သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အတြင္း တပ္ျပင္ထြက္ခြင့္တင္းၾကပ္မႈ လူမႈေရးနဲ႔ စားဝတ္ေနေရးအခက္ႀကဳံ (စစ္ေရးသုံးသပ္သူ)


စစ္အုပ္ခ်ဳပ္မႈ ဆန္႔က်င္ကန္႔ကြက္ပြဲေတြ ႏွိမ္နင္းတဲ့ကာလအတြင္း လမ္းေတြေပၚေတြ႔ျမင္ခဲ့ရတဲ့ ျမန္မာစစ္သားမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္အတြင္း တပ္ျပင္ထြက္ခြင့္ တင္းၾကပ္မႈေတြေၾကာင့္ လူမႈေရးနဲ႔ စားဝတ္ေနေရးအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ စစ္တပ္နဲ႔နီးစပ္သူေတြကေျပာေနၾကပါတယ္။ ေနျပည္ေတာ္စစ္တိုင္း၊ တပ္ကုန္းၿမိဳ႕နယ္ သေျပေခ်ာင္းေက်း႐ြာ က ေဆးသုေတသနတပ္ရဲ႕ တပ္ၾကပ္ႀကီးစာေရးမတဦး မိဘအိမ္အျပန္လမ္းမွာ ေအာက္တိုဘာလ ၃ ရက္ေန႔က အဖမ္းခံလိုက္ရတယ္လို႔ ေနျပည္ေတာ္ စစ္တပ္အသိုင္းအဝိုင္းနဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရကိုေမးခဲ့ေပမဲ့ အေၾကာင္းျပန္ၾကားတာ မရွိေသးပါဘူး။ စစ္ေရးသုံးသပ္သူေတြကေတာ့ တပ္ျပင္ထြက္ခြင့္ Out pass ကို ေအာက္ေျခတပ္ေတြအလိုက္ ကာလတိုလုပ္ေလ့ရွိေပမယ့္ ကာလရွည္ေတာ့ ျဖစ္ခဲတယ္လို႔ ဆိုပါတယ္။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။
#ျမန္မာစစ္တပ္ #တပ္ျပင္ထြက္ခြင့္ #ကိုဝင္းမင္း လူမႈေရး

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာစစ်တပ်အတွင်း တပ်ပြင်ထွက်ခွင့်တင်းကြပ်မှု လူမှုရေးနဲ့ စားဝတ်နေရေးအခက်ကြုံ (စစ်ရေးသုံးသပ်သူ)

မြန်မာစစ်တပ်အတွင်း တပ်ပြင်ထွက်ခွင့် တင်းကြပ်မှုတွေကြောင့် လူမှုရေးနဲ့ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေကပြောနေကြပါတယ်။ နေပြည်တော်စစ်တိုင်း၊ တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ က ဆေးသုတေသနတပ်ရဲ့ တပ်ကြပ်ကြီးစာရေးမတဦး မိဘအိမ်အပြန်လမ်းမှာ အောက်တိုဘာလ ၃ ရက်နေ့က အဖမ်းခံလိုက်ရတယ်လို့ နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရကိုမေးခဲ့ပေမဲ့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။ စစ်ရေးသုံးသပ်သူတွေကတော့ တပ်ပြင်ထွက်ခွင့် Out pass ကို အောက်ခြေတပ်တွေအလိုက် ကာလတိုလုပ်လေ့ရှိပေမယ့် ကာလရှည်တော့ ဖြစ်ခဲတယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာစစ်တပ် #တပ်ပြင်ထွက်ခွင့် #ကိုဝင်းမင်း လူမှုရေး

XS
SM
MD
LG