သံုးရလြယ္ကူေစသည့္ Link မ်ား

ေရႊဘို-ခင္ဦး-ေရဦးလမ္းမႀကီး တခ်ဳိ႕ေနရာေတြ စစ္တပ္ပိတ္ဆို႔


ေရႊဘိုၿမိဳ႕

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ေ႐ႊဘိုခ႐ိုင္အတြင္း ေရဦး၊ ခင္ဦးနဲ႔ ေ႐ႊဘိုၿမိဳ႕ေတြၾကား ဆက္သြယ္ ထားတဲ့လမ္းမႀကီးရဲ႕ တခ်ိဳ႕ေနရာေတြမွာ ျမန္မာစစ္တပ္က မၾကာခင္ရက္ပိုင္းက ပိတ္ဆို႔လိုက္သလို လမ္းမႀကီးအနီးမွာစခန္းခ်ထားၿပီး လမ္းသြားလမ္းလာေတြကို ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လံုးဝသြားလာလို႔မရေအာင္ ပိတ္ဆို႔လိုက္တာေၾကာင့္ ေဒသခံေတြ စားေရရိကၡာဝယ္ယူေရး အခက္အခဲေတြ ရွိေနသလို က်န္းမာေရးကိစၥေတြအတြက္လည္း ေႏွာင့္ေႏွးေနတာေတြ ၾကဳံေနၾကရပါတယ္။ စစ္ကိုင္းတိုင္း ေရႊဘိုခ႐ိုင္အတြင္းက အေျခအေန သတင္းေပးပို႔ခ်က္ကို မအင္ၾကင္းႏိုင္ တင္ျပေပးထားပါတယ္။

ေ႐ႊဘိုခ႐ိုင္အတြင္း ေရဦး၊ ခင္ဦးနဲ႔ ေ႐ႊဘိုၿမိဳ႕ေတြၾကား ဆက္သြယ္သြားလာတဲ့ လမ္းမႀကီးရဲ႕ ေနရာတခ်ဳိ႕မွာ စစ္တပ္က အခိုင္အမာတပ္စြဲပိတ္ဆို႔ထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လြန္ခဲ့တဲ့ ၅ ရက္ေလာက္ကတည္းက လမ္းေတြကို ပိတ္ဆို႔ထားၿပီး သြားလာခြင့္မျပဳေတာ့တာလို႔ ေဒသခံတေယာက္က ေျပာျပပါတယ္။

“ေရဦးနဲ႔ခင္ဦးလမ္းမွာလည္း သူတို႔က ေရဦးနဲ႔ခင္ဦးၾကား မူးတိမ္ေခ်ာင္းဆိုတဲ့
ေခ်ာင္းတံတားမွာတပ္စြဲထားတဲ့ အေျခစိုက္တပ္တတပ္ရွိတယ္။ ေနာက္ၿပီးေတာ့ ေ႐ႊဘို၊ ေညာင္ပင္သာ၊ ေရဦးလမ္းမွာကက်ေတာ့ အဲ့မွာလည္း အင္းမေကြ႕မွာ ဘန္ကာေတြ ေဆာက္ၿပီးေတာ့မွ တပ္စြဲထားတာတေနရာရွိတယ္။ ေနာက္ၿပီးေတာ့ ေ႐ႊဘို စိုက္ပ်ိဳးေရးသိပၸံနားမွာလည္း တပ္စြဲထားတဲ့တပ္တတပ္ရွိတဲ့အတြက္ က်မတို႔ ေ႐ႊဘိုလမ္း၊ ေရဦး-ေ႐ႊဘိုလမ္းကိုလည္း ပိတ္ထားတာ ၄၊ ၅ ရက္ေလာက္ရွိပါၿပီရွင့္။”

ခင္ဦးနဲ႔ ေရဦးၾကားက မူးတိမ္ေခ်ာင္းတံတားဘက္မွာဆိုရင္ လြန္ခဲ့တဲ ၆ လေလာက္ ကတည္းက စစ္တပ္ေတြ တပ္စြဲထားတာပါ။ ျဖတ္သန္းသြားလာသူတခ်ဳိ႕ကို ဖမ္းဆီးစစ္ေဆးတာ၊ ေငြေတာင္းတာ၊ ဆိုင္ကယ္နဲ႔ကားေတြသိမ္းတာေတြေၾကာင့္ အနီးအနားေနသူေတြ ျဖတ္မသြားရဲၾကဘူးလို႔လည္း ေျပာပါတယ္။ စစ္တပ္က လမ္းမႀကီးအနီးမွာတပ္စြဲၿပီး သြားလာလို႔မရေအာင္ ပိတ္ပင္ထားတဲ့အတြက္ စားေသာက္ ကုန္အပါအဝင္ ကုန္ပစၥည္းဝယ္ယူဖို႔ခက္ခဲကုန္သလို က်န္းမာေရးအတြက္ လိုအပ္ တဲ့ ကုသဖို႔ကိစၥေတြမွာလည္း ေႏွာင့္ေႏွးရတယ္လို႔ ေဒသခံတဦးက ေျပာျပပါတယ္။

“ေညာင္ပင္သာဆိုတဲ့႐ြာက က်မတို႔ ဒီဘက္ ခင္ဦးအေနာက္ဘက္ျခမ္းျပည္သူေတြက ခင္ဦး-ေရဦး ကားလမ္းကလည္း ပိတ္ထားတဲ့အခါက်ေတာ့ ကားလမ္းသြားလို႔ မလြယ္တဲ့ခါက်ေတာ့ ေညာင္ပင္သာဆိုတဲ့႐ြာကိုပဲသြားၿပီးေတာ့ ဝယ္ျခမ္းစားေသာက္ရတာေပါ့ေႏွာ္။ အဲ့ဒါကိုသူတို႔က ခုလိုမ်ိဳးလုပ္တဲ့ခါက်ေတာ့ က်မတို႔က အဲ့ဘက္ ကို မသြားရဲေတာ့ဘူး။ မသြားရဲတဲ့ခါက်ေတာ့ အဲ့ဒီေညာင္ပင္သူဆိုတဲ့ ႐ြာကလည္း ေ႐ႊဘို-ေရဦးကားလမ္းကိုမွ သူတို႔႐ြာက ႐ြာလယ္ကေနမွ ကားလမ္းက ျဖတ္ ထားသလိုျဖစ္တဲ့အတြက္ အေရွ႕ဘက္ကက်ေတာ့ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းက အထိုင္တပ္လုပ္ၿပီးေတာ့ တပ္စြဲထားတာျဖစ္တဲ့အတြက္ ျပည္သူေတြ သြားေရး လာေရးမရွိသလို အေနာက္က ေရဦးကထြက္ၿပီဆိုရင္ အဲ့ဒီ အင္းမေကြ႕မွာလည္း အထိုင္တပ္လုပ္ထားတာျဖစ္တဲ့အတြက္ က်မတို႔ ျပည္သူေတြက ဟိုဘက္ ဒီဘက္ ပိတ္ထားသလို ျဖစ္တဲ့အခါက်ေတာ့ ဘယ္မွကို သြားလာလို႔မရပါဘူးရွင့္။ အခု ကားလမ္းေတြပိတ္ထားတာကေတာ့ ၄၊ ၅ ရက္ေလာက္ ရွိသြားပါၿပီရွင့္။”

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္မွာလည္း ေအာက္တိုဘာ ၃ ရက္ေန႔က စစ္တပ္ရဲ႕ ေရယာဥ္ေတြ ကနီၿမိဳ႕နယ္ ခ်င္းတြင္းျမစ္အတိုင္း ဆန္တက္လာခ်ိန္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ျမစ္ေဘးမွာ ေနထိုင္တဲ့ ေက်း႐ြာအေတာ္မ်ားမ်ားက ေဒသခံ ႐ြာသူ႐ြာသားေတြ ထြက္ေျပးခဲ့ၾကရပါတယ္။ ၄ ရက္ေလာက္ၾကာမွာ ေနအိမ္ေတြ ျပန္လာႏိုင္တာကို မုေဌာေက်း႐ြာခံတဦးက VOA ကို ေျပာပါတယ္။

“ျပန္လာၿပီ။ ကနီကေန သူတို႔ အထက္ဘက္ကို ဆန္သြားၿပီ။ ဒီကေန႔ မနက္မွ ကနီကေန သူတို႔က ဆန္သြားတာ။ အထက္မင္းကင္း၊ ကေလးဝဘက္ကိုသြားၿပီ။ အခု အမတို႔ဘက္က ျပန္လာတယ္။ ျပန္လာၿပီး ဟိုဘက္က လူေတြ တခါ ဆက္ေျပးၾကျပန္ၿပီေပါ့။ အဲ့လိုမ်ိဳး ဒီဘက္က မရွိေတာ့ဘူးဆိုေတာ့ ျပန္လာၾကတာ။ ဟိုဘက္ကေတာ့ ျမစ္႐ိုးတေလွ်ာက္ကေတာ့ တခါဆက္ေျပးေနၾကျပန္ၿပီေလ။”

ေဒသခံ PDF အဖြဲ႕ေတြနဲ႔ စစ္တပ္အၾကား တိုက္ပြဲျဖစ္သံေတြ ၾကားေနရသလို စစ္ တပ္ဘက္က ဒ႐ုန္းယာဥ္ေတြသုံးၿပီး ဗုံးႀကဲတိုက္ခိုက္တာေတြ လုပ္ေနတဲ့အတြက္ ညဘက္ေတြမွာ သတိထားေနထိုင္ရတယ္လို႔လည္း ေဒသခံတဦးက ေျပာပါတယ္။

“သူတို ႔ကနီၿမိဳ႕ေပၚ မကြာေသးတုန္းကေတာ့ လုံၿခဳံမႈေတာ့မရွိဘူး။ ညလည္း ေကာင္းေကာင္းမအိပ္ရဘူး၊ ဟိုဘက္ကေန ျပန္လာမလား၊ ျပန္လာၿပီး ဒ႐ုန္းဗုံးနဲ႔ ျပန္ခ်မွာလား၊ ဒါေပမယ့္ ျပန္ၿပီးေတာ့ ဒ႐ုန္းကလည္း ညတိုင္းကို ဝဲေနတဲ့အတြက္ ညေတြဆိုရင္ အကုန္မီးမွိတ္ၿပီးေတာ့ ေနရတယ္။ ႐ြာေတြမွာေပါ့ေနာ္၊ မီးလင္းေရာင္ျမင္လို႔ ကိုယ့္႐ြာေတြကို လူရွိတယ္ဆိုၿပီး ခ်သြားမွာကို ေၾကာက္လို႔ေလ။ သူတို႔က ဒ႐ုန္းဗုံးနဲ႔ ေန႔လည္းခ်တယ္၊ ညလည္းခ်တာေတြေရာဆိုေတာ့ ပိုၿပီးစိုးရိမ္ၾကတာေပါ့။ ျပည္သူေတြကေတာ့ က်ီးလန္႔စာစား ေနရတာေပါ့။”

စစ္ကိုင္းအတြင္းမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္အေရအတြက္က ပိုၿပီး တိုးလာေနပါတယ္။ ျပည္သူ႔ကာကြယ္ေရး PDF တပ္ေတြဟာ ေက်း႐ြာေတြကို အေျခစိုက္ၿပီး အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတယ္လို႔ စစ္ေကာင္စီက စြပ္စြဲၿပီး ေနရာေတာ္ေတာ္မ်ားမ်ားမွာ နယ္ေျမရွင္းလင္းေရးေတြ လုပ္ေနပါတယ္။ အခုဆိုရင္ စစ္တပ္က ေျမျပင္ကေန နယ္ေျမရွင္းလင္းေရးလုပ္တာနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြကို တြဲၿပီး ပိုလုပ္လာတယ္လို႔ စစ္ေဘးေရွာင္ေနၾကရသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရွှေဘို-ခင်ဦး-ရေဦးလမ်းမကြီး တချို့နေရာတွေ စစ်တပ်ပိတ်ဆို့

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်း ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့တွေကြား ဆက်သွယ် ထားတဲ့လမ်းမကြီးရဲ့ တချို့နေရာတွေမှာ မြန်မာစစ်တပ်က မကြာခင်ရက်ပိုင်းက ပိတ်ဆို့လိုက်သလို လမ်းမကြီးအနီးမှာစခန်းချထားပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံးဝသွားလာလို့မရအောင် ပိတ်ဆို့လိုက်တာကြောင့် ဒေသခံတွေ စားရေရိက္ခာဝယ်ယူရေး အခက်အခဲတွေ ရှိနေသလို ကျန်းမာရေးကိစ္စတွေအတွက်လည်း နှောင့်နှေးနေတာတွေ ကြုံနေကြရပါတယ်။ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းက အခြေအနေ သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင် တင်ပြပေးထားပါတယ်။

ရွှေဘိုခရိုင်အတွင်း ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့တွေကြား ဆက်သွယ်သွားလာတဲ့ လမ်းမကြီးရဲ့ နေရာတချို့မှာ စစ်တပ်က အခိုင်အမာတပ်စွဲပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက လမ်းတွေကို ပိတ်ဆို့ထားပြီး သွားလာခွင့်မပြုတော့တာလို့ ဒေသခံတယောက်က ပြောပြပါတယ်။

“ရေဦးနဲ့ခင်ဦးလမ်းမှာလည်း သူတို့က ရေဦးနဲ့ခင်ဦးကြား မူးတိမ်ချောင်းဆိုတဲ့
ချောင်းတံတားမှာတပ်စွဲထားတဲ့ အခြေစိုက်တပ်တတပ်ရှိတယ်။ နောက်ပြီးတော့ ရွှေဘို၊ ညောင်ပင်သာ၊ ရေဦးလမ်းမှာကကျတော့ အဲ့မှာလည်း အင်းမကွေ့မှာ ဘန်ကာတွေ ဆောက်ပြီးတော့မှ တပ်စွဲထားတာတနေရာရှိတယ်။ နောက်ပြီးတော့ ရွှေဘို စိုက်ပျိုးရေးသိပ္ပံနားမှာလည်း တပ်စွဲထားတဲ့တပ်တတပ်ရှိတဲ့အတွက် ကျမတို့ ရွှေဘိုလမ်း၊ ရေဦး-ရွှေဘိုလမ်းကိုလည်း ပိတ်ထားတာ ၄၊ ၅ ရက်လောက်ရှိပါပြီရှင့်။”

ခင်ဦးနဲ့ ရေဦးကြားက မူးတိမ်ချောင်းတံတားဘက်မှာဆိုရင် လွန်ခဲ့တဲ ၆ လလောက် ကတည်းက စစ်တပ်တွေ တပ်စွဲထားတာပါ။ ဖြတ်သန်းသွားလာသူတချို့ကို ဖမ်းဆီးစစ်ဆေးတာ၊ ငွေတောင်းတာ၊ ဆိုင်ကယ်နဲ့ကားတွေသိမ်းတာတွေကြောင့် အနီးအနားနေသူတွေ ဖြတ်မသွားရဲကြဘူးလို့လည်း ပြောပါတယ်။ စစ်တပ်က လမ်းမကြီးအနီးမှာတပ်စွဲပြီး သွားလာလို့မရအောင် ပိတ်ပင်ထားတဲ့အတွက် စားသောက် ကုန်အပါအဝင် ကုန်ပစ္စည်းဝယ်ယူဖို့ခက်ခဲကုန်သလို ကျန်းမာရေးအတွက် လိုအပ် တဲ့ ကုသဖို့ကိစ္စတွေမှာလည်း နှောင့်နှေးရတယ်လို့ ဒေသခံတဦးက ပြောပြပါတယ်။

“ညောင်ပင်သာဆိုတဲ့ရွာက ကျမတို့ ဒီဘက် ခင်ဦးအနောက်ဘက်ခြမ်းပြည်သူတွေက ခင်ဦး-ရေဦး ကားလမ်းကလည်း ပိတ်ထားတဲ့အခါကျတော့ ကားလမ်းသွားလို့ မလွယ်တဲ့ခါကျတော့ ညောင်ပင်သာဆိုတဲ့ရွာကိုပဲသွားပြီးတော့ ဝယ်ခြမ်းစားသောက်ရတာပေါ့နှော်။ အဲ့ဒါကိုသူတို့က ခုလိုမျိုးလုပ်တဲ့ခါကျတော့ ကျမတို့က အဲ့ဘက် ကို မသွားရဲတော့ဘူး။ မသွားရဲတဲ့ခါကျတော့ အဲ့ဒီညောင်ပင်သူဆိုတဲ့ ရွာကလည်း ရွှေဘို-ရေဦးကားလမ်းကိုမှ သူတို့ရွာက ရွာလယ်ကနေမှ ကားလမ်းက ဖြတ် ထားသလိုဖြစ်တဲ့အတွက် အရှေ့ဘက်ကကျတော့ စိုက်ပျိုးရေးသိပ္ပံကျောင်းက အထိုင်တပ်လုပ်ပြီးတော့ တပ်စွဲထားတာဖြစ်တဲ့အတွက် ပြည်သူတွေ သွားရေး လာရေးမရှိသလို အနောက်က ရေဦးကထွက်ပြီဆိုရင် အဲ့ဒီ အင်းမကွေ့မှာလည်း အထိုင်တပ်လုပ်ထားတာဖြစ်တဲ့အတွက် ကျမတို့ ပြည်သူတွေက ဟိုဘက် ဒီဘက် ပိတ်ထားသလို ဖြစ်တဲ့အခါကျတော့ ဘယ်မှကို သွားလာလို့မရပါဘူးရှင့်။ အခု ကားလမ်းတွေပိတ်ထားတာကတော့ ၄၊ ၅ ရက်လောက် ရှိသွားပါပြီရှင့်။”

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာလည်း အောက်တိုဘာ ၃ ရက်နေ့က စစ်တပ်ရဲ့ ရေယာဉ်တွေ ကနီမြို့နယ် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြစ်ဘေးမှာ နေထိုင်တဲ့ ကျေးရွာအတော်များများက ဒေသခံ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ကြရပါတယ်။ ၄ ရက်လောက်ကြာမှာ နေအိမ်တွေ ပြန်လာနိုင်တာကို မုဌောကျေးရွာခံတဦးက VOA ကို ပြောပါတယ်။

“ပြန်လာပြီ။ ကနီကနေ သူတို့ အထက်ဘက်ကို ဆန်သွားပြီ။ ဒီကနေ့ မနက်မှ ကနီကနေ သူတို့က ဆန်သွားတာ။ အထက်မင်းကင်း၊ ကလေးဝဘက်ကိုသွားပြီ။ အခု အမတို့ဘက်က ပြန်လာတယ်။ ပြန်လာပြီး ဟိုဘက်က လူတွေ တခါ ဆက်ပြေးကြပြန်ပြီပေါ့။ အဲ့လိုမျိုး ဒီဘက်က မရှိတော့ဘူးဆိုတော့ ပြန်လာကြတာ။ ဟိုဘက်ကတော့ မြစ်ရိုးတလျှောက်ကတော့ တခါဆက်ပြေးနေကြပြန်ပြီလေ။”

ဒေသခံ PDF အဖွဲ့တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်သံတွေ ကြားနေရသလို စစ် တပ်ဘက်က ဒရုန်းယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် ညဘက်တွေမှာ သတိထားနေထိုင်ရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“သူတို့ကနီမြို့ပေါ် မကွာသေးတုန်းကတော့ လုံခြုံမှုတော့မရှိဘူး။ ညလည်း ကောင်းကောင်းမအိပ်ရဘူး၊ ဟိုဘက်ကနေ ပြန်လာမလား၊ ပြန်လာပြီး ဒရုန်းဗုံးနဲ့ ပြန်ချမှာလား၊ ဒါပေမယ့် ပြန်ပြီးတော့ ဒရုန်းကလည်း ညတိုင်းကို ဝဲနေတဲ့အတွက် ညတွေဆိုရင် အကုန်မီးမှိတ်ပြီးတော့ နေရတယ်။ ရွာတွေမှာပေါ့နော်၊ မီးလင်းရောင်မြင်လို့ ကိုယ့်ရွာတွေကို လူရှိတယ်ဆိုပြီး ချသွားမှာကို ကြောက်လို့လေ။ သူတို့က ဒရုန်းဗုံးနဲ့ နေ့လည်းချတယ်၊ ညလည်းချတာတွေရောဆိုတော့ ပိုပြီးစိုးရိမ်ကြတာပေါ့။ ပြည်သူတွေကတော့ ကျီးလန့်စာစား နေရတာပေါ့။”

စစ်ကိုင်းအတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်က ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး နေရာတော်တော်များများမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။ အခုဆိုရင် စစ်တပ်က မြေပြင်ကနေ နယ်မြေရှင်းလင်းရေးလုပ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တွဲပြီး ပိုလုပ်လာတယ်လို့ စစ်ဘေးရှောင်နေကြရသူတွေက ပြောပါတယ်။

XS
SM
MD
LG