သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန႔္-ဆယ္ဇင္း႐ြာအနီး စစ္ေကာင္စီနဲ႔ KIA-PDF ပူးေပါင္းတပ္ဖြဲ႕ၾကား တိုက္ပြဲျပင္းထန္ 


ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕ Hpakant Tsp (Crd: MIMU)

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာအနီးမွာ စစ္ေကာင္စီတပ္နဲ႔ KIA ၊ PDF ပူးေပါင္း တပ္ေတြၾကား တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းကပါ တိုက္ခိုက္ေနပါတယ္။ စေနေန႔က စတင္ခဲ့တဲ့ ဒီတိုက္ပြဲအတြင္းမွာ တနဂၤေႏြေန႔ကေရာ ဒီကေန႔ပါ ၂ ရက္ဆက္ ေလေၾကာင္းက တိုက္ခိုက္ေနတာျဖစ္ပါတယ္။ ရန္ကုန္က လာတဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း တိုက္ပြဲဟာ ဒီလ ၁၆ ရက္ေန႔ စေနေန႔ မနက္က စတင္ျဖစ္ခဲ့တာပါ။

လက္ရွိ တိုက္ပြဲျဖစ္ပြားေနတဲ့အေျခအေနကို ေဒသခံ PDF တပ္ဖြဲ႕ေတြနဲ႔ နီးစပ္သူတဦးက VOA ကို အခုလို ေျပာပါတယ္။

“ ဆယ္ဇင္းဘက္မွာက ေတာ္ေတာ္ေလး ျပင္းထန္ေနတယ္။ ဒီေန႔ေရာဆိုရင္ ေတာ့ ၃ ရက္ရွိသြားၿပီေပါ့။ အခုခ်ိန္ထိ ျဖစ္ေနၾကတုန္းပဲ။ ဖားကန႔္ဘက္ကေန ဆင္းလာခဲ့တဲ့တပ္ရင္း တရင္းေပါ့ေလ။ အဲဒီတပ္ရင္းကို ဒီ PDF နဲ႔ KIA က ေပါင္းၿပီးေတာ့မွ ညႇပ္ထားလိုက္ေတာ့ သူတို႔ ထြက္ေပါက္မရွိဘူး ျဖစ္ေနတာ။ သူတို႔ဘက္က အထိအခိုက္အက်အဆုံး မ်ားေနေတာ့ ေလယာဥ္နဲ႔ လာလာပစ္တာ။ မေန႔ကဆိုရင္ မနက္ပိုင္း ၈ နာရီက တစီး၊ ေန႔လည္ပိုင္း ၁၀ နာရီေလာက္ဆို ၃ စီးေပါ့။ အဲလို လာပစ္တယ္။ ဒီေန႔လည္း လာပစ္တယ္။ လာပစ္တဲ့ဟာ ဘယ္ႏွစ္စီးလာပစ္တယ္ဆိုတာကိုေတာ့ သတင္းမရေသးဘူး။”

SNA ေခၚ ရွမ္းနီးအမ်ိဳးသားတပ္မေတာ္ကလည္း စစ္ေကာင္စီတပ္ဘက္ကေန ကူညီဖို႔ ဟုမၼလင္းဘက္ ကေန လာေရာက္ေနေၾကာင္းလည္း သူက ဆက္ေျပာပါတယ္။

“ ဟုမၼလင္းဘက္ကေနေလ ရွမ္းနီေတြ သူတို႔ လာကူေနၾကတယ္။ အဲဒီလာကူေနတဲ့တပ္က ေသာင္ဦး႐ြာေရာက္ေနၿပီလို႔ ၾကားတယ္။ အင္အား ၅၀၀ ေလာက္ ရွိထားတယ္တဲ့။ ဆယ္ဇင္းနဲ႔အနီးဆုံး ေရာက္ေနၿပီေပါ့။ ေသာင္ဦးဆိုတဲ့႐ြာေရာက္ေနၿပီ။”

တိုက္ပြဲျဖစ္ပြားရာအနီးေက်း႐ြာက ေဒသခံေတြ ထြက္ေျပးတိမ္းေရွာင္တာရွိေပမယ့္ သတင္းအတိအက် မရေသးေၾကာင္း ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕နယ္တြင္း တိုက္ပြဲသတင္းေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ သတင္းျပန္ၾကားေရးက တစုံတရာထုတ္ျပန္တာ မရွိေသးပါဘူး။

KIO ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ တပ္ရင္း ၂၆ အေျခစိုက္ရာ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္အစပ္ေဒသမွာ တိုက္ပြဲျဖစ္ပြားတာရွိေၾကာင္း ေျပာပါတယ္။

“ KIA တပ္ရင္း အမွတ္ ၂၆ နယ္ေျမဘက္မွာ တိုက္ပြဲျဖစ္တာေတြ ရွိပါတယ္။ မေန႔ကလည္း ျဖစ္တယ္။ ဒီေန႔လည္းျဖစ္တယ္။ စစ္ေကာင္စီနဲ႔ ျပည္သူ႔စစ္ေတြ ပူးေပါင္းၿပီးမွ ထိုးစစ္ဆင္တဲ့ အေနအထား ျဖစ္ပါတယ္။ ဒါေၾကာင့္ ခုခံတိုက္ပြဲျဖစ္ တာေတြ ရွိပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ မေန႔ကလည္း ေလေၾကာင္းကေန ဂ်က္ေလယာဥ္နဲ႔ လာၿပီးဗုံးႀကဲ တိုက္ခိုက္တာေတြ ရွိတယ္။ ဒီေန႔လည္း ဗုံးႀကဲတိုက္ခိုက္တာေတြ ရွိတယ္။”

ဒီ ရက္ပိုင္းအတြင္းမွာေတာ့ ကခ်င္ျပည္နယ္ ဝိုင္းေမာ္နဲ႔ တႏိုင္းေဒသဘက္ေတြမွာလည္း စစ္ေကာင္စီတပ္ေတြ လႈပ္ရွားမႈေတြ ရွိေနေၾကာင္း ေျပာပါတယ္။

ေဒသတြင္း ကခ်င္သတင္းမီဒီယာေတြကေတာ့ ဆယ္ဇင္း႐ြာအနီးကို ဒီေန႔ မနက္ ၉ နာရီေလာက္က ေလေၾကာင္းကတိုက္ခိုက္တာရွိေၾကာင္းနဲ႔ ဟုမၼလင္းဘက္က တက္လာတဲ့ စစ္ေကာင္စီနဲ႔ SNA ေခၚ ရွမ္းနီ ပူးေပါင္းတပ္ အင္အား ၂၀၀ ေလာက္ကို ဖားကန႔္နဲ႔ ဟုမၼလင္းၿမိဳ႕နယ္အစပ္ ေ႐ႊတြင္း႐ြာအနီးမွာ KIA က ၾကားျဖတ္တိုက္ခိုက္တာေတြ ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ဇြန္လအတြင္းကလည္း ဗန္းေမာက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္နဲ႔ KIA ၊ PDF ပူးေပါင္းတပ္ေတြအၾကား တိုက္ပြဲျဖစ္ပြားရာမွာ SNA ေခၚ ရွမ္းနီတပ္ေတြက စစ္ေကာင္စီဘက္က ပါဝင္တိုက္ခိုက္တာရွိေၾကာင္း သတင္းထြက္ေပၚခဲ့ေပမယ့္ SNA ဘက္ကေတာ့ ျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ နန္ေဇာ္ယန္ေက်း႐ြာဘက္မွာလည္း စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့ၿပီး လက္ရွိမွာလည္း စစ္ေရးတင္းမာလ်က္ ရွိေနပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္း တိုက္ပြဲေတြကေတာ့ ဒီလ ၁၀ ရက္ေန႔တည္းက စတင္ခဲ့ၿပီး ၁၁ ရက္ေန႔မွာ ေလေၾကာင္းက တိုက္ခိုက္တာေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဖားကန့်-ဆယ်ဇင်းရွာအနီး စစ်ကောင်စီနဲ့ KIA-PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်း တပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။ စနေနေ့က စတင်ခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ တနင်္ဂနွေနေ့ကရော ဒီကနေ့ပါ ၂ ရက်ဆက် လေကြောင်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရန်ကုန်က လာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဟာ ဒီလ ၁၆ ရက်နေ့ စနေနေ့ မနက်က စတင်ဖြစ်ခဲ့တာပါ။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဆယ်ဇင်းဘက်မှာက တော်တော်လေး ပြင်းထန်နေတယ်။ ဒီနေ့ရောဆိုရင် တော့ ၃ ရက်ရှိသွားပြီပေါ့။ အခုချိန်ထိ ဖြစ်နေကြတုန်းပဲ။ ဖားကန့်ဘက်ကနေ ဆင်းလာခဲ့တဲ့တပ်ရင်း တရင်းပေါ့လေ။ အဲဒီတပ်ရင်းကို ဒီ PDF နဲ့ KIA က ပေါင်းပြီးတော့မှ ညှပ်ထားလိုက်တော့ သူတို့ ထွက်ပေါက်မရှိဘူး ဖြစ်နေတာ။ သူတို့ဘက်က အထိအခိုက်အကျအဆုံး များနေတော့ လေယာဉ်နဲ့ လာလာပစ်တာ။ မနေ့ကဆိုရင် မနက်ပိုင်း ၈ နာရီက တစီး၊ နေ့လည်ပိုင်း ၁၀ နာရီလောက်ဆို ၃ စီးပေါ့။ အဲလို လာပစ်တယ်။ ဒီနေ့လည်း လာပစ်တယ်။ လာပစ်တဲ့ဟာ ဘယ်နှစ်စီးလာပစ်တယ်ဆိုတာကိုတော့ သတင်းမရသေးဘူး။”

SNA ခေါ် ရှမ်းနီးအမျိုးသားတပ်မတော်ကလည်း စစ်ကောင်စီတပ်ဘက်ကနေ ကူညီဖို့ ဟုမ္မလင်းဘက် ကနေ လာရောက်နေကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ ဟုမ္မလင်းဘက်ကနေလေ ရှမ်းနီတွေ သူတို့ လာကူနေကြတယ်။ အဲဒီလာကူနေတဲ့တပ်က သောင်ဦးရွာရောက်နေပြီလို့ ကြားတယ်။ အင်အား ၅၀၀ လောက် ရှိထားတယ်တဲ့။ ဆယ်ဇင်းနဲ့အနီးဆုံး ရောက်နေပြီပေါ့။ သောင်ဦးဆိုတဲ့ရွာရောက်နေပြီ။”

တိုက်ပွဲဖြစ်ပွားရာအနီးကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာရှိပေမယ့် သတင်းအတိအကျ မရသေးကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ်တွင်း တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးက တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တပ်ရင်း ၂၆ အခြေစိုက်ရာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာရှိကြောင်း ပြောပါတယ်။

“ KIA တပ်ရင်း အမှတ် ၂၆ နယ်မြေဘက်မှာ တိုက်ပွဲဖြစ်တာတွေ ရှိပါတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်းဖြစ်တယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းပြီးမှ ထိုးစစ်ဆင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ခုခံတိုက်ပွဲဖြစ် တာတွေ ရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ မနေ့ကလည်း လေကြောင်းကနေ ဂျက်လေယာဉ်နဲ့ လာပြီးဗုံးကြဲ တိုက်ခိုက်တာတွေ ရှိတယ်။ ဒီနေ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။”

ဒီ ရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ် ဝိုင်းမော်နဲ့ တနိုင်းဒေသဘက်တွေမှာလည်း စစ်ကောင်စီတပ်တွေ လှုပ်ရှားမှုတွေ ရှိနေကြောင်း ပြောပါတယ်။

ဒေသတွင်း ကချင်သတင်းမီဒီယာတွေကတော့ ဆယ်ဇင်းရွာအနီးကို ဒီနေ့ မနက် ၉ နာရီလောက်က လေကြောင်းကတိုက်ခိုက်တာရှိကြောင်းနဲ့ ဟုမ္မလင်းဘက်က တက်လာတဲ့ စစ်ကောင်စီနဲ့ SNA ခေါ် ရှမ်းနီ ပူးပေါင်းတပ် အင်အား ၂၀၀ လောက်ကို ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်အစပ် ရွှေတွင်းရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်တာတွေ ရှိကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း ဗန်းမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာမှာ SNA ခေါ် ရှမ်းနီတပ်တွေက စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်တာရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပေမယ့် SNA ဘက်ကတော့ ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဝိုင်းမော်မြို့နယ် နန်ဇော်ယန်ကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာလျက် ရှိနေပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေကတော့ ဒီလ ၁၀ ရက်နေ့တည်းက စတင်ခဲ့ပြီး ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG