သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ ဗီဇေျပာင္း အိုမီခရြန္ ကိုဗစ္ပိုး ကူးစက္မႈ ျမင့္မားလာ


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ အခုရက္ပိုင္း ကိုဗစ္ဗီဇေျပာင္း Omicron BA.4 နဲ႔ BA.5 ကိုဗစ္ေရာ ဂါပိုး ကူးစက္ႏႈန္းေတြ ျမင့္တက္လာတယ္လို႔ က်န္းမာေရးဌာက ေျပာပါတယ္။ ျပည္တြင္းကူးစက္မႈေတြလည္း တိုးလာေနတာေၾကာင့္ ျပည္သူလူထုေတြ မေပါ့ဆ ဖို႔နဲ႔ ေရာဂါကာကြယ္ေရး အစီအစဥ္ေတြကိုလည္း ဆက္လက္လိုက္နာဖို႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

ကိုဗစ္ဗီဇေျပာင္း Omicron BA.4 နဲ႔ BA.5 ကိုဗစ္ေရာဂါပိုး ကူးစက္ႏႈန္းေတြ ၾသဂုတ္ လလယ္ေလာက္ကစၿပီး ျမင့္တက္လာတယ္လို႔ စစ္ေကာင္စီရဲ႕ က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးက VOA ကို ေျပာပါတယ္။ ကူးစက္မႈႏႈန္း မ်ားလာတဲ့အတြက္ သတိေပးထုတ္ျပန္ထားတဲ့ က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ေနထိုင္ဖို႔ သူက သတိေပးေျပာဆိုတာပါ။

“ ျမင့္တက္လာတယ္လို႔ ထုတ္ျပန္ထားတယ္ေပါ့ေနာ္။ ဟိုရက္ကဆိုရင္ ၇၀၊ ၈၀၊ ၆၀ ေပါ့ေနာ္- ပိုးေတြ႕တဲ့ရာခိုင္ႏႈန္းဆိုလည္း ၁ ရာခိုင္ႏႈန္းနီးပါးေပါ့ေနာ္၊ ဒီေလာက္ အထိ တက္လာတာေတြ႕ရတယ္။ ျပည္ပကဝင္ေရာက္လာတဲ့သူကလည္း အခ်ိဳးအစားတခုေပါ့ေနာ္- ရွိေနေသးတယ္။ အဲ့ေနာက္ပိုင္းမွာေတာ့ သူက ျပည္တြင္းကနည္းနည္းပိုမ်ားလာတယ္ေပါ့ေနာ္။ ဒီအေနအထားေလးပဲေတြ႕ရတယ္။ အဲ့ေတာ့ ဒီ BA.4 BA.5 ရဲ႕ အိမ္နီးခ်င္းႏိုင္ငံေတြမွာ ျဖစ္ေနတာေတြ၊ ကမာၻတဝန္းလုံးမွာျဖစ္တဲ့အေနအထား၊ ဒါတခုကို က်ေနာ္တို႔ ေလွ်ာ့တြက္လို႔မရဘူးေပါ့ေနာ္။ သူ႔ရဲ႕ ဒီ infection ရဲ႕တဲ့ risk က သူက မ်ားလာႏိုင္တယ္ေပါ့ေနာ္။”

အခုလိုမ်ိဳး ကူးစက္သူမ်ားလာေနခ်ိန္မွာ ေရာဂါအခံရွိတဲ့ အသက္အ႐ြယ္ႀကီးသူေတြနဲ႔ ကိုယ္ခံအားက်ေနတဲ့ သူေတြဆိုရင္ ကူးစက္လြယ္တာမို႔ ပိုမိုသတိထားဖို႔ ေဒါက္တာသန္းႏိုင္စိုးက ဆိုပါတယ္။

အရင္က ကိုဗစ္ ပိုးေတြ႕ရွိသူ ဆယ္ဂဏန္းပဲရွိရာကေန ၾသဂုတ္ ၃၁ ရက္ေန႔မွာဆိုရင္ ပိုးေတြ႕ရွိသူ ၁၀၄ ဦးအထိ ျမင့္တက္လာတာလို႔ စစ္ေကာင္စီရဲ႕ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။ ၾသဂုတ္လအတြင္းမွာ ကိုဗစ္ေရာဂါ လူနာသစ္ ၁,၁၂၉ ဦးေတြ႕ ရွိခဲ့ၿပီး အဲဒီထဲက ျပည္ပ ကူးစက္သူ ၃၂၉ ဦးနဲ႔ ျပည္တြင္းကူးစက္သူက ၇၃၇ ဦးအထိ ရွိေနေၾကာင္း စစ္ေကာင္စီရဲ႕ က်န္းမာေရးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

အခု ေနာက္ပိုင္း ကူးစက္ျမန္ ကိုဗစ္ပိုးဟာ အရင္ကလို ျပင္းထန္တဲ့လကၡဏာ သိပ္မေတြ႔ရတာေၾကာင့္ လူေတြက သိပ္မစိုးရိမ္ၾကေတာ့တဲ့အေၾကာင္းနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို သိပ္မလိုက္နာၾကေတာ့တဲ့အေၾကာင္း ရန္ကုန္ၿမိဳ႕က အေထြေထြေရာဂါကု ဆရာဝန္ ေဒါက္တာေက်ာ္မင္းထြန္း အခုလို ေျပာပါတယ္။

“အခုလူေတြက ကိုဗစ္ကိုသိပ္အာ႐ုံမထည့္ေတာ့ဘူးေပါ့ေနာ္။ ေနာက္ပိုင္းမွာေပါ့ေနာ္။ ဟာ…ကိုဗစ္က အခ်ိန္တန္ရင္ ေကာင္းသြားမွာပါေပါ့ေနာ္၊ တခ်ိဳ႕က်ေတာ့ ကာကြယ္ေဆးက ၄ ႀကိမ္ေတာင္ ထိုးထားၿပီးေပ့ါေနာ္၊ ငါ ကိုဗစ္မျဖစ္ေတာ့ဘူးေပ့ါေနာ္။ ေနာက္ၿပီးေတာ့ ကိုဗစ္က အလကာပါေပ့ါေနာ္၊ အားေပ်ာ့တယ္ေပါ့ေနာ္၊ အခ်ိန္တန္ရင္လည္း ေကာင္းသြားမွာပါဆိုၿပီးေတာ့ အဲ့လိုေပါ့တယ္ေပါ့ေနာ္။ ေပါ့ၿပီးေတာ့ Mask မတပ္ဘူး။ ၿပီးေတာ့ ေဆးခန္းေတြ လာမယ္ရင္ အာ…တုပ္ေကြးေပါ့ေနာ္၊ သူရာသီတုပ္ေကြးျဖစ္တာပါေပါ့ေနာ္။ ကိုဗစ္ဆိုၿပီးေတာ့ ေျပာမယ္ဆိုလည္း လက္မခံဘူး။ ကိုဗစ္ဆိုေျပာဖို႔က လကၡဏာတူတယ္ေလ။ ေတာ္ေတာ္အျပင္းအဖ်ားႀကီးတယ္၊ ရက္ရွည္တယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕က် လည္ပင္းေတြ၊အာသီးေတြေယာင္ၿပီး အႀကီးအက်ယ္ပဲ ဝမ္းေလ်ာ္ဝမ္းပ်က္ေတြျဖစ္တယ္။ ႏုန္းတယ္ေပါ့ေနာ္။ အဲ့လိုလကၡဏာဆို တန္းေျပာလို႔ရတာေပါ့ေနာ္။ စစ္ၾကည့္လိုက္ရင္ တခါတည္း တန္းေပၚလာ၊ အဲ့လိုေပါ့ေနာ္ ကိုဗစ္နဲ႔ တူတယ္ေနာ္၊ စစ္ၾကည့္မလားေပါ့ေနာ္။ စစ္ၾကည့္ၿပီး လိုအပ္တဲ့ကုသမႈေပးမယ္ေပါ့ေနာ္ အဲ့လိုေျပာရင္ေတာင္မွ လက္မခံၾကဘူးေပါ့ေနာ္။ ဟာ… ဒါ ရာသီတုပ္ေကြးပါ ဆရာ၊ ကိုဗစ္ဆိုလည္း ဘာမွမထူးေပါ့ေနာ္။”

ကိုဗစ္ေရာဂါ ျပင္းထန္တဲ့ လူနာေတြအတြက္ ေဆး႐ုံေတြမွာ ကုသေပးႏိုင္ဖို႔ ျပင္ဆင္ထားသလို ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြ အားစိုက္ၿပီး ေဆာင္႐ြက္ေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာဆိုပါတယ္။ တခ်ိန္တည္းမွာ ပါးစပ္နဲ႔ ႏွာေခါင္းစည္းေတြ စနစ္တက် တပ္ဆင့္ဖို႔နဲ႔ ကိုဗစ္ 19 ကာကြယ္ေဆးနဲ႔ ထပ္ေဆာင္းကာကြယ္ေဆးေတြ ထိုးႏွံ႔ဖို႔ လူေတြကို သတိေပးႏိုးေဆာ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာနိုင်ငံမှာ ဗီဇပြောင်း အိုမီခရွန် ကိုဗစ်ပိုး ကူးစက်မှု မြင့်မားလာ


မြန်မာနိုင်ငံမှာ အခုရက်ပိုင်း ကိုဗစ်ဗီဇပြောင်း Omicron BA.4 နဲ့ BA.5 ကိုဗစ်ရော ဂါပိုး ကူးစက်နှုန်းတွေ မြင့်တက်လာတယ်လို့ ကျန်းမာရေးဌာက ပြောပါတယ်။ ပြည်တွင်းကူးစက်မှုတွေလည်း တိုးလာနေတာကြောင့် ပြည်သူလူထုတွေ မပေါ့ဆ ဖို့နဲ့ ရောဂါကာကွယ်ရေး အစီအစဉ်တွေကိုလည်း ဆက်လက်လိုက်နာဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ကိုဗစ်ဗီဇပြောင်း Omicron BA.4 နဲ့ BA.5 ကိုဗစ်ရောဂါပိုး ကူးစက်နှုန်းတွေ သြဂုတ် လလယ်လောက်ကစပြီး မြင့်တက်လာတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက VOA ကို ပြောပါတယ်။ ကူးစက်မှုနှုန်း များလာတဲ့အတွက် သတိပေးထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ဖို့ သူက သတိပေးပြောဆိုတာပါ။

“မြင့်တက်လာတယ်လို့ ထုတ်ပြန်ထားတယ်ပေါ့နော်။ ဟိုရက်ကဆိုရင် ၇၀၊ ၈၀၊ ၆၀ ပေါ့နော်- ပိုးတွေ့တဲ့ရာခိုင်နှုန်းဆိုလည်း ၁ ရာခိုင်နှုန်းနီးပါးပေါ့နော်၊ ဒီလောက် အထိ တက်လာတာတွေ့ရတယ်။ ပြည်ပကဝင်ရောက်လာတဲ့သူကလည်း အချိုးအစားတခုပေါ့နော်- ရှိနေသေးတယ်။ အဲ့နောက်ပိုင်းမှာတော့ သူက ပြည်တွင်းကနည်းနည်းပိုများလာတယ်ပေါ့နော်။ ဒီအနေအထားလေးပဲတွေ့ရတယ်။ အဲ့တော့ ဒီ BA.4 BA.5 ရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတာတွေ၊ ကမ္ဘာတဝန်းလုံးမှာဖြစ်တဲ့အနေအထား၊ ဒါတခုကို ကျနော်တို့ လျှော့တွက်လို့မရဘူးပေါ့နော်။ သူ့ရဲ့ ဒီ infection ရဲ့တဲ့ risk က သူက များလာနိုင်တယ်ပေါ့နော်။”

အခုလိုမျိုး ကူးစက်သူများလာနေချိန်မှာ ရောဂါအခံရှိတဲ့ အသက်အရွယ်ကြီးသူတွေနဲ့ ကိုယ်ခံအားကျနေတဲ့ သူတွေဆိုရင် ကူးစက်လွယ်တာမို့ ပိုမိုသတိထားဖို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

အရင်က ကိုဗစ် ပိုးတွေ့ရှိသူ ဆယ်ဂဏန်းပဲရှိရာကနေ သြဂုတ် ၃၁ ရက်နေ့မှာဆိုရင် ပိုးတွေ့ရှိသူ ၁၀၄ ဦးအထိ မြင့်တက်လာတာလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သြဂုတ်လအတွင်းမှာ ကိုဗစ်ရောဂါ လူနာသစ် ၁,၁၂၉ ဦးတွေ့ ရှိခဲ့ပြီး အဲဒီထဲက ပြည်ပ ကူးစက်သူ ၃၂၉ ဦးနဲ့ ပြည်တွင်းကူးစက်သူက ၇၃၇ ဦးအထိ ရှိနေကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခု နောက်ပိုင်း ကူးစက်မြန် ကိုဗစ်ပိုးဟာ အရင်ကလို ပြင်းထန်တဲ့လက္ခဏာ သိပ်မတွေ့ရတာကြောင့် လူတွေက သိပ်မစိုးရိမ်ကြတော့တဲ့အကြောင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိပ်မလိုက်နာကြတော့တဲ့အကြောင်း ရန်ကုန်မြို့က အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်မင်းထွန်း အခုလို ပြောပါတယ်။

“အခုလူတွေက ကိုဗစ်ကိုသိပ်အာရုံမထည့်တော့ဘူးပေါ့နော်။ နောက်ပိုင်းမှာပေါ့နော်။ ဟာ…ကိုဗစ်က အချိန်တန်ရင် ကောင်းသွားမှာပါပေါ့နော်၊ တချို့ကျတော့ ကာကွယ်ဆေးက ၄ ကြိမ်တောင် ထိုးထားပြီးပေ့ါနော်၊ ငါ ကိုဗစ်မဖြစ်တော့ဘူးပေ့ါနော်။ နောက်ပြီးတော့ ကိုဗစ်က အလကာပါပေ့ါနော်၊ အားပျော့တယ်ပေါ့နော်၊ အချိန်တန်ရင်လည်း ကောင်းသွားမှာပါဆိုပြီးတော့ အဲ့လိုပေါ့တယ်ပေါ့နော်။ ပေါ့ပြီးတော့ Mask မတပ်ဘူး။ ပြီးတော့ ဆေးခန်းတွေ လာမယ်ရင် အာ…တုပ်ကွေးပေါ့နော်၊ သူရာသီတုပ်ကွေးဖြစ်တာပါပေါ့နော်။ ကိုဗစ်ဆိုပြီးတော့ ပြောမယ်ဆိုလည်း လက်မခံဘူး။ ကိုဗစ်ဆိုပြောဖို့က လက္ခဏာတူတယ်လေ။ တော်တော်အပြင်းအဖျားကြီးတယ်၊ ရက်ရှည်တယ်။ နောက်ပြီးတော့ တချို့ကျ လည်ပင်းတွေ၊အာသီးတွေယောင်ပြီး အကြီးအကျယ်ပဲ ဝမ်းလျော်ဝမ်းပျက်တွေဖြစ်တယ်။ နုန်းတယ်ပေါ့နော်။ အဲ့လိုလက္ခဏာဆို တန်းပြောလို့ရတာပေါ့နော်။ စစ်ကြည့်လိုက်ရင် တခါတည်း တန်းပေါ်လာ၊ အဲ့လိုပေါ့နော် ကိုဗစ်နဲ့ တူတယ်နော်၊ စစ်ကြည့်မလားပေါ့နော်။ စစ်ကြည့်ပြီး လိုအပ်တဲ့ကုသမှုပေးမယ်ပေါ့နော် အဲ့လိုပြောရင်တောင်မှ လက်မခံကြဘူးပေါ့နော်။ ဟာ… ဒါ ရာသီတုပ်ကွေးပါ ဆရာ၊ ကိုဗစ်ဆိုလည်း ဘာမှမထူးပေါ့နော်။”

ကိုဗစ်ရောဂါ ပြင်းထန်တဲ့ လူနာတွေအတွက် ဆေးရုံတွေမှာ ကုသပေးနိုင်ဖို့ ပြင်ဆင်ထားသလို ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အားစိုက်ပြီး ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ တချိန်တည်းမှာ ပါးစပ်နဲ့ နှာခေါင်းစည်းတွေ စနစ်တကျ တပ်ဆင့်ဖို့နဲ့ ကိုဗစ် 19 ကာကွယ်ဆေးနဲ့ ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးနှံ့ဖို့ လူတွေကို သတိပေးနိုးဆော်နေပါတယ်။

XS
SM
MD
LG