သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်စီးပွါးရေးဆု အမေရိကန်စီးပွါးရေးပညာရှင် သုံးဦးပူးတွဲရရှိ


၂၀၂၂ ခုနှစ်အတွက် စီးပွါးရေးဆိုင်ရာ နိုဘဲလ်ဆုရှင်များ။ 
၂၀၂၂ ခုနှစ်အတွက် စီးပွါးရေးဆိုင်ရာ နိုဘဲလ်ဆုရှင်များ။ 

[[Zawgyi/Unicode]]

ဒီနှစ်အတွက် စီးပွါးရေးဆိုင်ရာ နိုဘဲလ်ဆုကို အမေရိကန် စီးပွါးရေးပညာရှင် သုံးယောက်က ပူးတွဲရရှိသွားကြပါတယ်။ ဘဏ်နဲ့ငွေကြေးအကျပ်အတည်းဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအတွက် ချီးမြှင့်တာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ဆိုပါတယ်။

၁၉၃၀ ခုနှစ်တွေအတွင်းက စီးပွါးပျက်ကပ် ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ငွေကြေး အကျပ်အတည်းတွေကြုံခဲ့ရပေမယ့် ကောင်းကောင်း စီမံခန့်ခွဲနိုင်ခဲ့တာဟာ ခု ဆုရခဲ့တဲ့ပညာရှင်တွေရဲ့ ဘဏ်နဲ့ငွေကြေးဆိုင်ရာ သုတေသနတွေကြောင့် ဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကောက်မတီက ပြောပါတယ်။

ဆုရ စီးပွါးရေးပညာရှင်သုံးယောက်ကတော့ Ben Bernanke၊ Douglas Diamond နဲ့ Philip Dybvig တို့ ဖြစ်ကြပါတယ်။

Ben Bernanke ဟာ အမေရိကန်သမ္မတ ဂျော့်ချ်ဘုရှ်နဲ့ အိုဘားမားတို့လက်ထက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဆုရရှိတဲ့အချိန်မှာတော့ ဝါရှင်တန်ဒီစီ အခြေစိုက် Brookings Institute မှာ စီးပွါးရေးပညာရှင်အဖြစ် သုတေသန ဆောင်ရွက်နေပါတယ်။

Douglas Diamond ဟာ ချီကာဂိုတက္ကသိုလ်က ငွေကြေးဆိုင်ရာပါမောက္ခ တယောက်ဖြစ်ပြီး သူ့ရဲ့ သုတေသနကို အခြားသော ပညာရှင်နဲ့ ဘာသာရပ်လေ့လာသူတွေက ကိုးကားကြတဲ့ အကြိမ်ပေါင်း ၆ သောင်းနီးနီးရှိတဲ့ စီးပွါးရေးပညာရှင် ဖြစ်ပါတယ်။

Philip Dybvig ကတော့ အမေရိကန်နိုင်ငံ၊ Missouri ပြည်နယ်၊ St. Louis မြို့ Washington တက္ကသိုလ်က ငွေကြေးနဲ့စီးပွါးရေးပါမောက္ခတယောက် ဖြစ်ပါတယ်။ သူ့ရဲ့သုတေသနတွေကို အခြားသောပညာရှင်နဲ့ ဘာသာရပ်လေ့လာသူတွေက ကိုးကားကြတဲ့အကြိမ်ပေါင်း ၂ သောင်းကျော်ရှိတဲ့ ပါမောက္ခ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]








XS
SM
MD
LG