သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ ဘတ္စ္ကားမေတာ္တဆမႈ ၄၀ ေက်ာ္ေသ 


ပါကစၥတန္ႏိုင္ငံေျမာက္ပိုင္း ခရီးသည္တင္ဘတ္စ္ကားမေတာ္တဆမႈျမင္ကြင္း။ (ဇန္နဝါရီ ၂၉ ၊ ၂၀၂၃)

[[Zawgyi/Unicode]]

ပါကစၥတန္ႏိုင္ငံေျမာက္ပိုင္း Quetta ၿမိဳ႕ကေန ေတာင္ပိုင္း Karachi ၿမိဳ႕ကို ေမာင္းႏွင္ သြားတဲ့ ခရီးသည္တင္ဘတ္စ္ကားတစီးဟာ တနဂၤေႏြေန႔က Balochistan ျပည္နယ္ Lasbela ခ႐ိုင္မွာ မေတာ္တဆျဖစ္ရာက လူ ၄၁ ဦးထက္မနည္း ေသဆုံးသြားပါတယ္။

"ကားမေတာ္တဆျဖစ္မႈေၾကာင့္ ၄၁ ဦးေသဆုံးၿပီး ၃ ဦး ဒဏ္ရာရတယ္။ ဒဏ္ရာရတဲ့သူေတြကိုေဆး႐ုံပို႔ထားၿပီး ေသဆုံးသူေတြကိုေတာ့ ေသမႈေသခင္းနဲ႔ ဘယ္သူဘယ္ဝါဆိုတာသိရွိေအာင္လို႔ DNA မ်ိဳး႐ိုးဗီဇစစ္ေဆးဖို႔ သယ္ေဆာင္သြားၾကပါၿပီ" လို႔ ေဒသခံ အေရးေပၚကယ္ဆယ္ေရးဌာနရဲ႕တာဝန္ခံ Faisal Edhi က Urdu ဘာသာစကားနဲ႔ ေျပာသြားတာပါ။ အဲဒီကားဟာအရွိန္လြန္ၿပီး တံတားတိုင္ကိုတိုက္မိကာ ဂငယ္ေကြ႕ လည္သြားၿပီးေနာက္ ေခ်ာက္ထဲကိုက် မီးေလာင္သြားခဲ့တယ္လို႔ Lasbela ခ႐ိုင္ လက္ေထာက္ ေကာ္မရွင္နာမင္းႀကီး Hamza Anjumk က Dawn အမည္ရွိ ပါကစၥတန္ သတင္းစာကို ေျပာပါတယ္။

တနဂၤေႏြေန႔မွာပဲ ပါကစၥတန္ႏိုင္ငံအေနာက္ေျမာက္ပိုင္းရွိ Tanda Dam ေရကန္ထဲမွာ သေဘၤာနစ္ျမဳပ္ၿပီး ကေလး ၁ဝ ေယာက္ ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ စက္ေလွေပၚမွာပါတဲ့ ကေလး ၁၇ ဦး နဲ႔ ေက်ာင္းဆရာတဦးကို ကယ္ဆယ္ႏိုင္ခဲ့ေပမဲ့ သူတို႔အထဲက ကေလး ၄ ဦးကေတာ့ စိုးရိမ္ရတဲ့အေျခအေနမွာရွိတယ္လို႔ Dawn သတင္းစာမွာ ေဖာ္ျပထားပါတယ္။ အဲဒီကေလးေတြအားလုံးဟာ အစၥလမ္ ဘာသာေရးေက်ာင္းက ေက်ာင္းသားေတြ ျဖစ္ၾကပါတယ္။

ပါကစၥတန္ ဘတ္စ္ကားမေတာ္တဆမႈ ၄၀ ေက်ာ္ေသ.mp3
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ပါကစ္စတန် ဘတ်စ်ကားမတော်တဆမှု ၄၀ ကျော်သေ

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း Quetta မြို့ကနေ တောင်ပိုင်း Karachi မြို့ကို မောင်းနှင် သွားတဲ့ ခရီးသည်တင်ဘတ်စ်ကားတစီးဟာ တနင်္ဂနွေနေ့က Balochistan ပြည်နယ် Lasbela ခရိုင်မှာ မတော်တဆဖြစ်ရာက လူ ၄၁ ဦးထက်မနည်း သေဆုံးသွားပါတယ်။

"ကားမတော်တဆဖြစ်မှုကြောင့် ၄၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကိုဆေးရုံပို့ထားပြီး သေဆုံးသူတွေကိုတော့ သေမှုသေခင်းနဲ့ ဘယ်သူဘယ်ဝါဆိုတာသိရှိအောင်လို့ DNA မျိုးရိုးဗီဇစစ်ဆေးဖို့ သယ်ဆောင်သွားကြပါပြီ" လို့ ဒေသခံ အရေးပေါ်ကယ်ဆယ်ရေးဌာနရဲ့တာဝန်ခံ Faisal Edhi က Urdu ဘာသာစကားနဲ့ ပြောသွားတာပါ။ အဲဒီကားဟာအရှိန်လွန်ပြီး တံတားတိုင်ကိုတိုက်မိကာ ဂငယ်ကွေ့ လည်သွားပြီးနောက် ချောက်ထဲကိုကျ မီးလောင်သွားခဲ့တယ်လို့ Lasbela ခရိုင် လက်ထောက် ကော်မရှင်နာမင်းကြီး Hamza Anjumk က Dawn အမည်ရှိ ပါကစ္စတန် သတင်းစာကို ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းရှိ Tanda Dam ရေကန်ထဲမှာ သင်္ဘောနစ်မြုပ်ပြီး ကလေး ၁ဝ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ စက်လှေပေါ်မှာပါတဲ့ ကလေး ၁၇ ဦး နဲ့ ကျောင်းဆရာတဦးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ သူတို့အထဲက ကလေး ၄ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ Dawn သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီကလေးတွေအားလုံးဟာ အစ္စလမ် ဘာသာရေးကျောင်းက ကျောင်းသားတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG