သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Australia ရောက်မြန်မာတွေ လူသားချင်းစာနာမှုအရ နေထိုင်ခွင့်လျှောက်နိုင် 


[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း လုံခြုံရေးနဲ့ ဆိုးဆိုးဝါးဝါးလူမှုရပ်တည်ရေးအခက်အခဲတွေကြောင့် ဩစတြေးလျနိုင်ငံကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှုအရ နေထိုင်ခွင့်ဗီဇာတွေ ဦးစားပေးသွားမယ်လို့ ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Andrew Giles က ထုတ်ပြန်ကြေညာပါတယ်။ ဩစတြေးလျနိုင်ငံအတွင်းကို နိုင်ငံကူးဗီဇာနဲ့ရောက်လာပြီး လက်ရှိနေထိုင်နေတဲ့ မြန်မာလူမျိုးတွေအတွက် ပြည်ထဲရေးဌာနရဲ့ ဦးစားပေး အကာအကွယ်ရယူမှု လျှောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။

ဒီအတွက် နေထိုင်ခွင့်သက်တမ်းတိုးဖို့ ဗီဇာလျှောက်ထားရာမှာ အချိန်နဲ့စာရွက်စာတမ်းလိုအပ်ချက်ကိစ္စတွေ လျှော့သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ၂၀၂၁ ဖေဖော်ဝါရီလ ရွေးကောက်ခံအစိုးရဆီက စစ်တပ်က အာဏာသိမ်းယူပြီးကတည်းကဆိုရင် ဩစတြေးလျမှာရောက်နေပြီးသား မြန်မာလူမျိုး ၈၀၀ ထက်မနည်း ခိုလှုံခွင့်လျှောက်ထားတယ်လို့ ဩစတြေးလျ ABC သတင်းဌာနက ဖော်ပြပါတယ်။

အခုလို ဩစတြေးလျပြည်တွင်းရောက်နှင့်ပြီးသား မြန်မာလူမျိုးတွေအတွက် အကာအကွယ်ပေးရေးဗီဇာတွေ ဆောင်ရွက်ပေးဖို့ရှိသလိုပဲ ဘန်ကောက်မှာရှိတဲ့ UNHCR နဲ့ နီးနီးကပ်ကပ်လုပ်ကိုင်ပြီး ပြည်ပကလာမယ့် အခြေချနေထိုင်ရေးအစီအစဉ်တွေမှာလည်း မြန်မာလူမျိုးတွေကို ထိပ်တန်းဦးစားပေးဆောင်ရွက်နေတယ်လို့လည်း ဩစတြေးလျဝန်ကြီးရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွေအတွက် လူသားချင်းစာနာကူညီမှုအရ ၂၀၂၂-၂၃ ခုနှစ်အတွင်း ဩစတြေးလျဒေါ်လာ ၁၃၅ သန်း ထောက်ပံ့သွားမယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က မနေ့က ကြေညာထုတ်ပြန်ခဲ့ပါတယ်။

ဒီအထောက်အပံ့တွေကို တကယ်လိုအပ်တဲ့သူတွေဆီကို တိုက်ရိုက်ရောက်ရှိအောင် ဆောင်ရွက်မှာဖြစ်ပြီး ဒါဟာ မြန်မာစစ်ကောင်စီကို အကျိုးဖြစ်စေဖို့ ဒါမှမဟုတ် တရားဝင်မှုရစေဖို့ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံဟာ အရင်တုန်းက ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံ့ကူညီခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG