သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး အက်ဥ္းေထာင္က ျပန္လြတ္  


လူအခြင့္အေရးလႈပ္ရွားသူနဲ႔ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ႐ံုးခ်ိန္းတခုမွာေတြ႔ရစဥ္

[[Zawgyi/Unicode]]

စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္း ဖမ္းဆီးခံခဲ့ရတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး နဲ႔ အဆိုေတာ္ ေစာဖိုးခြား ဒီကေန႔ ျပန္လည္လြတ္ေျမာက္ လာတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။ ဒါေပမဲ့ အဆိုေတာ္ ေစာဖိုးခြားကိုေတာ့ ျပန္လႊတ္တဲ့ အင္းစိန္ေထာင္ဗူးဝမွာပဲ စြဲဆိုခ်က္သစ္တခုနဲ႔ ေထာင္ထဲ ျပန္ေခၚသြားတယ္လို႔ နီးစပ္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ကိုေစာဖိုးခြားက ၅၀၅ အမႈ လြတ္တယ္။ ဒါေပမဲ့ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒပုဒ္မတခုနဲ႔ထပ္စြဲလို႔ အလႊတ္ျပ အင္းစိန္ေထာင္အခ်ဳပ္ကို ပို႔တယ္လို႔ သိရတယ္။ ကိုေစာဖိုးခြားက မလြတ္ဘူး။ ေနာက္အမႈထပ္တက္တယ္ေပါ့။ ဘာပုဒ္မလဲ မသိေသးဘူး။ အၾကမ္းပဲ သိေသးတာ။ လူထြက္မလာေတာ့ ဘာနဲ႔စြဲလဲ မသိရေသးဘူး။ တရားခြင္ထြက္တာမဟုတ္ဘူးေလ။”

အဆိုေတာ္ ေစာဖိုးခြားနဲ႔ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးတို႔ကို စစ္ေကာင္စီက ပုဒ္မ ၅၀၅ (ခ) နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္စီ ခ်မွတ္ထားတာ ျဖစ္ၿပီး မင္းထင္ကိုကိုႀကီးကေတာ့ တႏွစ္ေက်ာ္ၾကာ ခ်ဳပ္ေႏွာင္ခံရၿပီးတဲ့ေနာက္ ဒီကေန႔ ျပန္လြတ္လာတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္းမွာပဲ ဖမ္းဆီးခံရသူေတြထဲ အာဏာရ NLD ပါတီက ေခါင္းေဆာင္တခ်ိဳ႕အျပင္ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီး၊ ၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုျမေအး၊ စာေရးဆရာ ေမာင္သာခ်ိဳ၊ အဆိုေတာ္ ေစာဖိုးခြားနဲ႔ ဗကသ ေက်ာင္းသားေခါင္းေဆာင္ ကိုမင္းေသြးသစ္တို႔ ပါဝင္ပါတယ္။ အဲဒီထဲ ကိုမင္းေသြးသစ္ကေတာ့ ျပန္လည္ လြတ္ေျမာက္ခဲ့ၿပီး ျဖစ္ပါတယ္။

ေအေအပီပီ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ႕ စာရင္းအရ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ တက္ႂကြလႈပ္ရွားသူနဲ႔ ဆႏၵျပသူ ၁၆,၀၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရၿပီး ၁၃,၀၀၀ နီးပါး အက်ဥ္းေထာင္ေတြထဲ ဆက္လက္ ဖမ္းဆီးခံေနရဆဲ ျဖစ္ပါတယ္။ စစ္ေကာင္စီကေတာ့ AAPP ရဲ႕ သတင္းေတြဟာ ခ်ဲ႕ကား ေဖာ္ျပတာလို႔ တံု႔ျပန္ေလ့ရွိပါတယ္။ အာဆီယံအပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကေတာ့ ျမန္မာစစ္ေကာင္စီအေနနဲ႔ ဖမ္းဆီးထိမ္းသိမ္းထားတဲ့ ႏိုင္ငံေရး အက်ဥ္းသားေတြကို ျပန္လႊတ္ဖို႔ ေတာင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အကျဉ်းထောင်က ပြန်လွတ်

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နဲ့ အဆိုတော် စောဖိုးခွား ဒီကနေ့ ပြန်လည်လွတ်မြောက် လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ အဆိုတော် စောဖိုးခွားကိုတော့ ပြန်လွှတ်တဲ့ အင်းစိန်ထောင်ဗူးဝမှာပဲ စွဲဆိုချက်သစ်တခုနဲ့ ထောင်ထဲ ပြန်ခေါ်သွားတယ်လို့ နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကိုစောဖိုးခွားက ၅၀၅ အမှု လွတ်တယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတခုနဲ့ထပ်စွဲလို့ အလွှတ်ပြ အင်းစိန်ထောင်အချုပ်ကို ပို့တယ်လို့ သိရတယ်။ ကိုစောဖိုးခွားက မလွတ်ဘူး။ နောက်အမှုထပ်တက်တယ်ပေါ့။ ဘာပုဒ်မလဲ မသိသေးဘူး။ အကြမ်းပဲ သိသေးတာ။ လူထွက်မလာတော့ ဘာနဲ့စွဲလဲ မသိရသေးဘူး။ တရားခွင်ထွက်တာမဟုတ်ဘူးလေ။”

အဆိုတော် စောဖိုးခွားနဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ထားတာ ဖြစ်ပြီး မင်းထင်ကိုကိုကြီးကတော့ တနှစ်ကျော်ကြာ ချုပ်နှောင်ခံရပြီးတဲ့နောက် ဒီကနေ့ ပြန်လွတ်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ ဖမ်းဆီးခံရသူတွေထဲ အာဏာရ NLD ပါတီက ခေါင်းဆောင်တချို့အပြင် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာ မောင်သာချို၊ အဆိုတော် စောဖိုးခွားနဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်တို့ ပါဝင်ပါတယ်။ အဲဒီထဲ ကိုမင်းသွေးသစ်ကတော့ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းပြီးနောက် တက်ကြွလှုပ်ရှားသူနဲ့ ဆန္ဒပြသူ ၁၆,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၁၃,၀၀၀ နီးပါး အကျဉ်းထောင်တွေထဲ ဆက်လက် ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ သတင်းတွေဟာ ချဲ့ကား ဖော်ပြတာလို့ တုံ့ပြန်လေ့ရှိပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ မြန်မာစစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ တောင်းဆိုနေပါတယ်။

XS
SM
MD
LG