သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာေပါင္ခ်ိန္စက္ရံုအလုပ္သမား ၂၆ ေယာက္ အလုပ္ထုတ္ခံရ 


ေရႊျပည္သာရွိ အထည္ခ်ဳပ္စက္႐ံုတခုျမင္ကြင္း။ ၁၈ စက္တင္ဘာ ၂၀၁၅


[[Zawgyi/Unicode]]

နာမည္ႀကီး Adidas တံဆိပ္အထည္ေတြကို ခ်ဳပ္လုပ္ေပးေနတဲ့ ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ျမန္မာေပါင္ခ်ိန္ အထည္ခ်ဳပ္စက္႐ုံက ဆႏၵျပမႈကို ဦးေဆာင္ခဲ့တဲ့ အလုပ္သမား ၂၆ ေယာက္ အလုပ္ထုတ္ခံလိုက္ရပါတယ္။ စက္႐ုံက နစ္နာေၾကးကမ္းလွမ္းေပမဲ့ အလုပ္သမားေတြက ကမ္းလွမ္းမႈကိုလက္မခံဘဲ အလုပ္ျပန္ရဖို႔အတြက္ စက္႐ုံနဲ႔ ညႇိႏႈိင္းသြားမယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုဝင္းခန္႔ေမာင္က တင္ျပေပးထားပါတယ္။

အေျခခံလုပ္ခလစာတိုးေပးဖို႔ ဦးေဆာင္ေတာင္းဆိုခဲ့ၾကတဲ့ အလုပ္သမား၂၆ ေယာက္ကို အလုပ္ထုတ္လိုက္ၿပီလို႔ ျမန္မာေပါင္ခ်ိန္စက္႐ုံက ဒီေန႔ အသိေပးလိုက္ပါတယ္။ ေ႐ႊျပည္သာၿမိဳ႕နယ္ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနမွာ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈကို ဒီေန႔ ေနာက္ဆုံးအႀကိမ္ စစ္ေဆးခဲ့ၿပီးတဲ့ေနာက္ ႐ုံးခ်ိန္းအၿပီးမွာ စက္႐ုံဘက္က အလုပ္သမား၂၆ ေယာက္ကို အလုပ္ကထုတ္ပယ္လိုက္ၿပီလို႔ အလုပ္ရွင္က ေျပာလိုက္တာ ျဖစ္ပါတယ္။ အလုပ္ထုတ္ခံလိုက္ရတဲ့ အလုပ္သမားတဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

"ညီမတို႔ကို EC စာခ်ဳပ္နဲ႔ၿငိတယ္ဆိုၿပီး စက္႐ုံဘက္က ညီမတို႔ကိုတိုင္ထားတာေလ။ အခုက အမႈက ဘယ္လိုမွမေပၚတဲ့အတြက္ ညီမတို႔က ႐ုံးခ်ိန္း ၃ ခ်ိန္းလည္း ျပည့္သြားၿပီ ျဖစ္တဲ့အတြက္ ညီမတို႔က နစ္နာသူေလ၊ နစ္နာသူျဖစ္တဲ့အတြက္ ညီမတို႔က စက္႐ုံကို ျပန္ၿပီးေတာ့တရားစြဲလို႔ရတယ္။ ညီမတို႔ကို EC စာခ်ဳပ္နဲ႔မၿငိဘဲ ၿငိတယ္ဆိုၿပီး တရားစြဲလို႔ရသလိုမ်ိဳးေပါ့။"

EC ဆိုတာက အလုပ္ရွင္ အလုပ္သမားစာခ်ဳပ္ကို ေျပာတာျဖစ္ပါတယ္။ ျမန္မာေပါင္ခ်ိန္ စက္႐ုံဘက္က နစ္နာေၾကးသုံးလစာေပးသြားမယ္လို႔ ေျပာေပမဲ့ အလုပ္သမားေတြကေတာ့ အလုပ္ျပန္ရႏိုင္ဖို႔ စက္႐ုံနဲ႔ညႇိႏႈိင္းသြားမယ္လို႔ ေျပာပါတယ္။ ဥပေဒအတိုင္း တရား႐ုံးမွာ အလုပ္သမားဘက္က တရားစြဲခြင့္ရွိေပမဲ့ အလုပ္သမားဘက္ကပဲ ပိုၿပီး နစ္နာႏိုင္ေျခရွိတယ္လို႔ သူကေျပာပါတယ္။

" အလုပ္သမားဘက္ကေန ႏိုင္ေျခကနည္းတယ္။ ဘယ္ေလာက္ပဲ ကိုယ့္ဘက္က မွန္ေန မွန္ေန၊ ေငြမ်ားတရားႏိုင္ေခတ္ဆိုတာ ေရာက္သြားတဲ့အတြက္ ညီမတို႔ ဘက္က ဒါေတြက ေမွ်ာ္လင့္ခ်က္က ပိုဆိုးတယ္ေပါ့ေနာ္ သိပ္မရွိဘူး။ အဲဒီေတာ့ ညီမတို႔က ညီမတို႔အဆင္ေျပမယ့္ Adidas နဲ႔ပဲ ညီမတို႔က ျပန္ၿပီးညႇိႏႈိင္းသြားမွာေပါ့။"

ျမန္မာေပါင္ခ်ိန္စက္႐ုံက အလုပ္သမားေထာင္နဲ႔ခ်ီ လည္ပတ္ေနတဲ့ Adidas ထုတ္ကုန္ေတြကို ခ်ဳပ္လုပ္ေပးေနတဲ့ ထိုင္ဝမ္ႏိုင္ငံသားပိုင္ စက္႐ုံျဖစ္ပါတယ္။ အခုႏွစ္ ေအာက္တိုဘာလကုန္ပိုင္းမွာ အလုပ္သမား ၂,၀၀၀ ေလာက္က လစာတိုးေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ ဦးေဆာင္တဲ့ အလုပ္သမားေခါင္းေဆာင္ ၂၆ ေယာက္ကို အလုပ္ကထုတ္ပစ္ဖို႔ စက္႐ုံဘက္က ႀကိဳးပမ္းခဲ့တာပါ။ Adidas ကေတာ့ ဒီအလုပ္သမား ၂၆ ေယာက္ကို အလုပ္ျပန္ခန႔္ေပးဖို႔ ျမန္မာေပါင္ခ်ိန္စက္႐ုံကို ေျပာၾကားခဲ့ေပမဲ့ ဒီေန႔အထိ ျပန္မခန႔္ေသးပါဘူး။

တႏိုင္ငံလုံးက အထည္ခ်ဳပ္လုပ္ငန္းေတြမွာ အလုပ္သမား ၄သိန္းေက်ာ္ လုပ္ကိုင္ေနၾကတယ္ဆိုေပမဲ့ အေျခခံတရက္လုပ္ခ ၄,၈၀၀ က်ပ္နဲ႔ မေလာက္ငတာေၾကာင့္ မၾကာခဏဆိုသလို ဆႏၵျပေတာင္းဆိုမႈေတြ အမ်ားအျပား ရွိေနပါတယ္။ တခ်ိဳ႕ ကလည္း ကြၽမ္းက်င္လုပ္သားအေနနဲ႔ ျပည္ပထြက္ၿပီး အလုပ္သြားလုပ္ၾကတာပါ။ ျမန္မာ အလုပ္သမားေရးဌာနက ဘက္ကေတာ့ စီးပြားေရး မေကာင္းေသးတာေၾကာင့္ လုပ္ခလစာေတြ တိုးျမႇင့္ေပးဖို႔ မစဥ္းစားေသးေၾကာင္း ဒီရက္ပိုင္းထဲမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================


[[Unicode]]

မြန်မာပေါင်ချိန်စက်ရုံအလုပ်သမား ၂၆ ယောက်အလုပ်ကထုတ်ခံရ

နာမည်ကြီး Adidas တံဆိပ်အထည်တွေကို ချုပ်လုပ်ပေးနေတဲ့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ မြန်မာပေါင်ချိန် အထည်ချုပ်စက်ရုံက ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ အလုပ်သမား ၂၆ ယောက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ စက်ရုံက နစ်နာကြေးကမ်းလှမ်းပေမဲ့ အလုပ်သမားတွေက ကမ်းလှမ်းမှုကိုလက်မခံဘဲ အလုပ်ပြန်ရဖို့အတွက် စက်ရုံနဲ့ ညှိနှိုင်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုဝင်းခန့်မောင်က တင်ပြပေးထားပါတယ်။

အခြေခံလုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား၂၆ ယောက်ကို အလုပ်ထုတ်လိုက်ပြီလို့ မြန်မာပေါင်ချိန်စက်ရုံက ဒီနေ့ အသိပေးလိုက်ပါတယ်။ ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ဒီနေ့ နောက်ဆုံးအကြိမ် စစ်ဆေးခဲ့ပြီးတဲ့နောက် ရုံးချိန်းအပြီးမှာ စက်ရုံဘက်က အလုပ်သမား၂၆ ယောက်ကို အလုပ်ကထုတ်ပယ်လိုက်ပြီလို့ အလုပ်ရှင်က ပြောလိုက်တာ ဖြစ်ပါတယ်။ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ညီမတို့ကို EC စာချုပ်နဲ့ငြိတယ်ဆိုပြီး စက်ရုံဘက်က ညီမတို့ကိုတိုင်ထားတာလေ။ အခုက အမှုက ဘယ်လိုမှမပေါ်တဲ့အတွက် ညီမတို့က ရုံးချိန်း ၃ ချိန်းလည်း ပြည့်သွားပြီ ဖြစ်တဲ့အတွက် ညီမတို့က နစ်နာသူလေ၊ နစ်နာသူဖြစ်တဲ့အတွက် ညီမတို့က စက်ရုံကို ပြန်ပြီးတော့တရားစွဲလို့ရတယ်။ ညီမတို့ကို EC စာချုပ်နဲ့မငြိဘဲ ငြိတယ်ဆိုပြီး တရားစွဲလို့ရသလိုမျိုးပေါ့။"

EC ဆိုတာက အလုပ်ရှင် အလုပ်သမားစာချုပ်ကို ပြောတာဖြစ်ပါတယ်။ မြန်မာပေါင်ချိန် စက်ရုံဘက်က နစ်နာကြေးသုံးလစာပေးသွားမယ်လို့ ပြောပေမဲ့ အလုပ်သမားတွေကတော့ အလုပ်ပြန်ရနိုင်ဖို့ စက်ရုံနဲ့ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်။ ဥပဒေအတိုင်း တရားရုံးမှာ အလုပ်သမားဘက်က တရားစွဲခွင့်ရှိပေမဲ့ အလုပ်သမားဘက်ကပဲ ပိုပြီး နစ်နာနိုင်ခြေရှိတယ်လို့ သူကပြောပါတယ်။

" အလုပ်သမားဘက်ကနေ နိုင်ခြေကနည်းတယ်။ ဘယ်လောက်ပဲ ကိုယ့်ဘက်က မှန်နေ မှန်နေ၊ ငွေများတရားနိုင်ခေတ်ဆိုတာ ရောက်သွားတဲ့အတွက် ညီမတို့ ဘက်က ဒါတွေက မျှော်လင့်ချက်က ပိုဆိုးတယ်ပေါ့နော် သိပ်မရှိဘူး။ အဲဒီတော့ ညီမတို့က ညီမတို့အဆင်ပြေမယ့် Adidas နဲ့ပဲ ညီမတို့က ပြန်ပြီးညှိနှိုင်းသွားမှာပေါ့။"

မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားထောင်နဲ့ချီ လည်ပတ်နေတဲ့ Adidas ထုတ်ကုန်တွေကို ချုပ်လုပ်ပေးနေတဲ့ ထိုင်ဝမ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ အလုပ်သမား ၂,၀၀၀ လောက်က လစာတိုးပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဦးဆောင်တဲ့ အလုပ်သမားခေါင်းဆောင် ၂၆ ယောက်ကို အလုပ်ကထုတ်ပစ်ဖို့ စက်ရုံဘက်က ကြိုးပမ်းခဲ့တာပါ။ Adidas ကတော့ ဒီအလုပ်သမား ၂၆ ယောက်ကို အလုပ်ပြန်ခန့်ပေးဖို့ မြန်မာပေါင်ချိန်စက်ရုံကို ပြောကြားခဲ့ပေမဲ့ ဒီနေ့အထိ ပြန်မခန့်သေးပါဘူး။

တနိုင်ငံလုံးက အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမား ၄သိန်းကျော် လုပ်ကိုင်နေကြတယ်ဆိုပေမဲ့ အခြေခံတရက်လုပ်ခ ၄,၈၀၀ ကျပ်နဲ့ မလောက်ငတာကြောင့် မကြာခဏဆိုသလို ဆန္ဒပြတောင်းဆိုမှုတွေ အများအပြား ရှိနေပါတယ်။ တချို့ ကလည်း ကျွမ်းကျင်လုပ်သားအနေနဲ့ ပြည်ပထွက်ပြီး အလုပ်သွားလုပ်ကြတာပါ။ မြန်မာ အလုပ်သမားရေးဌာနက ဘက်ကတော့ စီးပွားရေး မကောင်းသေးတာကြောင့် လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ မစဉ်းစားသေးကြောင်း ဒီရက်ပိုင်းထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG