သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဥက္ကဋ္ဌနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ နေပြည်တော်မှာတွေ့



နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဦးဆောင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး (ဇွန် ၁၃၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဦးဆောင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေး (ဇွန် ၁၃၊ ၂၀၂၂/ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပါတယ်။ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အပေါ် လက်ခံရေး လက်မခံရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားအဖွဲ့တွေကြား သဘောထားကွဲလွဲမှုတွေ ပေါ်နေသလို နေရာဒေသအနှံ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့လုံးနဲ့ နေပြည်တော်မှာ တွေ့ဆုံတာပါ။ ပြီးခဲ့တဲ့ မေလကနေ သြဂုတ်လအတွင်း အဖွဲ့တချို့နဲ့ တဖွဲ့ ချင်းဆီ တွေ့ဆုံခဲ့ပြီး အခု ဒုတိယအကြော့မှာ သုံးဖွဲ့လုံးနဲ့ တကြိမ်တည်းဆွေးနွေးတာပါ။ ဆွေးနွေးပွဲအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LUD က ခေါင်းဆောင်တွေကို နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ဒီမနက် ၁၀ နာရီလောက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌဘက်က အဓိက ဆွေးနွေးတဲ့အချက်တွေကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPရဲ့ ဒုဥက္ကဋ္ဌ စောမြရာဇာလင်းက VOA ကို အခုလို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံတော်အတွက် ရည်မှန်းချက် ၂ ခုရှိတယ်ဆိုတာကို ရှင်းပြပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ အဲဒါပြီးရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတခု တည်ဆောက်ရေးကို အဓိက ရည်ရွယ်တယ်။ ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် သွားချင်တယ်။ အဲလိုသွားတဲ့အချိန်မှာဆိုလို့ရှိရင် NCA ဟာ Frame တခုဖြစ်တယ်ပေါ့လေ။ ဒီ NCA ကို အခြေခံပြီးတော့မှ ဆွေးနွေးသင့်တယ်ဆိုတာမျိုးကို ရှင်းပြပါတယ်။ ပြီးလို့ရှိရင် Accord တွေကလည်း ၁၊ ၂၊ ၃ အထိကတော့ ရခဲ့ပြီးပြီ။ တိုင်းရင်းသားတွေနဲ့ ခေါင်းဆောင်ကြီးတွေနဲ့ စိတ်ရှည်လက်ရှည်တွေ့ဖို့ လိုတဲ့အကြောင်းကို ကျမတို့ကို ရှင်းပြပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဘက်က ပြန်လည် ဆွေးနွေးခဲ့တာတွေကိုလည်း အခုလို ဆက်ပြောပါတယ်။

“ကျမတို့ဘက်ကလည်း တပြည်လုံးအတိုင်းအတာအရ တိုက်ပွဲတွေနဲ့ ကျမတို့က အများကြီး ကြုံခဲ့ဖူးတယ်။ ကျမတို့က Dialogue က အရမ်းအရေးကြီးတယ်ဆိုတာမျိုး၊ စားပွဲပေါ်မှာ အဖြေရှာဖို့ လိုအပ် တယ်။ အဓိကအားဖြင့် တတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေး၊ တိုင်းပြည်ရဲ့ နိုင်ငံရေးခရီးကို ဆက်သွားတဲ့ နေရာမှာ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး ဒါတွေကို ကျမတို့ဘက်က သွားကြတဲ့ ပုဂ္ဂိုလ် များ အားလုံးက ကိုယ်စီ ကိုယ်စီ ရှင်းပြကြပါတယ်။ ပြောပြကြပါတယ်။”

၂ နာရီကြာ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပတ်သက်ပြီး သီးသန့်ဆွေးနွေးတာမရှိပေမယ့် အားလုံးနဲ့ တွေ့ဆုံဖို့ လိုအပ်တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးကြောင်း စောမြရာဇာလင်းက ပြောပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ရဲ့ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်ကလည်း ဒီကနေ့ ဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဓိကကတော့ NCA လမ်းကြောင်းအတိုင်း သွားမယ်ဆိုပြီးတော့ အဲဒီအကြောင်းကိုပဲ အဓိက ထားပြီး ဆွေးနွေးတယ်။ နောက်ပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်တွေ ချပေးမယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောပြတယ်။ ကျနော်တို့ကလည်း ဒီ NCA လမ်းကြောင်းအတိုင်းပဲ သွားဖို့ ကျနော် တို့အဖွဲ့က အဲလိုပဲ ပြောပြပေးတယ်။ ဒီပအိုဝ်းအဖွဲ့ကျတော့ လက်နက်ကိုင်စွဲပြီးတော့ တိုက်ခိုက်ပြီးတော့ ငြိမ်းချမ်းရေးယူဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက်ကြောင့် သူတို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသအတွင်းမှာတော့ ဒီ စစ်ပွဲတွေမဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်မယ့်အကြောင်းကိုပဲ ဆွေးနွေးကြတယ်။ အသေးစိတ်ဆွေးနွေးတာကျတော့ မနက်ဖြန် ၃ ရက်၊ ၄ ရက်ရှိသေးတာကိုး။ ”

လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့ဟာ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရေး မတက်ရောက်ရေးနဲ့ ပတ်သက်ပြီး အဖွဲ့ ၂ ခြမ်းကွဲခဲ့ပါတယ်။ ကျာခွန်ဆာ ခေါင်းဆောင်တဲ့အဖွဲ့က လက်ရှိ နေပြည်တော်ကို တက်ရောက်နေတဲ့ ကျာဆော်လမွန်ခေါင်းဆောင်တဲ့အဖွဲ့ကို တရားမဝင်ကြောင် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိ ဆွေးနွေးပွဲမှာတော့ စစ်ကောင်စီနဲ့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးခဲ့တာ မရှိပါဘူး။

တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နောက်ထပ် ၃ ရက် ထပ်မံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီနှစ် ဧပြီလမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဘက်ကဖိတ်ခေါ်ခဲ့ရာမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုး ၇ ဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ၃ ဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ဒီဖိတ်ခေါ်ကမ်းလှမ်းတာကို NCA လက်မှတ်ထိုးအဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့အဖွဲ့တွေက လက်မခံခဲ့ပါဘူး။ NCA လက်မှတ် မထိုးတဲ့အဖွဲ့တွေထဲက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၊ မြန်မာအမျိုးသား အမှန်တရားနဲ့ တရားမျှတရေးပါတီ MNTJP/MNDAA ကိုးကန့်အဖွဲ့တွေလည်း ငြင်းပယ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်မခံတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]




ဒီတှေ့ဆုံပှဲမှာ စဈကောငျစီဥက်ကဋ်ဌဘကျက အဓိက ဆှေးနှေးတဲ့အခကြျတှကေို ရခိုငျပွညျလှတျမွောကျရေးပါတီ ALPရဲ့ ဒုဥက်ကဋ်ဌ စောမွရာဇာလငျးက VOA ကို အခုလို ပွောပါတယျ။














XS
SM
MD
LG