သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အရာရွိေတြ ဂ်ပန္မွာ ေခၚယူသင္တန္းေပးတာ ရပ္မည္


စစ္အာဏာသိမ္းၿပီးတလအၾကာမွာ စစ္အာဏာသိမ္းမႈဆန္႔က်င္ကန္႔ကြက္သူေတြကိုအသင့္အေနအထားနဲ႔ လိုက္ပါေစာင့္ၾကည့္ေနတဲ့ ျမန္မာ့တပ္မေတာ္သားမ်ား။ ( ေဖေဖၚဝါရီလ ၂၈ ရက္၊ ၂၀၂၁)

[[Zawgyi/Unicode]]

ဂ်ပန္ကာကြယ္ေရးဌာနသင္တန္းေက်ာင္းေတြမွာ ျမန္မာစစ္တပ္ကအရာရွိေတြကို ေခၚယူ သင္တန္းေပးေနတာေတြ ေရွ႕ႏွစ္ကစလို႔ ေနာက္ထပ္ သင္တန္းသား ေခၚယူတာေတြ မလုပ္ေတာ့ဘူးလို႔ ဂ်ပန္ကာကြယ္ေရးဌာနက ေျပာပါတယ္။

၂၀၂၁ ခုႏွစ္မွာ အာဏာသိမ္းယူခဲ့တဲ့ ျမန္မာစစ္တပ္ဟာ ဒီမိုကေရစီေရး တက္ႂကြလႈပ္ ရွားသူ ၄ ဦးကို ကြပ္မ်က္ခဲ့သလို ျမန္မာႏိုင္ငံတြင္း အေျခအေနေတြနဲ႔ပတ္သက္လို႔ အထူးစိုးရိမ္ေၾကာင္းနဲ႔ ဒီလို အေျခအေနမွာ ျမန္မာစစ္တပ္နဲ႔ စစ္ဘက္ဆိုင္ရာ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္မႈေတြ ဆက္လုပ္ဖို႔ မသင့္ေတာ္တာေၾကာင့္ ခုလို ရပ္ဆိုင္းမွာ ျဖစ္တယ္လို႔ ဂ်ပန္ကာကြယ္ေရးဌာန ေျပာခြင့္ရ Kenji Aoki က သတင္းစာ ရွင္းလင္းပြဲအတြင္း ေျပာဆိုခဲ့တာကို ဂ်ပန္သတင္းေတြက ဒီကေန႔ ေဖာ္ျပၾကပါတယ္။

ဂ်ပန္ အမ်ိဳးသား စစ္သင္တန္းေက်ာင္းနဲ႔ ကာကြယ္ေရးဌာနတခ်ိဳ႕မွာ လတ္တေလာ သင္တန္းတက္ေနတဲ့ ျမန္မာစစ္သင္တန္းသား ၁၁ ေယာက္ ရွိေနၿပီး သူတို႔ကိုေတာ့ သင္တန္းၿပီးတဲ့အထိ ဆက္ လက္ခံထားမွာျဖစ္ေပမယ့္ ေနာက္ထပ္ သင္တန္းသားသစ္ လက္ခံတာေတြကိုေတာ့ ရပ္ဆိုင္းမယ့္အေၾကာင္း ေျပာခြင့္ရ Kenji Aoki က ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီဘက္ကေတာ့ တစံုတရာ တံု႔ျပန္တာ မေတြ႕ရေသးပါဘူး။

ဂ်ပန္အစိုးရကေတာ့ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တန္႔ၿပီး ေတြ႔ ဆံု ေဆြးေႏြး အေျဖရွာမႈေတြကေနတဆင့္ ဒီမိုကေရစီစနစ္ ျပန္လည္ တည္ေဆာက္ဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာစစ်တပ်အရာရှိတွေ ဂျပန်မှာ ခေါ်ယူသင်တန်းပေးတာ ရပ်မည်

ဂျပန်ကာကွယ်ရေးဌာနသင်တန်းကျောင်းတွေမှာ မြန်မာစစ်တပ်ကအရာရှိတွေကို ခေါ်ယူ သင်တန်းပေးနေတာတွေ ရှေ့နှစ်ကစလို့ နောက်ထပ် သင်တန်းသား ခေါ်ယူတာတွေ မလုပ်တော့ဘူးလို့ ဂျပန်ကာကွယ်ရေးဌာနက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီရေး တက်ကြွလှုပ် ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့သလို မြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ ဒီလို အခြေအနေမှာ မြန်မာစစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်တာကြောင့် ခုလို ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဌာန ပြောခွင့်ရ Kenji Aoki က သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာကို ဂျပန်သတင်းတွေက ဒီကနေ့ ဖော်ပြကြပါတယ်။

ဂျပန် အမျိုးသား စစ်သင်တန်းကျောင်းနဲ့ ကာကွယ်ရေးဌာနတချို့မှာ လတ်တလော သင်တန်းတက်နေတဲ့ မြန်မာစစ်သင်တန်းသား ၁၁ ယောက် ရှိနေပြီး သူတို့ကိုတော့ သင်တန်းပြီးတဲ့အထိ ဆက် လက်ခံထားမှာဖြစ်ပေမယ့် နောက်ထပ် သင်တန်းသားသစ် လက်ခံတာတွေကိုတော့ ရပ်ဆိုင်းမယ့်အကြောင်း ပြောခွင့်ရ Kenji Aoki က ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်ကတော့ တစုံတရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။

ဂျပန်အစိုးရကတော့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တွေ့ ဆုံ ဆွေးနွေး အဖြေရှာမှုတွေကနေတဆင့် ဒီမိုကရေစီစနစ် ပြန်လည် တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG