သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲေၾကာင့္ ဘုရားသုံးဆူနယ္စပ္ဂိတ္ ပိတ္


ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားသုံးဆူၿမိဳ႕ဂိတ္။ (ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားသုံးဆူၿမိဳ႕အနီးမွာရွိတဲ့ ဘုရားေတာင္ဂိတ္စခန္းမွာ ဒီေန႔ စက္တင္ဘာလ၂၈ ရက္ ဗုဒၶဟူးေန႔ မနက္ ၅ နာရီ ေက်ာ္ေလာက္ကစၿပီး ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ KNLA နဲ႔ PDF ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕ေတြနဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ နယ္စပ္တိုက္ပြဲေတြေၾကာင့္ ဘုရားသုံးဆူၿမိဳ႕အနီး နယ္စပ္ျဖတ္ေက်ာ္သြားလာတာေတြကို ထိုင္းႏိုင္ငံဘက္ကေရာ ျမန္မာဘက္ကပါ ယာယီပိတ္ထားပါတယ္။ ထိုင္းနယ္စပ္အေျခအေနကို VOA သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ဘုရားသုံးဆူၿမိဳ႕အနီးမွာရွိတဲ့ ျမန္မာစစ္တပ္အေျခစိုက္ စခန္းျဖစ္တဲ့ ဘုရားေတာင္ဂိတ္စခန္းကို မနက္ ၅ နာရီမွာ KNLA နဲ႔ PDF ပူးေပါင္းတပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။ အျပန္အလွန္ပစ္ခတ္ခဲ့ၿပီးတဲ့ေနာက္ ႏွစ္ႏိုင္ငံနယ္စပ္လမ္းေတြကို ျမန္မာႏိုင္ငံဘက္ကေရာ ထိုင္းဘက္ကပါ ႏွစ္ဘက္ လုံးက ယာယီပိတ္လိုက္တယ္လို႔ ဘုရားသုံးဆူေဒသက ABSDF ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးသိန္းလြင္ကေျပာပါတယ္။

“နယ္စပ္အေပါက္ကို စစ္တပ္က ပိတ္လိုက္တယ္။ ျမန္မာဘက္ကပိတ္လိုက္တယ္။ နဂိုကတည္းက ဖြင့္မထားဘူး။ ခိုးလမ္းေတြကပဲသြားေနတာ။ အခုေတာ့လည္း ပိတ္ထားလိုက္တာေပါ့။ ေလယာဥ္ပ်ံေတြေတာ့လာေနတယ္။ ထိုင္းဘက္ကလည္းလုံၿခဳံေရးအရ တပ္ေတြကိုျပန္ျဖည့္ထားတယ္။”

ဘုရားသုံးဆူ ေဒသခံတဦးကေတာ့ ႏွစ္ႏိုင္ငံနယ္ျခား တရားဝင္ ကူးသန္းသြားလာတာကို အရင္ကတည္းက ပိတ္ထားခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ႏွစ္ႏိုင္ငံနယ္ျခား အျပန္အလွန္ ကူးသြားေနတဲ့ေနရာေတြ အမ်ားႀကီးရွိၿပီး အခုေတာ့ တိုက္ ပြဲေတြ ဆက္ျဖစ္လာႏိုင္တဲ့အတြက္ လုံၿခဳံေရးအရ ကန႔္သတ္လိုက္တာလို႔ အေျခအေနကို ရွင္းျပပါတယ္။

“တျခားနယ္စပ္လိုသြားမျမင္ပါနဲ႔။ နယ္စပ္ပိတ္တယ္ဆိုတာက တရားဝင္အစိုးရ ခြင့္ျပဳခ်က္နဲ႔သြားရတဲ့စာ႐ြက္စာတမ္းေတြနဲ႔ဟိုဘက္ဒီဘက္ကူးမရတာကိုေျပာတာ။ immigration process ကိုေျပာတာ။ ေဒသခံေတြက်ေတာ့ သြားေနၾကတာပဲ။ အထက္ေအာက္ကို ဒီအတိုင္းပဲ၊ ဟိုဘက္ ဒီဘက္ ေဈးဝယ္ေတြကို ပိတ္လိုက္ တာ။ အခုလို လုံၿခဳံေရးျဖစ္လာတဲ့က်ေတာ့ ထိုင္းဘက္က အခုလို တေပါက္တည္းမဟုတ္ဘူး။ မလြယ္ေပါက္ေတြက ရွိေသးတယ္။ အဲဒီမွာ စစ္သားေတြခ်ထားၿပီး ေပးမဝင္ေတာ့ဘူး။ သူ႔ႏိုင္ငံသားေတြက သုံးဆူဘက္မဆင္းဖို႔၊ ကိုယ့္ႏိုင္ငံသားေတြက သူဆီကိုမဝင္ဖို႔ အဲဒီလိုတားလိုက္တယ္။”

ဘုရားသုံးဆူေဒသမွာရွိတဲ့ စစ္ေကာင္စီတပ္ရဲ႕ ဘုရားေတာင္စခန္းကုန္းကို ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြက တက္ေရာက္သိမ္းပိုက္ခဲ့ၿပီး ဒုတပ္ရင္းမႉးအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၁ ဦးေသဆုံးခဲ့တယ္လို႔ KNLA ဘက္က ေျပာပါတယ္။ ဦးသိန္းလြင္ကေတာ့ အခုလိုေျပာပါတယ္။

“မနက္ ၅ နာရီေလာက္ကစျဖစ္တယ္။ မိနစ္ ၃၀ ေလာက္ၾကာတယ္။ ဒုရင္းမႉး တေယာက္အပါအဝင္ ၁၁ ေယာက္က်တယ္။ လက္နက္ေတာ့ ၁၃ လက္ရတယ္။”

စစ္ေကာင္စီဘက္ကေတာ့ တိုက္ပြဲနဲ႔ပတ္သက္လို႔ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ ညေနပိုင္းအထိ ေလယာဥ္ေတြနဲ႔ကင္းေထာက္ေနတာေၾကာင့္ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္လာမွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

ႏွစ္ဘက္တိုက္ပြဲေတြအတြင္း ေသဆုံးဒဏ္ရာရသူေတြနဲ႔ပတ္သက္လို႔ေတာ့ VOA က သီးျခားအတည္မျပဳႏိုင္ေသးပါဘူးရွင္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

တိုက်ပွဲကြောင့် ဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ ဘုရားတောင်ဂိတ်စခန်းမှာ ဒီနေ့ စက်တင်ဘာလ၂၈ ရက် ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီ ကျော်လောက်ကစပြီး ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KNLA နဲ့ PDF ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ဘုရားသုံးဆူမြို့အနီး နယ်စပ်ဖြတ်ကျော်သွားလာတာတွေကို ထိုင်းနိုင်ငံဘက်ကရော မြန်မာဘက်ကပါ ယာယီပိတ်ထားပါတယ်။ ထိုင်းနယ်စပ်အခြေအနေကို VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ မြန်မာစစ်တပ်အခြေစိုက် စခန်းဖြစ်တဲ့ ဘုရားတောင်ဂိတ်စခန်းကို မနက် ၅ နာရီမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံနယ်စပ်လမ်းတွေကို မြန်မာနိုင်ငံဘက်ကရော ထိုင်းဘက်ကပါ နှစ်ဘက် လုံးက ယာယီပိတ်လိုက်တယ်လို့ ဘုရားသုံးဆူဒေသက ABSDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းလွင်ကပြောပါတယ်။

“နယ်စပ်အပေါက်ကို စစ်တပ်က ပိတ်လိုက်တယ်။ မြန်မာဘက်ကပိတ်လိုက်တယ်။ နဂိုကတည်းက ဖွင့်မထားဘူး။ ခိုးလမ်းတွေကပဲသွားနေတာ။ အခုတော့လည်း ပိတ်ထားလိုက်တာပေါ့။ လေယာဉ်ပျံတွေတော့လာနေတယ်။ ထိုင်းဘက်ကလည်းလုံခြုံရေးအရ တပ်တွေကိုပြန်ဖြည့်ထားတယ်။”

ဘုရားသုံးဆူ ဒေသခံတဦးကတော့ နှစ်နိုင်ငံနယ်ခြား တရားဝင် ကူးသန်းသွားလာတာကို အရင်ကတည်းက ပိတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံနယ်ခြား အပြန်အလှန် ကူးသွားနေတဲ့နေရာတွေ အများကြီးရှိပြီး အခုတော့ တိုက် ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် လုံခြုံရေးအရ ကန့်သတ်လိုက်တာလို့ အခြေအနေကို ရှင်းပြပါတယ်။

“တခြားနယ်စပ်လိုသွားမမြင်ပါနဲ့။ နယ်စပ်ပိတ်တယ်ဆိုတာက တရားဝင်အစိုးရ ခွင့်ပြုချက်နဲ့သွားရတဲ့စာရွက်စာတမ်းတွေနဲ့ဟိုဘက်ဒီဘက်ကူးမရတာကိုပြောတာ။ immigration process ကိုပြောတာ။ ဒေသခံတွေကျတော့ သွားနေကြတာပဲ။ အထက်အောက်ကို ဒီအတိုင်းပဲ၊ ဟိုဘက် ဒီဘက် ဈေးဝယ်တွေကို ပိတ်လိုက် တာ။ အခုလို လုံခြုံရေးဖြစ်လာတဲ့ကျတော့ ထိုင်းဘက်က အခုလို တပေါက်တည်းမဟုတ်ဘူး။ မလွယ်ပေါက်တွေက ရှိသေးတယ်။ အဲဒီမှာ စစ်သားတွေချထားပြီး ပေးမဝင်တော့ဘူး။ သူ့နိုင်ငံသားတွေက သုံးဆူဘက်မဆင်းဖို့၊ ကိုယ့်နိုင်ငံသားတွေက သူဆီကိုမဝင်ဖို့ အဲဒီလိုတားလိုက်တယ်။”

ဘုရားသုံးဆူဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဘုရားတောင်စခန်းကုန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တက်ရောက်သိမ်းပိုက်ခဲ့ပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။ ဦးသိန်းလွင်ကတော့ အခုလိုပြောပါတယ်။

“မနက် ၅ နာရီလောက်ကစဖြစ်တယ်။ မိနစ် ၃၀ လောက်ကြာတယ်။ ဒုရင်းမှူး တယောက်အပါအဝင် ၁၁ ယောက်ကျတယ်။ လက်နက်တော့ ၁၃ လက်ရတယ်။”

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ညနေပိုင်းအထိ လေယာဉ်တွေနဲ့ကင်းထောက်နေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

နှစ်ဘက်တိုက်ပွဲတွေအတွင်း သေဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်လို့တော့ VOA က သီးခြားအတည်မပြုနိုင်သေးပါဘူးရှင်။

XS
SM
MD
LG