သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗမာျပည္နယ္ဖြဲ႕ေရး SSPP တင္ျပခ်က္ စစ္ေကာင္စီပယ္ခ် 


ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ၊ ဝျပည္ ေသြးစည္းညီၫြတ္ေရးပါတီ UWSP၊ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႔ NDAA- မိုင္းလားအဖြဲ႕တို႔ စက္တင္ဘာ ၂၆ ရက္ကေန ၃၀ ရက္ေန႔အထိ စစ္ေကာင္စီနဲ႔ ဒုတိယအေက်ာ့ ေနျပည္ေတာ္မွာ ေတြ႕ဆုံေဆြးေႏြးစဥ္။ (ဓာတ္ပံု-တပ္မေတာ္သတင္းမွန္ုျပန္ၾကားေရး)

[[Zawgyi/Unicode]]

ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးနဲ႔ အမ်ိဳးသားတန္းတူေရးအတြက္ ဗမာျပည္နယ္ ဖြဲ႕စည္းဖို႔ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP က မၾကာေသးခင္က ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ အစည္းအေဝးမွာ ေဆြးေႏြးတင္ျပတာကို စစ္ေကာင္စီဘက္ကလက္မခံေၾကာင္း ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ေျပာေရးဆိုခြင့္ရွိသူက VOA ကို ေျပာပါတယ္။ ေလ့လာသုံးသပ္သူေတြကေတာ့ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးနဲ႔ တန္းတူအခြင့္အေရးရဖို႔အတြက္ တိုင္းရင္းသားလူမ်ိဳးစုေတြၾကားမွာ က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးဖို႔ လိုအပ္မယ္ဆိုၿပီး ေျပာဆိုပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကသတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက တင္ျပထားပါတယ္။

ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ၊ ဝျပည္ ေသြးစည္းညီၫြတ္ေရးပါတီ UWSP၊ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ NDAA ေခၚ မိုင္းလားအဖြဲ႕တို႔ဟာ စက္တင္ဘာလ ၂၆ ရက္ေန႔ကေန ၃၀ ရက္ေန႔အထိ စစ္ေကာင္စီနဲ႔ ဒုတိယအေက်ာ့အျဖစ္ ေနျပည္ေတာ္မွာ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒီေဆြးေႏြးပြဲမွာ ဝျပည္ ေသြးစည္းညီၫြတ္ေရးပါတီ UWSP ၊ အမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္အဖြဲ႕ NDAA ေခၚ မိုင္းလားအဖြဲ႕တို႔ဟာ ဝျပည္နယ္ဖြဲ႕စည္းေရးနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသ ဖြဲ႕စည္းေရးကိုတင္ျပခဲ့ၾကပါတယ္။ ဒီတင္ျပခ်က္ေတြကို မူအားျဖင့္ သေဘာတူတဲ့ အေၾကာင္း စစ္ေကာင္စီဘက္က တုံ႔ျပန္ထားတာပါ။

ရွမ္းျပည္တိုးတက္ေရးပါတီ SSPP ကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးကိစၥေတြကို ထည့္သြင္း ေဆြးေႏြးခဲ့ပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ အမ်ိဳးသားတန္းတူေရးအတြက္ ဗမာျပည္နယ္ဖြဲ႕စည္းဖို႔ တင္ျပခ်က္ကို စစ္ေကာင္စီဘက္က လက္မခံခဲ့ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉးႀကီး စိုင္းဆုက VOA ကို ေျပာပါတယ္။

“ဒီ ဖက္ဒရယ္သြားဖို႔ေပါ့ေနာ္။ ဖက္ဒရယ္သြားဖို႔က အဓိကက ဗမာျပည္ ရွိဖို႔လိုတယ္ေပါ့ေနာ္။ ရွမ္း State ေတြ၊ ကခ်င္ State ေတြ၊ ရခိုင္ State ေတြ- အဲဒီ State ေတြ စုေပါင္းၿပီးမွ ျပည္ေထာင္စုအေနနဲ႔ လာမွာေလဗ်ာ။ အဲဒါ က်ေနာ္တို႔ေတြ အမ်ိဳးသားတန္းတူေရးအတြက္ ဗမာလူမ်ိဳးအေနနဲ႔လည္း State တခု ဖြဲ႕စည္းရင္ က်ေနာ္တို႔ အမ်ိဳးသားတန္းတူေရး၊ ဖက္ဒရယ္ပုံစံသြားဖို႔က အဆင္ေျပတယ္ေပါ့ေနာ္။ ဗမာျပည္ကို မျဖစ္မေန State ဖြဲ႕ဖို႔ေပါ့ေနာ္၊ အဲလိုမ်ိဳး လိုအပ္ပါတယ္လို႔ က်ေနာ္တို႔က တင္ျပေဆြးေႏြးသြားတယ္ဗ်ာ။ အဲဒါက်ေတာ့ သူတို႔က လက္မခံဘူး။”

ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေအးေမာင္ေက်ာ္ကေတာ့ ဖက္ဒရယ္အေရး၊ တန္းတူေရးအတြက္ဆိုရင္ တိုင္းရင္းသားလူမ်ိဳးစုေတြအၾကား က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးဖို႔ လိုအပ္ေၾကာင္း ေျပာပါတယ္။

“လက္ရွိ အေျခအေနမွာ လူမ်ိဳးတိုင္း တန္းတူ အခြင့္အလမ္းရဖို႔အတြက္ဆိုရင္ ေျဖရွင္းနည္းတခုေတာ့ လိုတာေပါ့ဗ်ာ။ အဲဒီေျဖရွင္းနည္းက ေသခ်ာေဆြးေႏြးၿပီးေတာ့ ေသခ်ာလုပ္ရမယ့္ ကိစၥေပါ့ဗ်ာ။ သေဘာေပါက္ေအာင္ေျပာၿပီးေတာ့။ လက္ရွိအာဏာပိုင္ပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ ဒီတိုင္းျပည္မွာ ထိပ္ဆုံးကေနၿပီးေတာ့ ဟိုလူက ဟိုဟာယူလိုက္၊ ဒီလူက ဒါယူလိုက္လုပ္လို႔လည္း မျဖစ္ဘူးဗ်။ ဗမာကိုခ်ည္း ျပည္နယ္ဖြဲ႕ခိုင္းေနလို႔လည္း ျပႆနာက ေျပလည္ႏိုင္မွာ မဟုတ္ဘူး။ ၂၀၀၈ ကလည္း တပ္မေတာ္က ရွိေသးတယ္ဆိုေပမယ့္ ဒီဘက္က အင္အားစုေတြက မရွိေတာ့ဘူးလို႔ ေျပာေနတာေလ။ ဟုတ္တယ္မဟုတ္လား။ အဲေတာ့ ဒီအေျခခံက အမ်ားႀကီး ကြဲေနၿပီေလ။ အမ်ားႀကီး ကြဲေနၿပီဆိုေတာ့ အေျဖထြက္ဖို႔ အရမ္းခက္သြားၿပီ။”

စစ္ေကာင္စီဘက္က ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို NCA အပစ္ရပ္စာခ်ဳပ္နဲ႔ ၂၀၀၈ အေျခခံဥပေဒနဲ႔ အညီ ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ထားၿပီး ေဆြးေႏြးပြဲကို မတက္ေရာက္ေသးတဲ့ က်န္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြကိုလည္း ဖိတ္ေခၚထားပါတယ္။

ဖက္ဒရယ္အခြင့္အေရးေပးအပ္ရာမွာ ျဖစ္သင့္ျဖစ္ထိုက္တဲ့ အခြင့္အေရးသာ ေပးအပ္မွာျဖစ္ေၾကာင္းနဲ႔ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးမွာလည္း လႊတ္ေတာ္လမ္းေၾကာင္းကသာ ျပင္ဆင္ႏိုင္မွာျဖစ္ေၾကာင္း စစ္ေကာင္စီအႀကီးအကဲက တိုင္းရင္းသား အဖြဲ႕အစည္းေတြနဲ႔ မၾကာေသးခင္က ေနျပည္ေတာ္မွာ ေတြ႕ဆုံတဲ့အခ်ိန္ ေျပာဆိုထားပါတယ္။ တဆက္တည္းမွာပဲ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ရင္ ၂၀၀၈ ဖြဲ႕စည္းပုံနဲ႔ NCA အပစ္ရပ္စာခ်ဳပ္ကို ပစ္ပယ္မရဘူးလို႔လည္း ေျပာဆိုခဲ့ပါတယ္။

KNU ကရင္၊ KIO ကခ်င္၊ KNPP ကရင္နီ၊ CNF ခ်င္း ၊ PSLF/ TNLA တအန္း(ပေလာင္) ၊ ULA/AA ရခိုင္၊ MNDAA ကိုးကန႔္အဖြဲ႕ေတြကေတာ့ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို မတက္ေရာက္ခဲ့ပါဘူး။ အရင္က အပစ္အခတ္ရပ္စဲေရး သေဘာတူခဲ့တဲ့ ေဒသေတာ္ေတာ္မ်ားမ်ားမွာ ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြၾကား တိုက္ပြဲေတြလည္း ျပန္လည္ ျဖစ္ပြားေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဗမာပြည်နယ်ဖွဲ့ရေး SSPP တင်ပြချက် စစ်ကောင်စီပယ်ချ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ် ဖွဲ့စည်းဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က မကြာသေးခင်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးတင်ပြတာကို စစ်ကောင်စီဘက်ကလက်မခံကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တန်းတူအခွင့်အရေးရဖို့အတွက် တိုင်းရင်းသားလူမျိုးစုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဖို့ လိုအပ်မယ်ဆိုပြီး ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားအဖွဲ့တို့ဟာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီနဲ့ ဒုတိယအကျော့အဖြစ် နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA ခေါ် မိုင်းလားအဖွဲ့တို့ဟာ ဝပြည်နယ်ဖွဲ့စည်းရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဖွဲ့စည်းရေးကိုတင်ပြခဲ့ကြပါတယ်။ ဒီတင်ပြချက်တွေကို မူအားဖြင့် သဘောတူတဲ့ အကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်ထားတာပါ။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေကို ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းဖို့ တင်ပြချက်ကို စစ်ကောင်စီဘက်က လက်မခံခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက VOA ကို ပြောပါတယ်။

“ဒီ ဖက်ဒရယ်သွားဖို့ပေါ့နော်။ ဖက်ဒရယ်သွားဖို့က အဓိကက ဗမာပြည် ရှိဖို့လိုတယ်ပေါ့နော်။ ရှမ်း State တွေ၊ ကချင် State တွေ၊ ရခိုင် State တွေ- အဲဒီ State တွေ စုပေါင်းပြီးမှ ပြည်ထောင်စုအနေနဲ့ လာမှာလေဗျာ။ အဲဒါ ကျနော်တို့တွေ အမျိုးသားတန်းတူရေးအတွက် ဗမာလူမျိုးအနေနဲ့လည်း State တခု ဖွဲ့စည်းရင် ကျနော်တို့ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်ပုံစံသွားဖို့က အဆင်ပြေတယ်ပေါ့နော်။ ဗမာပြည်ကို မဖြစ်မနေ State ဖွဲ့ဖို့ပေါ့နော်၊ အဲလိုမျိုး လိုအပ်ပါတယ်လို့ ကျနော်တို့က တင်ပြဆွေးနွေးသွားတယ်ဗျာ။ အဲဒါကျတော့ သူတို့က လက်မခံဘူး။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအေးမောင်ကျော်ကတော့ ဖက်ဒရယ်အရေး၊ တန်းတူရေးအတွက်ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ လူမျိုးတိုင်း တန်းတူ အခွင့်အလမ်းရဖို့အတွက်ဆိုရင် ဖြေရှင်းနည်းတခုတော့ လိုတာပေါ့ဗျာ။ အဲဒီဖြေရှင်းနည်းက သေချာဆွေးနွေးပြီးတော့ သေချာလုပ်ရမယ့် ကိစ္စပေါ့ဗျာ။ သဘောပေါက်အောင်ပြောပြီးတော့။ လက်ရှိအာဏာပိုင်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီတိုင်းပြည်မှာ ထိပ်ဆုံးကနေပြီးတော့ ဟိုလူက ဟိုဟာယူလိုက်၊ ဒီလူက ဒါယူလိုက်လုပ်လို့လည်း မဖြစ်ဘူးဗျ။ ဗမာကိုချည်း ပြည်နယ်ဖွဲ့ခိုင်းနေလို့လည်း ပြဿနာက ပြေလည်နိုင်မှာ မဟုတ်ဘူး။ ၂၀၀၈ ကလည်း တပ်မတော်က ရှိသေးတယ်ဆိုပေမယ့် ဒီဘက်က အင်အားစုတွေက မရှိတော့ဘူးလို့ ပြောနေတာလေ။ ဟုတ်တယ်မဟုတ်လား။ အဲတော့ ဒီအခြေခံက အများကြီး ကွဲနေပြီလေ။ အများကြီး ကွဲနေပြီဆိုတော့ အဖြေထွက်ဖို့ အရမ်းခက်သွားပြီ။”

စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NCA အပစ်ရပ်စာချုပ်နဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပြီး ဆွေးနွေးပွဲကို မတက်ရောက်သေးတဲ့ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။

ဖက်ဒရယ်အခွင့်အရေးပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးသာ ပေးအပ်မှာဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာလည်း လွှတ်တော်လမ်းကြောင်းကသာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း စစ်ကောင်စီအကြီးအကဲက တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ မကြာသေးခင်က နေပြည်တော်မှာ တွေ့ဆုံတဲ့အချိန် ပြောဆိုထားပါတယ်။ တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA အပစ်ရပ်စာချုပ်ကို ပစ်ပယ်မရဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

KNU ကရင်၊ KIO ကချင်၊ KNPP ကရင်နီ၊ CNF ချင်း ၊ PSLF/ TNLA တအန်း(ပလောင်) ၊ ULA/AA ရခိုင်၊ MNDAA ကိုးကန့်အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ခဲ့ပါဘူး။ အရင်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တဲ့ ဒေသတော်တော်များများမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေလည်း ပြန်လည် ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG