သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူးယစ္တိုက္ဖ်က္ေရး သေဘာတူညီခ်က္ မလိုက္နာတဲ့ ႏိုင္ငံစာရင္းထဲ ျမန္မာကို ကန္ထည့္သြင္း 


[[Zawgyi/Unicode]]

မူးယစ္ေဆးဝါး အဓိက ထုတ္လုပ္၊ ျဖတ္သန္းသယ္ယူတဲ႔ ႏိုင္ငံစာရင္း အေမရိကန္ ထုတ္ျပန္ရာမွာ ျမန္မာလည္း ထိပ္ဆံုးထဲ ပါခဲ့ပါတယ္။

ဒီစာရင္းပါ ႏိုင္ငံ ၂၀ ေက်ာ္ထဲ ျမန္မာ၊ အာဖဂန္နစၥတန္၊ ဘိုလီဗီးယားနဲ႔ ဗင္နီဇြဲလား ၄ ႏိုင္ငံကေတာ့၊ ၿပီးခဲ့တဲ့ ၁၂ လထဲ ႏိုင္ငံတကာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး သေဘာတူခ်က္ေတြကို လိုက္ နာေဆာင္ရြက္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ အိမ္ျဖဴေတာ္က သတ္မွတ္လိုက္ပါတယ္။

ျမန္မာအပါအဝင္ ဒီ ၄ ႏိုင္ငံကို ပူးေပါင္းေဆာင္ရြက္ဖို႔ ပ်က္ကြက္တဲ့ ႏိုင္ငံေတြအျဖစ္ သီးျခားေဖၚျပခဲ့ေပမယ့္ ထည့္သြင္းထာတဲ့ႏိုင္ငံအားလံုးက မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးပူးေပါင္းမႈ အေျခအေနကို ေဖၚျပတာေတာ့မဟုတ္ဘူးလို႔ အစီရင္ခံစာမွာ ေရးထားပါတယ္။

၂၀၂၃ ဘတ္ဂ်က္ႏွစ္အတြက္ တရားမဝင္ မူးယစ္ေဆးဝါး အဓိက ထုတ္လုပ္တဲ့ႏိုင္ငံေတြ ဒါမွမဟုတ္ အဓိက ျဖတ္သန္းသယ္ယူတဲ့ ဒီႏိုင္ငံေတြစာရင္းကို သမၼတအိမ္ျဖဴေတာ္က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဆီ မေန႔က မွတ္တမ္းစာအျဖစ္ ေပးပို႔ခဲ့ပါတယ္။

ဒီစာရင္းထဲပါခဲ့တဲ့ အာရွႏိုင္ငံေတြကေတာ့ ျမန္မာအျပင္၊ အိႏၵိယ၊ လာအို၊ ပါကစၥတန္တု႔ိျဖစ္ပါတယ္။ ေနာက္ထပ္ပါတာေတြကေတာ့ မကၠဆီကို၊ ကိုလမ္ဘီယာ၊ ဂ်ေမကာ၊ ေဟတီ၊ ပနားမား၊ ပီ႐ုး၊ နီကြာရာဂါ၊ ဂြာတီမာလာ၊ အယ္လ္ဆာေဗဒို၊ Ecuador ၊ ဟႊန္ဒူးရပ္စ္၊ Costa Rica ၊ Dominican Republic တို႔ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြကလည္း ျမန္မာ၊ ဘိုလီဗီးယား၊ ဗင္နီးဇြဲလား ႏိုင္ငံေတြကို မူးယစ္ေဆးဝါးတိုက္ဖ်က္ ေရးမွာ ေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္ျခင္း မရွိတဲ့ ႏိုင္ငံေတြအျဖစ္ အေမရိကန္က သတ္မွတ္ခဲ့ပါေသးတယ္။

ျမန္မာနဲ႔ အေမရိကန္အၾကား ဘိန္းအထြက္ႏႈန္း တိုင္းထြာေစာင့္ၾကည့္ေရး စီမံခ်က္ကို ၂၀၀၄ ခုႏွစ္ မွာ ရပ္ဆိုင္းခဲ့ေပမယ့္ ၂၀၁၃ ခုႏွစ္မွာ ျပန္စဖို႔ လက္မွတ္ေရးထိုးခဲ့ၿပီး ၂၁၀၉ ႏွစ္အထိ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရး အေထာက္အကူပစၥည္းေတြ ျမန္မာရဲတပ္ဖြဲ႔ကုိ ကူညီခဲ့ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မူးယစ်တိုက်ဖျက်ရေး သဘောတူညီချက် မလိုက်နာတဲ့ နိုင်ငံစာရင်းထဲ မြန်မာကို ကန်ထည့်သွင်း

မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်၊ ဖြတ်သန်းသယ်ယူတဲ့ နိုင်ငံစာရင်း အမေရိကန် ထုတ်ပြန်ရာမှာ မြန်မာလည်း ထိပ်ဆုံးထဲ ပါခဲ့ပါတယ်။

ဒီစာရင်းပါ နိုင်ငံ ၂၀ ကျော်ထဲ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘိုလီဗီးယားနဲ့ ဗင်နီဇွဲလား ၄ နိုင်ငံကတော့၊ ပြီးခဲ့တဲ့ ၁၂ လထဲ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူချက်တွေကို လိုက် နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အိမ်ဖြူတော်က သတ်မှတ်လိုက်ပါတယ်။

မြန်မာအပါအဝင် ဒီ ၄ နိုင်ငံကို ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ နိုင်ငံတွေအဖြစ် သီးခြားဖေါ်ပြခဲ့ပေမယ့် ထည့်သွင်းထာတဲ့နိုင်ငံအားလုံးက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းမှု အခြေအနေကို ဖေါ်ပြတာတော့မဟုတ်ဘူးလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

၂၀၂၃ ဘတ်ဂျက်နှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့နိုင်ငံတွေ ဒါမှမဟုတ် အဓိက ဖြတ်သန်းသယ်ယူတဲ့ ဒီနိုင်ငံတွေစာရင်းကို သမ္မတအိမ်ဖြူတော်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ မနေ့က မှတ်တမ်းစာအဖြစ် ပေးပို့ခဲ့ပါတယ်။

ဒီစာရင်းထဲပါခဲ့တဲ့ အာရှနိုင်ငံတွေကတော့ မြန်မာအပြင်၊ အိန္ဒိယ၊ လာအို၊ ပါကစ္စတန်တု့ိဖြစ်ပါတယ်။ နောက်ထပ်ပါတာတွေကတော့ မက္ကဆီကို၊ ကိုလမ်ဘီယာ၊ ဂျမေကာ၊ ဟေတီ၊ ပနားမား၊ ပီရုး၊ နီကွာရာဂါ၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေဒို၊ Ecuador ၊ ဟွှန်ဒူးရပ်စ်၊ Costa Rica ၊ Dominican Republic တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း မြန်မာ၊ ဘိုလီဗီးယား၊ ဗင်နီးဇွဲလား နိုင်ငံတွေကို မူးယစ်ဆေးဝါးတိုက်ဖျက် ရေးမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်း မရှိတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်က သတ်မှတ်ခဲ့ပါသေးတယ်။

မြန်မာနဲ့ အမေရိကန်အကြား ဘိန်းအထွက်နှုန်း တိုင်းထွာစောင့်ကြည့်ရေး စီမံချက်ကို ၂၀၀၄ ခုနှစ် မှာ ရပ်ဆိုင်းခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ပြန်စဖို့ လက်မှတ်ရေးထိုးခဲ့ပြီး ၂၁၀၉ နှစ်အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထောက်အကူပစ္စည်းတွေ မြန်မာရဲတပ်ဖွဲ့ကို ကူညီခဲ့ပါတယ် ခင်ဗျာ။

XS
SM
MD
LG