သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုရူးမုန်တိုင်းကြောင့် ဗီယက်နမ်မှာ အိမ်ခြေ ၁ သန်းကျော် မီးပျက်


ဗီယက်နမ်နိုင်ငံ၊ ကွင်းနမ်ခရိုင်ထဲ တိုက်ခတ်သွားတဲ့ တိုင်ဖွန်းမုန်တိုင်း နိုရူးကြောင့် ကျိုးပြတ်လဲကျနေတဲ့သစ်ပင်တွေကို အစိုးရဝန်ထမ်းတွေက ဖယ်ရှားရှင်းလင်းနေကြစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)
ဗီယက်နမ်နိုင်ငံ၊ ကွင်းနမ်ခရိုင်ထဲ တိုက်ခတ်သွားတဲ့ တိုင်ဖွန်းမုန်တိုင်း နိုရူးကြောင့် ကျိုးပြတ်လဲကျနေတဲ့သစ်ပင်တွေကို အစိုးရဝန်ထမ်းတွေက ဖယ်ရှားရှင်းလင်းနေကြစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဗီယက်နမ်အလယ်ပိုင်းကမ်းရိုးတမ်းဒေသကို Noru တိုင်ဖွန်းမုန်တိုင်း ဒီနေ့ အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဗီယက်နမ် အပန်းဖြေကမ်းခြေမြို့ဖြစ်တဲ့ Danang နားမှာ တနာရီ မိုင် ၇၀ ကျော်နဲ့ ဝင်ရောက်လာတဲ့ မုန်တိုင်းကြောင့် အိမ်ခေါင်မိုးတွေလန်ထွက်၊ သစ်ပင်တွေအမြစ်ကနေ ကျွတ်ထွက်ခဲ့ပါတယ်။

Noru မုန်တိုင်းကြောင့် နယ်လေးနယ်က အိမ်ခြေတသန်းကျော် မီးပျက်နေတယ်လို့ Vietnam ပြည်တွင်းကလာတဲ့သတင်းတွေမှာ ထုတ်ပြန်နေပါတယ်။ Noru မုန်တိုင်း မဝင်ခင်ကတည်းက ထောင်နဲ့ချီတဲ့ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ဖယ်ရှားပေးခဲ့ပါတယ်။ လေဆိပ်အတော်များများကိုပိတ်ထားသလို အပြင်မထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားပါတယ်။ ကျောင်းတွေ၊ အများပြည်သူပွဲလမ်းတွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ဗီယက်နာမ်ကာကွယ်ရေးဝန်ကြီးဌာနက စစ်သည် ၄၀,၀၀၀ လောက်နဲ့ ပြည်သူ့စစ် ၂၀၀,၀၀၀ ကို သံချပ်ကာယာဉ်တွေနဲ့ မော်တော်ဘုတ်တွေနဲ့ တပ်ဖြန့်ချထားတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းကို ကြာသပတေးနေ့မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ Noru မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေ သတိပေးထားပါတယ်။ ဗီယက်နမ်ကိုမလာခင် ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မုန်တိုင်းကြောင့် မြို့တော်မနီလာမှာ ရေလွှမ်းမိုးတာနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့ပါတယ်။ လူ ရှစ်ဦးသေဆုံးခဲ့ပြီး လူပေါင်း ၈,၀၀၀ နီးပါးကို အရေးပေါ်စခန်းတွေကို ရွှေ့ထားခဲ့ရပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]






XS
SM
MD
LG