေဒသတြင္းအေျခစိုက္သတင္းေတြမွာ ေဖာ္ျပၾကေပမယ့္ ဗြီအိုေအက သီးျခား အတည္ျပဳလို႔ေတာ့ မရေသးပါဘူး။ ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသူေတြ ရွိခဲ့ၿပီး ဆိုင္ကယ္ နဲ႔ကားအေတာ္မ်ားမ်ားလည္း ပ်က္ဆီးခဲ့ေၾကာင္း ေဒသတြင္းအေျခစိုက္ သတင္းမီဒီယာအခ်ိဳ႕မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Zawgyi/Unicode]]

ဖားကန့်မြို့အနီး ဆယ်ဇင်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး နေအိမ်အများအပြား မီးရှို့ ဖျက်ဆီးခံရ

ပြီးခဲ့တဲ့ရက်တွေက တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ နေအိမ်အများအပြား မီးရှိုဖျက်ဆီးခံနေရပြီး ရာနဲ့ချီတဲ့ ဒေသခံတွေလည်း ကျေးရွာအတွင်းမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ ဒီလ ၈ ရက်နဲ့ ၉ ရက်အတွင်း တိုက်ပွဲဖြစ်စဉ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားခဲ့သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဆယ်ဇင်းရွာတိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ်က ဆယ်ဇင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းနဲ့ SNA ခေါ် ရှမ်းနီတပ်ဖွဲ့ တပ်စခန်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီလ ၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့သလို ၉ ရက်နေ့မှာတော့ ဆယ်ဇင်း ရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေရှိပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီလို တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဆယ်ဇင်းရွာရဲ့ လက်ရှိ အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ညက ၉ နာရီအထိအောင် လေယာဉ်နဲ့ လာပစ်တယ်တဲ့။ နောက် ဈေးကို မီးရှို့ပစ်လိုက်ပြီ။ ရပ်ကွက် ၅ ခုရှိတာ ၃ ခုလည်း မီးရှို့ပစ်လိုက်ပြီတဲ့။ အိမ်ခြေ ၃၀၀ ကျော်လောက်တော့ရှိပြီတဲ့။ ရဲစခန်းထဲကနေ လာခဲ့ပြီးမှ ရှို့တာပေါ့။ SNA နဲ့ စကစနဲ့ ရဲနဲ့။ ဒီနေ့ နေ့လယ်ပိုင်းတောင်မှ သွားရှို့နေကြတယ်လို့ ကြားတယ်။ ရွာသားတွေကတော့ ဘုန်းကြီးကျောင်းထဲမှာ ၇၀ လောက်ရှိထားတယ်။ ဘုန်းကြီးကျောင်းထဲကလည်း ထွက်လို့ မရဘူး။ ထွက်တာနဲ့ ဒီ SNA နဲ့ စကစတွေက ပစ်တယ်တဲ့။ လူအထိအခိုက်အသေအပျောက်ကတော့ သူတို့ ခန့်မှန်းတာတော့ ၂၀ လောက်ရှိမယ်လို့ ပြောတယ်။ ထွက်တယ်ဆိုရင် ပစ်တာဆိုတော့ ဘယ်သူမှ ထွက်ပြီး မကောက်ရဲဘူး။ မကြည့်ရဲဘူးဖြစ်တဲ့အနေအထားပေါ့။”

တချို့ရွာသားတွေကတော့ အနီးအနား ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေ ရှိကြောင်းလည်း ပြောပါတယ်။ စစ်ရှောင်တွေကို ကူညီနေသူတဦးကလည်း ဆယ်ဇင်းရွာအတွင်းက အခြေအနေကို အခုလို ပြောပါတယ်။

“ဆယ်ဇင်းဘက်ကတော့ မီးတွေ အကုန်လုံး လောင်သွားပြီ။ မလောင်တဲ့ဟာတွေလည်း ဘက်ဖိုးနဲ့ ရိုက်ဖျက်ပြီးမှ ရှို့ပစ်တယ်ဆိုလား အဲလိုမျိုး ပြောကြတယ်။ SNA နဲ့ စကစနဲ့ ပေါင်းပြီမှ လုပ်တယ်လို့ ကြားတယ်။ အသေပျောက်က အဲဒီရွာကနေ ထွက်ပြေးဖို့ ကြံတဲ့ ဥစ္စာတွေကို သေနတ်နဲ့ လိုက်ပစ်သတ်တဲ့ ဥစ္စာကို တော်တော်များတယ်ပြောတယ်။ ကျနော့သူငယ်ချင်းတယောက် မျက်မြင်ကိုယ်တွေ့ကိုက ၁၀ ယောက်ကျော်တယ်။ မနေ့က ညဆိုရင်လည်း သားအမိနှစ်ယောက်ဗျာ။ အမျိုးသမီးက ပေါင် ၂ ဖက်လုံးပြတ်သွားပြီ။ လက်နက်ကြီးကျတာပေ့ါ။ သူ့ရဲ့သားကတော့ အဲဒီမှာ တပိုင်းတစဖြစ်သွားတယ်ပြောတယ် ခန္ဓာကိုယ်က။ တချို့အလောင်းတွေဆို မကောက်ရသေးဘူးပြောတယ်။ လေယာဉ်နဲ့လည်း တော်တော်ပစ်သွားတာကိုး။”

ခြေနှစ်ဖက် ပြတ်သွားတဲ့ အမျိုးသမီးကိုတော့ ဒီကနေ့မနက်က တာမခန်ကို ပို့ဆောင်ပြီး အဲဒီက ဖားကန့်ဆေးရုံကတဆင့် မန္တလေးကို ပို့ဆောင်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

ဆည်ဇင်းကျေးရွာအတွင်းမှာ လူ တထောင်လောက် ပိတ်မိနေကြောင်းလည်း သူက ဆက်ပြောပါတယ်။

“စစ်ကောင်စီဘက်ကလည်း အပြင်ကို မထွက်ခိုင်းဘူးဖြစ်နေတာတဲ့။ အခြေအနေကတော့ အဲဒီထဲမှာ တထောင်ကျော်လောက် ပိတ်မိထားတာ။ တာမခန်၊ ဟောင်ပါးဘက်ကို ထွက်ပြေးတာ ဒီနေ့က ၁၅၀ လောက် ရှိသွားပြီဗျ။ ဟိုမကျေးရွာမှာလည်း ၁၅၀ လောက်ရှိတယ်။ နောက်ပြီးတော့ နတ်ရေတောင်။ ဟောင်ပါး။ အဲဒါ ဆိုရင်တော့ ၄- ၅ -၆ ရာလောက်တော့ ရှိမှာဗျ။ ”

ဆယ်ဇင်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကဖြစ်တဲ့ တိုက်ပွဲကြောင့်လည်း ဒေသခံအချို့ဟာ တာမခန်၊ ဟောင်ပါးနဲ့ အင်းတော်ကြီး စတဲ့ဘက်တွေကို တိမ်းရှောင်နေတာတွေ ရှိပါတယ်။

ဆယ်ဇင်းကျေးရွာကို စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်ဖွဲ့က မီးရှို့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ SNA ပြောခွင့်ရသူကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ The Voice of Shan-Ni သတင်းဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဆယ်ဇင်းကျေးရွာကို မီးရှိုတာဟာ KIA နဲ့ PDF တပ်ဖွဲ့တွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီသတင်းအပေါ် အခုလို တုံ့ပြန်ထားပါတယ်။

“ ဒါကတော့ မှန်ကန်မှုမရှိဘူးခင်ဗျ။ မရှိဘူးဆိုတာကတော့ လက်တွေ့မြင်ရတဲ့ ပြည်သူလူထုတွေ သတင်းတွေလည်းအများကြီး။ အသံတွေလည်း အများကြီး ရပါတယ်။ နောက်တခုရှိတာကတော့ လေယာဉ်ပျံကလည်း မီးလောင်ဗုံးတွေ ချတာ။ ဒါတချက်။ နောက်တခုရှိတာက ပြည်သူလူထုလည်း ခေါ်ပြီးမှ ဘုန်းကြီးကျောင်းမှာ ပိတ်ထားတယ်။ ခြိမ်းခြောက်တယ်။ ဒီလိုမျိုးတိုက်ပွဲတွေ ဆက်ဖြစ်မယ်ဆို အားလုံးသတ်ပစ်မယ်ဆိုပြီးမှ ခြိမ်းခြောက်တာတွေလည်း ရှိတယ်။ တခြားနေရာမှာလည်းပဲ တိုက်ပွဲဖြစ်တဲ့ ရွာတွေအားလုံးကို စကစက မီးရှို့တာ။ ဒါက တနိုင်ငံလုံး အတိုင်းအတာနဲ့ သူတို့ လုပ်တာ။ ဒါကြောင့် KIA တွေ ၊ PDF တွေ ရှို့တာကတော့ မှန်ကန်မှု မရှိဘူးဗျ။”

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန် ဒီနေ့ နေ့ခင်း ၁၁ နာရီလောက်မှာ ဗန်းမော်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပေါက်ကွဲမှု အနည်းဆုံး ၂ ခုဖြစ်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုမှာ ထိခိုက် သေဆုံးသူတွေရှိကြောင်း ဒေသတွင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြကြပေမယ့် ဗွီအိုအေက သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေ ရှိခဲ့ပြီး ဆိုင်ကယ် နဲ့ကားအတော်များများလည်း ပျက်ဆီးခဲ့ကြောင်း ဒေသတွင်းအခြေစိုက် သတင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG