သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမင္းျခံ ထိန္ပန္းရြာ တိုက္ပြဲေၾကာင့္ အရပ္သား ထိခိုက္ဒဏ္ရာရ


စစ္ကိုင္းတုိင္း၊ ခင္ဦးၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၁၇ ရက္ကေန ၂၈ ရက္အထိ ျမန္မာစစ္တပ္ နယ္ေျမရွင္းလင္းေရးအတြင္း မီးေလာင္ျပာက်ခဲ့တဲ့ ေနအိမ္မ်ား။ (ဓာတ္ပံု-CJ)

[[Zawgyi/Unicode]]

မႏၲေလး ျမင္းၿခံၿမိဳ႕နယ္ ထိန္ပန္း႐ြာမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ႏွစ္ဘက္ အျပန္အလွန္ ပစ္ခတ္မႈမွာ အရပ္သားတခ်ိဳ႕ ထိခိုက္မႈရွိခဲ့ပါတယ္။ စစ္ကိုင္း ခင္ဦးၿမိဳ႕နယ္က ေက်း႐ြာေတြမွာေတာ့ ျမန္မာစစ္ေကာင္စီတပ္ရဲ႕ ၁၁ ရက္တာ နယ္ေျမရွင္းလင္းမႈ စစ္ဆင္ေရးအတြင္း အရပ္သားေနအိမ္ ၇၀၀ ေက်ာ္ မီးေလာင္ၿပီး အရပ္သား ၁၃ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။ မႏၲေလးနဲ႔ စစ္ကိုင္းတိုင္းအတြင္းက စစ္မက္အေျခအေန ရန္ကုန္သတင္းေပးပို႔တာကို ကိုေအာင္ေအာင္က တင္ျပေပးထားပါတယ္။

မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္ ထိန္ပန္း႐ြာ စာသင္ေက်ာင္းမွာ တပ္စြဲထားတဲ့ ျမန္မာစစ္ေကာင္စီတပ္ကို ႏိုဝင္ဘာ ၂၈ ရက္ ညေနပိုင္းမွာ ေဒသခံကာကြယ္ေရးအဖြဲ႔ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တနာရီၾကာ ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ခဲ့ပါတယ္။ ပစ္ခတ္မႈေၾကာင့္ ေဒသခံ ေက်း႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ၾကရသလို အရပ္သား ၃ ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံ ေက်း႐ြာသားတဦးက အခုလိုေျပာပါတယ္။

“ညေန ၄ နာရီေလာက္ ႐ြာထိပ္မွာ စာသင္ေက်ာင္းရွိတယ္။ စာသင္ေက်ာင္းထဲမွာ သူပစ္ကိုယ္ပစ္ေပါ့။ ၁ နာရီခြဲေလာက္ ၾကာတယ္။ ကေလးလူႀကီး အကုန္ေျပးေနရတယ္။ ႐ြာထဲမွာ တေယာက္မွ မက်န္ေတာ့ဘူး။ ထိန္ပန္း႐ြာရဲ႕ ေတာင္ဘက္ ႐ြာသစ္ ကလည္း အဲ့လိုပဲ ေျပးေနရတာေပါ့။ ေတာေတြထဲ ထြက္ၿပီး ေရွာင္ေနရတာေပါ့။ ဒဏ္ရာရတာက ၃ ေယာက္ေပါ့။ သူတို႔ (ျမန္မာစစ္တပ္) ပစ္လိုက္လို႔ ျမင္းၿခံေဆး႐ုံမွာ လက္နက္ႀကီးထိလို႔ေပါ့။”

လက္ရွိအခ်ိန္မွာ ျမန္မာစစ္တပ္ဟာ တပ္အင္အား ထပ္ျဖည့္ၿပီး ထိန္ပန္း႐ြာထဲမွာ ဆက္လက္တပ္စြဲထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႏိုဝင္ဘာ ၈ ရက္ကလည္း ျမင္းၿခံၿမိဳ႕ ပ်ားေက်း႐ြာမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ကို ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ႏွစ္ဘက္အျပန္အလွန္ ပစ္ခတ္ခဲ့ပါေသးတယ္။

ဒါက မႏၲေလးတိုင္းက အေျခအေနပါ။ စစ္ကိုင္းတိုင္း ခင္းဦးၿမိဳ႕နယ္မွာဆိုရင္လည္း ႏိုဝင္ဘာ ၁၇ ရက္ကေန ႏိုဝင္ဘာ ၂၈ တနလၤာေန႔အထိ ျမန္မာ စစ္တပ္နယ္ေျမရွင္းလင္းမႈေတြအတြင္း ေက်း႐ြာ ၁၂ ႐ြာက ေနအိမ္ ၇၀၀ ေက်ာ္ မီးေလာင္ဆုံးရႈံးခဲ့ၿပီး အရပ္သား ၁၃ ဦးအထိ ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ေနအိမ္ေတြ မီးရႈိ႕ခံရၿပီး အရပ္သားေတြ ေသဆုံးတာနဲ႔ ပတ္သက္လို႔ ခင္ဦး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕က တာဝန္ရွိသူတဦးက သူတို႔ ေကာက္ယူထားတဲ့ စာရင္းေတြအရ အခုလိုေျပာပါတယ္။

“ေက်း႐ြာေပါင္းက ၁၂ ႐ြာ အိမ္ေျခေပါင္းက ၇၇၇ လုံးေပါ့။ ဖမ္းဆီးသတ္ျဖတ္ခံရတဲ့ ရဲေဘာ္ကေတာ့ ၁၀ ဦးရွိတယ္။ ျပည္သူကေတာ့ ၁၂ ဦး။ ျပည္သူ ၁၂ ဦးအျပင္ ေနာက္ထပ္ စိတ္က်န္းမာေရးမေကာင္းတဲ့ အမ်ိဳးသား ၁ ဦးေပါ့၊ အားလုံးေပါင္း ၂၃ ဦးရွိတယ္။ ေက်း႐ြာေပါင္းက ၂၀ ေက်ာ္ ၃၀ ဝန္းက်င္အထိကို ထြက္ေျပးတိမ္းေရွာင္ေနၾကရတာျဖစ္တဲ့အတြက္ ဒီ ၁၀ ရက္တာအတြင္းမွာဆိုရင္ စစ္ေဘးေရွာင္ဦးေရ ၁၈,၀၀၀/၂၀,၀၀၀ ဝန္းက်င္အထိရွိခဲ့တယ္ေပါ့။ ၁၂ ႐ြာက မီးရႈိ႕ခံရတာျဖစ္တဲ့အတြက္ အိမ္ျပန္ေရာက္တဲ့အခါမွာ အဝတ္တထည္ ကိုယ္တခုနဲ႔ ေနစရာ စားစရာမရွိ ျဖစ္ေနတယ္ေပါ့။”

ေသဆုံးတဲ့ အရပ္သား ၁၃ ဦးထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ ၂ ဦးပါဝင္ၿပီး အမ်ားစုဟာ လက္နက္ႀကီး ထိမွန္ တာေတြအျပင္ ေနအိမ္ေတြထဲ မီးေလာင္ၿပီး ေသဆုံးခဲ့ရတာပါ။ ဒီအခ်က္အလက္ေတြဟာ ေဒသခံကာကြယ္ေရးေတြဘက္က ေကာက္ယူထားတဲ့ စာရင္းေတြပါ။ ဒီစာရင္းေတြနဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ စစ္ေကာင္စီ ျပန္ၾကားေရးထုတ္ျပန္ခ်က္ေတြထဲမွာေတာ့ စစ္ကိုင္းတိုင္းအတြင္း ေက်း႐ြာေနအိမ္တခ်ိဳ႕ကို KIA နဲ႔ PDF ေတြက မီးရႈိ႕ဖ်က္ဆီးမႈေတြလုပ္တာရွိတယ္လို႔ တန္ျပန္စြပ္စြဲထားပါတယ္။

စစ္ေကာင္စီရဲ႕ နယ္ေျမရွင္းလင္းမႈလုပ္ရာမွာ ကက္သလစ္ဂိုဏ္းခ်ဳပ္ ကာဒီနယ္ခ်ားလ္စ္ေမာင္ဘို ေမြးဖြားရာဇာတိျဖစ္တဲ့ မုံလွေက်း႐ြာလည္းပါဝင္ခဲ့ၿပီး မုံလွေက်း႐ြာကို ျမန္မာစစ္တပ္က ေဝဟင္ေကာ ေျမျပင္ကပါ ပစ္ခတ္တာေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ေလၾကာင္းပစ္ခတ္မႈေၾကာင့္ ေနအိမ္ေတြ မီးေလာင္ခဲ့တဲ့အျပင္ ကာဒီနယ္လႉဒါန္းထားတဲ့ ေက်း႐ြာ အထက္တန္းေက်ာင္းပါ မီးေလာင္ပ်က္စီးခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

မြင်းခြံ ထိန်ပန်းရွာ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရ

မန္တလေး မြင်းခြံမြို့နယ် ထိန်ပန်းရွာမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုမှာ အရပ်သားတချို့ ထိခိုက်မှုရှိခဲ့ပါတယ်။ စစ်ကိုင်း ခင်ဦးမြို့နယ်က ကျေးရွာတွေမှာတော့ မြန်မာစစ်ကောင်စီတပ်ရဲ့ ၁၁ ရက်တာ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း အရပ်သားနေအိမ် ၇၀၀ ကျော် မီးလောင်ပြီး အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်မက်အခြေအနေ ရန်ကုန်သတင်းပေးပို့တာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ထိန်ပန်းရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တနာရီကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်ကြရသလို အရပ်သား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“ညနေ ၄ နာရီလောက် ရွာထိပ်မှာ စာသင်ကျောင်းရှိတယ်။ စာသင်ကျောင်းထဲမှာ သူပစ်ကိုယ်ပစ်ပေါ့။ ၁ နာရီခွဲလောက် ကြာတယ်။ ကလေးလူကြီး အကုန်ပြေးနေရတယ်။ ရွာထဲမှာ တယောက်မှ မကျန်တော့ဘူး။ ထိန်ပန်းရွာရဲ့ တောင်ဘက် ရွာသစ် ကလည်း အဲ့လိုပဲ ပြေးနေရတာပေါ့။ တောတွေထဲ ထွက်ပြီး ရှောင်နေရတာပေါ့။ ဒဏ်ရာရတာက ၃ ယောက်ပေါ့။ သူတို့ (မြန်မာစစ်တပ်) ပစ်လိုက်လို့ မြင်းခြံဆေးရုံမှာ လက်နက်ကြီးထိလို့ပေါ့။”

လက်ရှိအချိန်မှာ မြန်မာစစ်တပ်ဟာ တပ်အင်အား ထပ်ဖြည့်ပြီး ထိန်ပန်းရွာထဲမှာ ဆက်လက်တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်ကလည်း မြင်းခြံမြို့ ပျားကျေးရွာမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ပါသေးတယ်။

ဒါက မန္တလေးတိုင်းက အခြေအနေပါ။ စစ်ကိုင်းတိုင်း ခင်းဦးမြို့နယ်မှာဆိုရင်လည်း နိုဝင်ဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၂၈ တနင်္လာနေ့အထိ မြန်မာ စစ်တပ်နယ်မြေရှင်းလင်းမှုတွေအတွင်း ကျေးရွာ ၁၂ ရွာက နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁၃ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရပြီး အရပ်သားတွေ သေဆုံးတာနဲ့ ပတ်သက်လို့ ခင်ဦး ဒေသခံကာကွယ်ရေး တပ်ဖွဲ့က တာဝန်ရှိသူတဦးက သူတို့ ကောက်ယူထားတဲ့ စာရင်းတွေအရ အခုလိုပြောပါတယ်။

“ကျေးရွာပေါင်းက ၁၂ ရွာ အိမ်ခြေပေါင်းက ၇၇၇ လုံးပေါ့။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ရဲဘော်ကတော့ ၁၀ ဦးရှိတယ်။ ပြည်သူကတော့ ၁၂ ဦး။ ပြည်သူ ၁၂ ဦးအပြင် နောက်ထပ် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးပေါ့၊ အားလုံးပေါင်း ၂၃ ဦးရှိတယ်။ ကျေးရွာပေါင်းက ၂၀ ကျော် ၃၀ ဝန်းကျင်အထိကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်တဲ့အတွက် ဒီ ၁၀ ရက်တာအတွင်းမှာဆိုရင် စစ်ဘေးရှောင်ဦးရေ ၁၈,၀၀၀/၂၀,၀၀၀ ဝန်းကျင်အထိရှိခဲ့တယ်ပေါ့။ ၁၂ ရွာက မီးရှို့ခံရတာဖြစ်တဲ့အတွက် အိမ်ပြန်ရောက်တဲ့အခါမှာ အဝတ်တထည် ကိုယ်တခုနဲ့ နေစရာ စားစရာမရှိ ဖြစ်နေတယ်ပေါ့။”

သေဆုံးတဲ့ အရပ်သား ၁၃ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦးပါဝင်ပြီး အများစုဟာ လက်နက်ကြီး ထိမှန် တာတွေအပြင် နေအိမ်တွေထဲ မီးလောင်ပြီး သေဆုံးခဲ့ရတာပါ။ ဒီအချက်အလက်တွေဟာ ဒေသခံကာကွယ်ရေးတွေဘက်က ကောက်ယူထားတဲ့ စာရင်းတွေပါ။ ဒီစာရင်းတွေနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီ ပြန်ကြားရေးထုတ်ပြန်ချက်တွေထဲမှာတော့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာနေအိမ်တချို့ကို KIA နဲ့ PDF တွေက မီးရှို့ဖျက်ဆီးမှုတွေလုပ်တာရှိတယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုလုပ်ရာမှာ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ်ချားလ်စ်မောင်ဘို မွေးဖွားရာဇာတိဖြစ်တဲ့ မုံလှကျေးရွာလည်းပါဝင်ခဲ့ပြီး မုံလှကျေးရွာကို မြန်မာစစ်တပ်က ဝေဟင်ကော မြေပြင်ကပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လေကြာင်းပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ခဲ့တဲ့အပြင် ကာဒီနယ်လှူဒါန်းထားတဲ့ ကျေးရွာ အထက်တန်းကျောင်းပါ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG